Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

နိုင်ခြေအဆင့် ၅ ရှိသည့် ဘူဂေးရီးယားကြက်တောင်မယ်ကို အိမ်ပြန်ပို့ကာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ သက်ထားသူဇာ

အသက် ၇ နှစ်အရွယ်ကတည်းက ကြက်တောင်အားကစားကို စတင်လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာပရိသတ်ကြီးရဲ့ အချစ်တော် ကြက်တောင်မယ်လေး သက်ထားသူဇာဟာ MALDIVES INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါပြီ….

ယနေ့ညနေပိုင်းမှာ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ MALDIVES INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲကြီးမှာ နိုင်ခြေအဆင့် ၅ ရှိတဲ့ ပြိုင်ဘက် ဘူဂေးရီးယားကြက်တောင်မယ် Linda ZETCHIRI ကို သက်ထားသူဇာက (၂၁-၈)၊ (၂၁-၁၁) နဲ့ ၂ ပွဲပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်တာပဲ ဖြစ်ပါတယ်….

ဒါဟာ တစ်နေ့တည်းမှာပဲ ပြိုင်ဘက်ကစားသမား ၂ ယောက်ကို အနိုင်ယူပြီး ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်… သက်ထားသူဇာဟာ မနက်ပိုင်းမှာ အိန္ဒိယကြက်တောင်မယ်ကို (၂၁-၁၀)၊(၂၁-၁၇) နဲ့ ၂ ပွဲပြတ်နိုင်ခဲ့ပြီး ညနေပိုင်းမှာပါ ဆက်တိုက် နိုင်ပွဲတစ်ခု ထပ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်…

သက်ထားသူဇာ ..ညီမလေးရေ…ဖိုင်နယ်ထိရောက်ပြီး ဗိုလ်စွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်…. ပရိသတ်ကြီးတို့လည်း သက်ထားသူဇာလေး ဖိုင်နယ်ရောက်ပြီး ဗိုလ်စွဲနိုင်ဖို့ အတွက် အားပေးစကားလေးတွေ ပြောခဲ့ကြပါအုံးနော်…

Writer – HW (Shwe Yaung Lan)

LEAVE A REPLY