Zawgyi ျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံက Facebook Page တစ္ခုကေန ေမြးကင္းစကေလးေလးေတြရဲ႕ ပုံေတြကိုတင္ၿပီး အြန္လိုင္းမွာ ေငြေၾကးနဲ႔ ျပန္ေရာင္းခ်ေနတဲ့အတြက္ အြန္လိုင္းသုံးသူေတြအားလုံး အံ့ၾသ႐ုံမွ်မက ေဒါသကပါ ယမ္းပုံေပၚ မီးက်သလို ေပါက္ကြဲခဲ့ပါတယ္။

ကေလးနီတာရဲေလးေတြကို လူမဆန္စြာ ပုံေတြတင္ထားၿပီး ေခြးေလး ေၾကာင္ေလးေတြ ေရာင္းသလိုမ်ိဳး တစ္ေယာက္ကို ထိုင္းဘတ္ ၁၅,၀၀၀ (က်ပ္ ၇ သိန္းခြဲဝန္းက်င္)နဲ႔ ေဈးကြက္တင္ ေရာင္းခ်ေနခဲ့ပါတယ္။

Club V.10 ေပ့ခ်္(ယခုေတာ့ ပိတ္ၿပီးေျပး) ရဲ႕ အက္ဒမင္က ကေလးမလိုခ်င္ပဲ ကိုယ္ဝန္ရလာတဲ့ အမ်ိဳးသမီးေတြရဲ႕ ကေလးေတြကို အြန္လိုင္းမွာ ေဈးျဖတ္ၿပီး ျပန္တင္ေရာင္းေနတာျဖစ္ပါတယ္။ ကေလးေမြးစား(ဝယ္)ခ်င္ၾကတဲ့သူေတြအေနနဲ႔ ေငြေပးေခ်ရမယ့္စနစ္ေတြ၊ အလွည့္က်ေစာင့္ဆိုင္းရမယ့္ ပုံစံေတြကိုပါ ေဖာ္ျပထားပါတယ္။ (ကေလးေတြကိုမ်ား စက္႐ုံထုတ္ပစၥည္းမ်ား မွတ္ေနသလားပဲ)

 

ဒါ့အျပင္ အခုလိုမ်ိဳး အြန္လိုင္းေပၚကေန ကေလးဝယ္ေရာင္း လုပ္တာဟာ လူကုန္ကူးမႈဥပေဒနဲ႔ ကင္းလြတ္တယ္လို႔ ေျပာင္ေျပာင္တင္းတင္း ေဖာ္ျပထားပါေသးတယ္။ အမွန္တစ္ကယ္ဆိုရင္ေတာ့ သူမ်ားကေလးကို ေမြးစားတယ္ဆိုတာ တရားဝင္နည္းလမ္းအရဆိုရင္ အဆင့္ေတြက အေတာ္ေလး ရႈပ္ေထြးပါတယ္။ စာ႐ြက္စာတမ္းအေထာက္အထားေတြ၊ ကေလးအတြက္ ေဘးအႏၲရာယ္လုံၿခဳံပါတယ္ဆိုတဲ့ ကတိကဝတ္ေတြ အမ်ားႀကီးကို ျဖတ္ေက်ာ္ေဆာင္႐ြက္ၿပီးမွ ေမြးစားခြင့္ရတာပါ။
အခုလိုမ်ိဳး “ဒီကေလး ႀကိဳက္လား..?”” ႀကိဳက္ရင္ ပိုက္ဆံလႊဲ၊ ကေလးလာယူ” ဆိုတဲ့ပုံစံမ်ိဳးက လူက်င့္ဝတ္နဲ႔ နည္းနည္းမွ မညီသလို လူသားကေလးေတြကို တိရိစာၦန္ေလးေတြ ေရာင္းဝယ္ေဖာက္ကားသလိုမ်ိဳး ျပဳလုပ္ေနတာကေတာ့ လုံးဝမျဖစ္သင့္တဲ့ ကိစၥျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ V.10 page ဟာ ေဝဖန္မႈေပါင္းမ်ားစြာနဲ႔ အရမ္းပ်ံ႕ႏွံ႔သြားခဲ့တဲ့အတြက္ အက္ဒမင္ကိုယ္တိုင္ အေကာင့္ပိတ္ၿပီး လစ္ေျပးသြားခဲ့ပါတယ္။
သားသမီးမရလို႔ ကေလးေမြးစားခ်င္သူေတြအေနနဲ႔လည္း အခုလို တရားမဝင္နည္းလမ္းနဲ႔ ကေလးေတြကို မဝယ္ယူၾကပဲ ကေလးေမြးစားႏိုင္ဖို႔ ဝန္ေဆာင္မႈေပးေနတဲ့ ေအဂ်င္စီေတြကေနတစ္ဆင့္သာ တရားဝင္ ေမြးစားဖို႔ တိုက္တြန္းထားပါတယ္။

ဒါ့အျပင္ အေပ်ာ္အပါးေတာ့ ဝါသနာပါၿပီး ကေလးမရခ်င္တဲ့ အမ်ိဳးသမီးေတြအေနနဲ႔လည္း ႀကိဳတင္အကာအကြယ္ လုပ္ထားၾကဖို႔နဲ႔ အေၾကာင္းေၾကာင္းေၾကာင့္ ကိုယ္ဝန္ရွိၿပီး ကေလးေမြးလာခဲ့ရင္လည္း အခုလိုလူမ်ိဳးေတြရဲ႕ လက္ထဲမွာ ေရာင္းမစားၾကဖို႔ အြန္လိုင္းေပၚက လူေတြက တိုက္တြန္းထားၾကပါတယ္။

credit: popolay

Unicode ဖြင့်ဖတ်ရန်

ထိုင်းမှာ မွေးကင်းစကလေးတွေကို Facebook Page ထောင်ပြီးရောင်းချ

ထိုင်းနိုင်ငံက Facebook Page တစ်ခုကနေ မွေးကင်းစကလေးလေးတွေရဲ့ ပုံတွေကိုတင်ပြီး အွန်လိုင်းမှာ ငွေကြေးနဲ့ ပြန်ရောင်းချနေတဲ့အတွက် အွန်လိုင်းသုံးသူတွေအားလုံး အံ့သြရုံမျှမက ဒေါသကပါ ယမ်းပုံပေါ် မီးကျသလို ပေါက်ကွဲခဲ့ပါတယ်။

ကလေးနီတာရဲလေးတွေကို လူမဆန်စွာ ပုံတွေတင်ထားပြီး ခွေးလေး ကြောင်လေးတွေ ရောင်းသလိုမျိုး တစ်ယောက်ကို ထိုင်းဘတ် ၁၅,၀၀၀ (ကျပ် ၇ သိန်းခွဲဝန်းကျင်)နဲ့ ဈေးကွက်တင် ရောင်းချနေခဲ့ပါတယ်။

Club V.10 ပေ့ချ်(ယခုတော့ ပိတ်ပြီးပြေး) ရဲ့ အက်ဒမင်က ကလေးမလိုချင်ပဲ ကိုယ်ဝန်ရလာတဲ့ အမျိုးသမီးတွေရဲ့ ကလေးတွေကို အွန်လိုင်းမှာ ဈေးဖြတ်ပြီး ပြန်တင်ရောင်းနေတာဖြစ်ပါတယ်။ ကလေးမွေးစား(ဝယ်)ချင်ကြတဲ့သူတွေအနေနဲ့ ငွေပေးချေရမယ့်စနစ်တွေ၊ အလှည့်ကျစောင့်ဆိုင်းရမယ့် ပုံစံတွေကိုပါ ဖော်ပြထားပါတယ်။ (ကလေးတွေကိုများ စက်ရုံထုတ်ပစ္စည်းများ မှတ်နေသလားပဲ)

ဒါ့အပြင် အခုလိုမျိုး အွန်လိုင်းပေါ်ကနေ ကလေးဝယ်ရောင်း လုပ်တာဟာ လူကုန်ကူးမှုဥပဒေနဲ့ ကင်းလွတ်တယ်လို့ ပြောင်ပြောင်တင်းတင်း ဖော်ပြထားပါသေးတယ်။ အမှန်တစ်ကယ်ဆိုရင်တော့ သူများကလေးကို မွေးစားတယ်ဆိုတာ တရားဝင်နည်းလမ်းအရဆိုရင် အဆင့်တွေက အတော်လေး ရှုပ်ထွေးပါတယ်။ စာရွက်စာတမ်းအထောက်အထားတွေ၊ ကလေးအတွက် ဘေးအန္တရာယ်လုံခြုံပါတယ်ဆိုတဲ့ ကတိကဝတ်တွေ အများကြီးကို ဖြတ်ကျော်ဆောင်ရွက်ပြီးမှ မွေးစားခွင့်ရတာပါ။
အခုလိုမျိုး “ဒီကလေး ကြိုက်လား..?”” ကြိုက်ရင် ပိုက်ဆံလွှဲ၊ ကလေးလာယူ” ဆိုတဲ့ပုံစံမျိုးက လူကျင့်ဝတ်နဲ့ နည်းနည်းမှ မညီသလို လူသားကလေးတွေကို တိရိစ္ဆာန်လေးတွေ ရောင်းဝယ်ဖောက်ကားသလိုမျိုး ပြုလုပ်နေတာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။

ဒါကြောင့်မို့ V.10 page ဟာ ဝေဖန်မှုပေါင်းများစွာနဲ့ အရမ်းပျံ့နှံ့သွားခဲ့တဲ့အတွက် အက်ဒမင်ကိုယ်တိုင် အကောင့်ပိတ်ပြီး လစ်ပြေးသွားခဲ့ပါတယ်။
သားသမီးမရလို့ ကလေးမွေးစားချင်သူတွေအနေနဲ့လည်း အခုလို တရားမဝင်နည်းလမ်းနဲ့ ကလေးတွေကို မဝယ်ယူကြပဲ ကလေးမွေးစားနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတွေကနေတစ်ဆင့်သာ တရားဝင် မွေးစားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အပျော်အပါးတော့ ဝါသနာပါပြီး ကလေးမရချင်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း ကြိုတင်အကာအကွယ် လုပ်ထားကြဖို့နဲ့ အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ရှိပြီး ကလေးမွေးလာခဲ့ရင်လည်း အခုလိုလူမျိုးတွေရဲ့ လက်ထဲမှာ ရောင်းမစားကြဖို့ အွန်လိုင်းပေါ်က လူတွေက တိုက်တွန်းထားကြပါတယ်။

credit: popolay

LEAVE A REPLY