Zawgyi ျဖင့္ဖတ္ရန္

တစ္ခ်ိန္က ကေလးေတြရဲ႕ ငယ္ဘ၀ အားလပ္ခ်ိန္ကို အပိုင္ယူလႊမ္းထားႏိုင္တဲ့ စာအုပ္စာေပေကာင္းျဖစ္တဲ့ “ၿမိဳင္ရာဇာ တြတ္ပီ” ကာတြန္းဟာ ကေလး ၊လူငယ္ေတြသာမက လူႀကီးေတြပါ ႀကိဳက္ႏွစ္ၿခိဳက္စြာ ဖတ္ရွဴရတဲ့ စြန႔္စားခန္း နဲ႔ ဟာသ ဆန္ဆန္ဇာတ္လမ္း အမ်ိဳးအစားျဖစ္ၿပီး သုတ နဲ႔ ရသ ႏွစ္မ်ိဳးလုံးကို ေပးစြမ္းႏိုင္တာပါ။ ကာတြန္းဇာတ္ေကာင္ကို ဖန္တီးခဲ့တဲ့ ဆရာ ကို ေဆြမင္း(ဓႏုျဖဴ) ကေတာ့ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေသာ္လည္း က်န္ရစ္ခဲ့တဲ့ ဇနီးသည္ အန္တီမို႔မို႔ဆန္ က ဆက္လက္ တာဝန္ယူကာ တြတ္ပီ ပရိသတ္မ်ားကို မ်က္ေျခမျပတ္ေစရန္ စာအုပ္မ်ားကို ဆက္လက္ထုတ္ေဝေပးခဲ့တာလည္းျဖစ္ပါတယ္။

လူႀကိဳက္မ်ားလွတဲ့ ၿမိဳင္ရာဇာ တြတ္ပီ ကာတြန္းဇာတ္လမ္းထဲက ဇာတ္ေကာင္မ်ားကို ျမန္မာ႐ုပ္ရွင္ေလာကမွ ထုတ္လုပ္ေရးနဲ႔ ဒါ႐ိုက္တာမ်ားက ျပန္လည္ဝယ္ယူကာ ႐ုပ္ရွင္အျဖစ္ ျပန္လည္ အသက္သြင္းကာ စုစုေပါင္း ႐ုပ္ရွင္ဇာတ္ကားေပါင္း (၅)ကားတိတိ ႐ိုက္ကူးခဲ့ၿပီးေနာက္မွာေတာ့ ႐ုပ္ရွင္ရဲ႕ အရည္အေသြး နဲ႔ ဖန္တီးတင္ဆက္မႈမ်ားကို သေဘာမက်တာေၾကာင့္ ဆက္လက္႐ိုက္ကူးခြင့္မျပဳေတာ့ဘူးလို႔ အန္တီ မို႔က ခုလို ဆိုထားပါတယ္။ၿမိဳင္ရာဇာ တြတ္ပီ ဇာတ္လမ္းနဲ႔ ပတ္သက္လို႔ ႐ုပ္ရွင္ထြက္ရွိဖို႔ မရွိေသာ္လည္း မၾကာခင္ မွာ 3D Animation နဲ႔ ဖန္တီးထားတဲ့ ကာတြန္းဇာတ္ကား ထြက္ရွိဖို႔ရွိေၾကာင္း အန္တီမို႔က ဆိုလာခဲ့ပါတယ္။

 

 

“ဂ်ပန္ရတနာသိုက္” ဆိုတဲ့ ဇာတ္လမ္းကို 3D Animation နည္းပညာနဲ႔ ပဲခူးက လူငယ္ေလးတစ္ေယာက္က သူ႔ရဲ႕ ကိုယ္ပိုင္ အလုပ္ကို ထြက္ကာ ႐ုပ္ထြက္နဲ႔ အရည္အေသြးေကာင္းဖို႔ အတြက္ အေသးစိတ္ ျဖစ္ေအာင္ဖန္တီးေနသလို အကုန္လုံးနီးပါးၿပီးသေလာက္ ရွိေနၿပီျဖစ္ေသာ္လည္း တစ္ေယာက္တည္း ဖန္တီးရတာမို႔ လိုအပ္ခ်က္တခ်ိဳ႕ နဲ႔ ေထာက္ပံ့မႈေတြ လိုအပ္ေနၿပီၤး အသံသြင္းဖို႔ တစ္ခုသာက်န္ေသာေၾကာင္း အန္တီမို႔က ခုလိုပဲ ေျပာျပလာပါတယ္။ ကေလး တြနဲ႔ လူႀကီးေတြကို အပန္းေျဖဖို႔ ရာ 3D-ကာတြန္း မၾကာခင္မွာ ထြက္ရွိလာေတာ့မွာျဖစ္သလို အားလုံးစိတ္ဝင္စားေနမွာျဖစ္တဲ့ ဒီကာတြန္းရဲ႕ အၾကမ္းထည္ Video ေလးကို ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မြိုင်ရာဇာတွတ်ပီကို ရုပ်ရှင်ရိုက်ကူးခွင့်မပြုထားပေမဲ့ 3D-ကာတွန်းထွက်လာဖို့ရှိတဲ့ဆိုတဲ့ ဆရာဆွေမင်းရဲ့ ဇနီး ဒေါ်မို့မို့ဆန် ( ရုပ်သံ )

တစ်ချိန်က ကလေးတွေရဲ့ ငယ်ဘ၀ အားလပ်ချိန်ကို အပိုင်ယူလွှမ်းထားနိုင်တဲ့ စာအုပ်စာပေကောင်းဖြစ်တဲ့ “မြိုင်ရာဇာ တွတ်ပီ” ကာတွန်းဟာ ကလေး ၊လူငယ်တွေသာမက လူကြီးတွေပါ ကြိုက်နှစ်ခြိုက်စွာ ဖတ်ရှူရတဲ့ စွန့်စားခန်း နဲ့ ဟာသ ဆန်ဆန်ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး သုတ နဲ့ ရသ နှစ်မျိုးလုံးကို ပေးစွမ်းနိုင်တာပါ။ ကာတွန်းဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ ဆရာ ကို ဆွေမင်း(ဓနုဖြူ) ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း ကျန်ရစ်ခဲ့တဲ့ ဇနီးသည် အန်တီမို့မို့ဆန် က ဆက်လက် တာဝန်ယူကာ တွတ်ပီ ပရိသတ်များကို မျက်ခြေမပြတ်စေရန် စာအုပ်များကို ဆက်လက်ထုတ်ဝေပေးခဲ့တာလည်းဖြစ်ပါတယ်။

လူကြိုက်များလှတဲ့ မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်လမ်းထဲက ဇာတ်ကောင်များကို မြန်မာရုပ်ရှင်လောကမှ ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာများက ပြန်လည်ဝယ်ယူကာ ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းကာ စုစုပေါင်း ရုပ်ရှင်ဇာတ်ကားပေါင်း (၅)ကားတိတိ ရိုက်ကူးခဲ့ပြီးနောက်မှာတော့ ရုပ်ရှင်ရဲ့ အရည်အသွေး နဲ့ ဖန်တီးတင်ဆက်မှုများကို သဘောမကျတာကြောင့် ဆက်လက်ရိုက်ကူးခွင့်မပြုတော့ဘူးလို့ အန်တီ မို့က ခုလို ဆိုထားပါတယ်။မြိုင်ရာဇာ တွတ်ပီ ဇာတ်လမ်းနဲ့ ပတ်သက်လို့ ရုပ်ရှင်ထွက်ရှိဖို့ မရှိသော်လည်း မကြာခင် မှာ 3D Animation နဲ့ ဖန်တီးထားတဲ့ ကာတွန်းဇာတ်ကား ထွက်ရှိဖို့ရှိကြောင်း အန်တီမို့က ဆိုလာခဲ့ပါတယ်။

“ဂျပန်ရတနာသိုက်” ဆိုတဲ့ ဇာတ်လမ်းကို 3D Animation နည်းပညာနဲ့ ပဲခူးက လူငယ်လေးတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင် အလုပ်ကို ထွက်ကာ ရုပ်ထွက်နဲ့ အရည်အသွေးကောင်းဖို့ အတွက် အသေးစိတ် ဖြစ်အောင်ဖန်တီးနေသလို အကုန်လုံးနီးပါးပြီးသလောက် ရှိနေပြီဖြစ်သော်လည်း တစ်ယောက်တည်း ဖန်တီးရတာမို့ လိုအပ်ချက်တချို့ နဲ့ ထောက်ပံ့မှုတွေ လိုအပ်နေပြီၤး အသံသွင်းဖို့ တစ်ခုသာကျန်သောကြောင်း အန်တီမို့က ခုလိုပဲ ပြောပြလာပါတယ်။ ကလေး တွနဲ့ လူကြီးတွေကို အပန်းဖြေဖို့ ရာ 3D-ကာတွန်း မကြာခင်မှာ ထွက်ရှိလာတော့မှာဖြစ်သလို အားလုံးစိတ်ဝင်စားနေမှာဖြစ်တဲ့ ဒီကာတွန်းရဲ့ အကြမ်းထည် Video လေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

share from : burmese.asia

LEAVE A REPLY