Zawgyi ျဖင့္ဖတ္ရန္

ယမန္ေန႔ မြန္းလဲပိုင္းေလာက္က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ လမ္းေလွ်ာက္လာတဲ့ လူငယ္နွစ္ဦးကို ဓားနဲ႔ေထာက္ျပီး အိတ္ထဲက ဖုန္းကိုယူျပီး လုေျပးသြားတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ ဒါေၾကာင့္ အလုယူခံရသူေတြက ရဲတပ္ဖြဲကို တိုင္ၾကားျခင္းေၾကာင့္ စံုစမ္းဖမ္းဆီးမႈမ်ားလုပ္ေဆာင္ခဲ့ပါတယ္။

ရန္ကုန္ ဘူတာႀကီးရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ေတြက တရားခံမ်ားက စုံစမ္းဖမ္းဆီးရာ မဲလုံးကို ပန္းဆိုးတန္း ခုံးတံတားေအာက္၌ ဖမ္းဆီးရမိၿပီး ေအာင္သူပါ ၂ ဦးကိုေတာ့ သိမ္ျဖဴမီးရထားရပ္ကြက္ဘက္သို႔ ထြက္ေျပး သြာားတာေၾကာင့္ ရဲဒုတက မ်ိဳးျမင့္လြင္ ဦးစီး ရဲတပ္ဖြဲ႕ဝင္မ်ားက လိုက္လံဖမ္းဆီးခ်ိန္မွာ ေအာင္သူကအ႐ိုးအသြား ၉ လက္မခန႔္ရွိ ဓားဦးခြၽန္ျဖင့္ ထိုးၿပီးထြက္ေျပးသြားေသာေၾကာင့္ ရဲဒုတက မ်ိဳးျမင့္လြင္တြင္ ဝဲရင္အုံ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ဝမ္းဗိုက္ဝဲဘက္ထိုးသြင္းဒဏ္ရာ ၁ ခ်က္ ရရွိေသဆုံးသြားခဲ့ရပါတယ္။

အခုေတာ့ ရဲတပ္ဖြဲ့ဝင္ကိုပါ ခုခံသတ္ျဖတ္ျပီး ထြက္ေျပးသြားတဲ့ ေအာင္ကိုဦးႏွင့္ ေအာင္သူတို႔ကို စက္တင္ဘာလ ၂၄ ရက္တြင္ မင္းရဲေကာင္းပုံလမ္းႏွင့္ ဂ႐ုဏာလမ္းေထာင့္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့တယ္လို႔ ျမန္မာနုိင္ငံရဲတပ္ဖြဲ႕ရဲ႕ ျပန္ၾကားေရး ရဲဇာနည္ စာမ်က္နွာမွ ေၾကျငာခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာ အခုလို နိုင္ငံ့ဝန္ထမ္းေတြကို တရားခံေျပး ၊ အၾကမ္းဖက္သူ မ်ားက အျမဲတေစ ခုခံသတ္ျဖတ္ေလ့ရွိျပီးေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔
နိုင္ငံ့ဝန္ထမ္းေတြကို ကာကြယ္ေပးသည့္ သေဘာျဖင့္ စံနမူနာျပ အျပစ္ဒဏ္ေပးအပ္နိုင္စြမ္းမရွိျခင္းေၾကာင့္ ပိုမိုလက္ရဲလာၾကတယ္လို႔ ဝန္ထမ္းအသိုင္းအဝုိင္းက ေျပာဆိုမႈမ်ားလည္း ရွိေနပါတယ္။

Writer- SMT(Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

ဖုန်းလုယူပြီး မီးရထားဝန်ထမ်းအားဓားဖြင့်ထိုးခဲ့သည့် တရားခံများဖမ်းဆီးရမိပါပြီ

ယမန်နေ့ မွန်းလဲပိုင်းလောက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ လမ်းလျှောက်လာတဲ့ လူငယ်နှစ်ဦးကို ဓားနဲ့ထောက်ပြီး အိတ်ထဲက ဖုန်းကိုယူပြီး လုပြေးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အလုယူခံရသူတွေက ရဲတပ်ဖွဲကို တိုင်ကြားခြင်းကြောင့် စုံစမ်းဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ပါတယ်။

ရန်ကုန် ဘူတာကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက တရားခံများက စုံစမ်းဖမ်းဆီးရာ မဲလုံးကို ပန်းဆိုးတန်း ခုံးတံတားအောက်၌ ဖမ်းဆီးရမိပြီး အောင်သူပါ ၂ ဦးကိုတော့ သိမ်ဖြူမီးရထားရပ်ကွက်ဘက်သို့ ထွက်ပြေး သွာားတာကြောင့် ရဲဒုတက မျိုးမြင့်လွင် ဦးစီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးချိန်မှာ အောင်သူကအရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးပြီးထွက်ပြေးသွားသောကြောင့် ရဲဒုတက မျိုးမြင့်လွင်တွင် ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိသေဆုံးသွားခဲ့ရပါတယ်။

အခုတော့ ရဲတပ်ဖွဲ့ဝင်ကိုပါ ခုခံသတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ အောင်ကိုဦးနှင့် အောင်သူတို့ကို စက်တင်ဘာလ ၂၄ ရက်တွင် မင်းရဲကောင်းပုံလမ်းနှင့် ဂရုဏာလမ်းထောင့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြန်ကြားရေး ရဲဇာနည် စာမျက်နှာမှ ကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုလို နိုင်ငံ့ဝန်ထမ်းတွေကို တရားခံပြေး ၊ အကြမ်းဖက်သူ များက အမြဲတစေ ခုခံသတ်ဖြတ်လေ့ရှိပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့
နိုင်ငံ့ဝန်ထမ်းတွေကို ကာကွယ်ပေးသည့် သဘောဖြင့် စံနမူနာပြ အပြစ်ဒဏ်ပေးအပ်နိုင်စွမ်းမရှိခြင်းကြောင့် ပိုမိုလက်ရဲလာကြတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောဆိုမှုများလည်း ရှိနေပါတယ်။

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY