Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

အဝတ်ဗလာနဲ့ Live လွှင့်ခဲ့လို့ ရဲဖမ်းခံရတဲ့ ထိုင်းအွန်လိုင်းဆယ်လီ

ထိုင်းအွန်လိုင်းစာမျက်နှာတွေမှာ Follower 150000 နဲ့ နာမည်ရနေတဲ့ ပွန်ပ လို့ အမည်ရတဲ့ ထိုင်းအွန်လိုင်းမင်းသမီးကို ညစ်ညမ်းဗွီဒီယိုဖိုင် တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ သူမဟာ အသက်မပြည့်သေးတဲ့ ပရိသတ်တွေပါဝင်နေမှန်းသိသိကြီးနဲ့ အဝတ်အစားတွေ ချွတ်ကာ ကပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွန်ပန် က ဒီလို ပြုမူရခြင်းဟာ လောင်းကစားကုမ္မဏီတစ်ခုက ငွေအမြောက်အများပေးပြီး ကမ်းလှမ်းခဲ့လို့ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် 26 နှစ်ရှိပြီဖြစ်တဲ့ ပွန်ပ ဟာ ယခင်ကလည်း အမြင်အားဖြင့် အပြာဆန်တဲ့ ဓာတ်ပုံတွေကြောင့် အွန်လိုင်းမှာ နာမည်ကြီးလာသူဖြစ်ပြီး ” Net Idol “လို့တောင် ခေါ်ဝေါ်ခြင်း ခံရသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ Live လွှင့်ပြီး မကြာမီမှာပဲ နည်းပညာအက်ဥပဒေ၊ ကွန်ပျူတာအက်ဥပဒေများနဲ့ ပွန်ပန် ကို ဖမ်းဆီးခဲ့ပါတယ်။ သူမဟာ အင်တာနက်ကွန်ယက်ပေါ်မှာ Mayple ဆိုတဲ့ အမည်ကို သုံးကာ ဖျော်ဖြေမှုတွေ လုပ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ဒီကိစ္စအတွက် ဒဏ်ငွေဖြင့်သာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ သူမ ဆောင်ခဲ့ရတဲ့ ဒဏ်ငွေကတော့ (11 ပေါင် သာ တန်ကြေးရှိ)ပါတယ်။

ပွန်ပန် က ဒီလို အဝတ်ချွတ်ပြီး ကပြဖို့အတွက် လောင်းကစားကုမ္မဏီကြီးက သူမကို မိနစ် 30 အတွက် ပေါင် 70 ပေးခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ ယခုနောက်ပိုင်း ထိုင်းအမျိုးသမီးတစ်ချို့ဟာ ဒီလို စပွန်ဆာခိုင်ခိုင်မာမာနဲ့ အဝတ်ချွတ်ကပြချင်းတွေ ရှိလာလို့ ထိုင်းရဲတပ်ဖွဲ့က မျက်ခြေမပျက် စောင့်ကြည့်နေရကြောင်း ထုတ်ပြန်ထားပါတယ်။

အချို့ မိန်းကလေးတစ်ချို့မှာ တစ်လလျှင် ပေါင် 5000 အထိ ရရှိပြီး၊ တစ်ရက်ကို စုစုပေါင် နှစ်နာရီလောက်သာ ကပြရလေ့ရှိပါတယ်။ ဒါကြောင့် ငွေဝင်ကြမ်းလွန်းတဲ့ ဒီအလုပ်ကို မိန်းကလေးတော်တော်များများ အလွယ်တစ်ကူ လုပ်ကိုင်လာမှာကို အကြီးအကဲတွေက စိုးရိမ်နေကြပါတယ်။

share from:burmese.asia

LEAVE A REPLY