Zawgyi ဖြင့်ဖတ်ရန်

၁. ဆွစ်ဇာလန်


၂. Tuvalu


၃. နယူးဇီလန်


၎. ဘူတန်


၅ .ချီလီ


၆. Iceland


၇. ဒိန်းမတ်


၈. Malta


၉. အိုင်ယာလန်


၁၀. ဖူဂျီ


Writer- Min Thu ( XYZ News)

Unicode ဖြင့်ဖတ်ရန်

တတိယကမ္ဘာစစ်ကြီးဖြစ်ခဲ့ရင် သွားရောက်ခိုလှုံသင့်တဲ့ အန္တရာယ်အကင်းဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ

၁. ဆွစ်ဇာလန်

ဆွစ်ဇာလန်နိုင်ငံဟာ ပြင်သစ်ရယ် အီတလီရယ် ဂျာမနီရယ်ကြားမှာရှိနေတဲ့အတွက် အန္တရာယ်ရှိနိုင်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုပေမယ့်လည်း တောင်တန်းတွေကာရံထားတဲ့အတွက် လုံခြုံတဲ့နေရာတစ်ခုဖြစ်နေပါသေးတယ်။
ထို့အပြင် ဆွစ်ဇာလန်နိုင်ငံရဲ့စစ်တပ်ဟာ အင်အားကြီးမားလွန်တဲ့အပြင် ဗုံးကာကျင်းတွေလည်း အများအပြားရှိတာကြောင့် ကျူးကျော်မှုဖြစ်လာခဲ့ရင်တောင် အလုံခြုံဆုံးဖြစ်နေမယ့်နေရာတစ်ခုပါပဲ။

၂. Tuvalu

ပစိဖိတ်ပင်လယ်ထဲက သဘာဝကျွန်းတစ်ခုမှာတည်ထားတဲ့ Tuvalu Tuvalu နိုင်ငံဟာ အခြားကမ္ဘာပေါ်ကနိုင်ငံတွေနဲ့အလွန်ဝေးသီတဲ့နေရာမှာတည်ရှိတာဖြစ်ပါတယ်။
ဒီနိုင်ငံကလူတွေဟာ သီးခြားနေထိုင်ကြတဲ့အပြင် မက်မောလောက်စရာအဖိုးတန်သဘာဝပစ္စည်းတွေလည်းမရှိတဲ့အတွက် ဘယ်နိုင်ငံမှသူတို့ကိုတိုက်ခိုက်ဖို့စဉ်းစားမှာမဟုတ်ပါဘူး။

၃. နယူးဇီလန်

နယူးဇီလန်နိုင်ငံဟာ အလွန်ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် ဒီမိုကရေစီအပြည့်အဝရှိတဲ့နိုင်ငံဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ပဋိပက္ခဖြစ်မှုတွေကြားမှာဝင်ရောက်ခြင်းမရှိခဲ့ပါဘူး။
နယးဇီလန်နိုင်ငံဟာ တောင်ထူထပ်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် တကယ်လို့ ဒုံးကျည်တွေရောက်လာခဲ့မယ်ဆိုရင်တောင်မှ တောင်တွေကို အကာအကွယ်ယူပြီးပုန်းခိုနိုင်ပါတယ်။

၄. ဘူတန်

ဘူတန်နိုင်ငံဟာ ဟိမဝန္တာတောင်တန်းတွေကြီးကာရံထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် တတိယကမ္ဘာစစ်တဲ့အခါပုန်းခိုစရာအကောင်းဆုံးနိုင်ငံတစ်ခုဖြစ်နေပါတယ်။
၁၉၇၁ ခုနှစ်မှာ ဘူတန်ဟာ UN နဲ့ချိတ်ဆက်ခဲ့ပေမယ့် မည်သည့်နိုင်ငံနဲ့မှသံတမန်ရေးအရအဆက်အသွယ်မရှိပါဘူး။
ဘူတန်မှာနေထိုင်ခဲ့မယ်ဆိုရင် စစ်ပွဲမီးတွေကို ပူစရာမလိုသလို မြို့ထဲကလူတွေ တိုက်ခိုက်လာမှာကိုလည်းစိုးရိမ်စရာမရှိပါဘူး။

၅ .ချီလီ

ချီလီနိုင်ငံဟာလည်း တတိယကမ္ဘာစစ်အတွင်းမှာ ပုန်းခိုစရာအကောင်းဆုံးနိုင်ငံတစ်နိုင်ငံပါပဲ။
တောတောင်ပေါများတဲ့အတွက် အစားအသောက်ရနိုင်မယ့်အခွင့်အလမ်းများတဲ့အပြင် တတိယကမ္ဘာစစ်ဟာ နျူကလိယစစ်ပွဲဖြစ်လာနိုင်ချေရှိတဲ့အတွက်တောင်တန်းတွေကို အကာအကွယ်ယူပြီးပုန်းခိုဖို့အကောင်းဆုံးပါပဲ။

၆. Iceland

Iceland နိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အငြိမ်းချမ်းဆုံး နံပတ် ၁ နိုင်ငံအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။
Iceland နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ နယ်နိမိတ်ထိစပ်နေခြင်းမရှိတဲ့အပြင် တောင်တန်းတွေပေါများတဲ့အတွက် စစ်ပွဲဖြစ်လာရင် ရှောင်တိမ်းခိုအောင်းဖို့အကောင်းဆုံးနေရာပါပဲ။
ဒီနိုင်ငံမှာနေထိုင်တဲ့အခါ အနည်းငယ်ပူတာကိုခံစားရနိုင်ပေမယ့် စစ်မီးပူတာထက်တော့ ခံသာပါသေးတယ်။

၇. ဒိန်းမတ်

ဒိန်းမတ်နိုင်ငံဟာ မြောက်ပိုင်းသမုဒ္ဒရာကိစ္စတွေနဲ့ပတ်သတ်ပြီး NATO နဲ့ပြဿနာတက်ထားတဲ့အတွက် အကြီးအကျယ်ဖြစ်လာနိုင်ချေရှိတဲ့နေရာတစ်ခုဆိုပေမယ့်လည်း
ဒိန်းမတ်နိုင်ငံမှာရှိတဲ့ Greeland ကတော့ အလွန်ဝေးကွာလွန်းတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် စစ်ဘေးရှောင်ဖို့အကောင်းဆုံးနေရာတစ်ဖြစ်ပါတယ်။
တကယ်လို့ သင်ဒိန်းမတ်ရောက်နေတဲ့အချိန် တတိယကမ္ဘာစစ်ဖြစ်ပြီဆိုရင်တော့ Greenland ကိုသာပြေးပါတော့။

၈. Malta

Malta ဆိုတာကတော့ မက်ဒီတာရေးနီးယန်း ပင်လယ်ထဲက ကျွန်းလေးတစ်ကျွန်းပေါ်က နိုင်ငံတစ်နိုင်ငံပါ။
အလွန်သေးငယ်လွန်းတဲ့နိုင်ငံဖြစ်တဲ့အတွက် ဘယ်စစ်တပ်ကမှ ဒီနိုင်ငံကို သိမ်းဖို့ အမြှောက်ဆံသုံးမှာမဟုတ်ပါဘူး။
ဒီတော့ တတိယကမ္ဘာစစ်ဖြစ်ရင် ပုန်းခိုဖို့အကောင်းဆုံးနေရာတစ်ခုပေါ့။

၉. အိုင်ယာလန်

အိုင်ယာလန်နိုင်ငံဟာ အလွန်တိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့်လည်း နိုင်ငံရေးပဋိပက္ခကိစ္စတွေမှာ ပါဝင်ခြင်းမရှိခဲပါဘူး။
အိုင်ယာလန်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းမဟုတ်ပါဘူး။
ထို့အပြင် အိုင်ယာလန်နိုင်ငံဟာ စစ်သမိုင်းတစ်လျောက်မှာ ပါဝင်ခြင်းမရှိခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်
တတိယကမ္ဘာစစ်အတွင်းမှာ ပုန်းရှောင်ဖို့အကောင်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ထည့်သွင်းထားရတာပဲဖြစ်ပါတယ်။

၁၀. ဖူဂျီ

ပစိဖိတ်သမုဒ္ဒရာထဲတည်ရှိတဲ့ ဖူဂျီနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့အလွန်အလှမ်းကွာဝေးတဲ့ ကောင်းကင်ဘုံလေးတစ်ခုပဲဖြစ်ပါတယ်။
လူဦးရေနည်းပါးတဲ့အပြင် အဖိုးတန်သယံဇာတတွေလည်းထွက်ရှိခြင်းမရှိတဲ့အတွက် ဘယ်စစ်တပ်ကမှ အချိန်ကုန်ခံပြီးလာသိမ်းပိုက်မှာမဟုတ်ပါဘူး။
ဒီတော့ ဖူဂျီနိုင်ငံဟာ တတိယကမ္ဘာစစ်အတွင်းမှာ ခိုလှုံဖို့အကောင်းဆုံးနေရာတစ်နေရာပဲပေါ့

Writer- Min Thu ( XYZ News)

LEAVE A REPLY