Zawgyi ဖြင့်ဖတ်ရန်

 







Unicode ဖြင့်ဖတ်ရန်

ဆီးမီးမှာရှုံးခဲ့ပေမဲ့ ပန်းပန်နိုင်ခဲတဲ့ မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပတဲ့Maldives International Challenge 2019 ပြိုင်ပွဲမှာ ဗီယက်နမ်ကစားသမားကို ရှုံးနိမ့်ခဲ့ပြီး တတိယဆုပဲရခဲ့တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ နည်းပြဆရာဦးထွန်းထွန်းဇော်က ပြိုင်ပွဲမှာလည်း သက်ထားသူဇာဟာ သူ့ထက် ကမ္ဘာအဆင့်မြင့်မားတဲ့ ကစားသမားနှစ်ဦး နိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။ အခုပွဲမှာ တတိယဆုပဲ ရခဲ့ပေမယ့် သမီးဖြစ်သူရဲ့ လက်ရည် တိုးတက်လာတဲ့အတွက် အားရမိတယ်လို့ပြောပါတယ်။

တိုကျိုအိုလံပစ် (၂၀၂၀)ကို ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ကမ္ဘာ့အဆင့် (၁၀၀)အတွင်း သတ်မှတ်စံချိန်နဲ့ ဝင်ဖို့ လိုအပ်နေတဲ့ သက်ထားသူဇာဟာ ဒီပြိုင်ပွဲကိုနိုင်ခဲ့ရင် အဆင့်တွေပိုကောင်းလာမှာဖြစ်ပေမဲ့ မနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အကောင်းဆုံး လက်ရည်တူယှဉ်ကစားနိုင်အပြီးမှာတော့ ကမ္ဘာ့အဆင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

ဗီယက်နမ်ကစားသမား သီထရန်က သက်သားသူဇာကို နိုင်အပြီးမှာ ကမ္ဘာ့အဆင့် (၆၆)ကနေ (၆၄)ကိုပဲ တက်သွားခဲ့ပေမဲ့ သက်ထားသူဇာကတော့ အဆင့် (၇၀)ကနေ အောက်ကိုကျသွားရမယ့်အစား (၆၈)ကိုတက်လာခဲ့ပါတယ်။ ဒါကို ကြည့်ရင် သက်သားသူဇာရဲ့ လက်ရည်ကို ကမ္ဘာ့ကြက်တောင် အဖွဲ့ကလုံးဝလျှော့မတွက်ထားမှန်းသိသာနေပါတယ်။

ဒါ့အပြင် လက်ရှိဆင့်ဟာ သက်ထားသူဇာကို သတ်မှတ်ပေးသမျှတွေထဲမှာ လတ်တလောအမြင့်ဆုံးဖြစ်ပြီး၊ မကြာခင်မှာ အဆင့် (၅၀)အတွင်းကို ဝင်နိုင်တော့မှာပါ။ အသက်အရွယ်ငယ်လွန်းနေတဲ့ သက်ထားအအတွက် (၇)နှစ်လောက်အတွေ့အကြုံပိုများနေတဲ့ သီထရန်ကို အကောင်းဆုံးကစားအပြီးမှာ ဒီရလဒ်ကို ရခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

ချန်ပီယံ ဖြစ်သွားတဲ့ အမေရိကန် နိုင်ငံသူ အိုင်းရစ် ဝမ် ရဲ့ ဖြတ်သန်းမှု ပုံစံတွေက ၊ သက်ထားသူဇာ အတွက် နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရယူဖို့ နမူနာကောင်း တစ်ခုလဲ ဖြစ်မယ် ထင်ပါတယ်။ သူမရဲ့ စိတ်ပိုင်း ဆိုင်ရာ အရရော ၊ စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ အရပါ တိုးတက်လာတဲ့ ၊ သိသာ ထင်ရှားတဲ့ အချက်မျိုးဖြစ်ပြီး ၊ နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ယုံကြည်မှုတွေ ရသွားစေမှာလဲ သေချာပါတယ်။

share from : burmese.asia

LEAVE A REPLY