Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

အနောက်တောင်မုတ်သုံလေဆုတ်ခွာချိန်တွင် မိုးကြိုးနှင့်လေပြင်းအန္တရာယ်ရှိနိုင်ကြောင်းဒေါက်တာဦးထွန်းလွင်သတိပေး

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသလမ်းကြောင်းမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာချိန်မှာ မိုးကြိုးနဲ့ လေပြင်း အန္တရာယ်ကို သတိထားနိုင်ကြစေဖို့အတွက်
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးပြောကြားလိုက်ပါတယ်။

အနောက်တောင်မုတ်သုံ လေဟာ မေလဆန်းက မြန်မာ နိုင်ငံကို ဝင်ရောက်ခဲ့တာ ဖြစ်ပြီးတော့ စက်တင် ဘာ ၁၃ ရက်တွင် မြောက်ပိုင်းဒေသမှ ပြန်လည်ဆုတ်ခွာနေတယ်လို့လည်း သူက ပြောဆိုပါတယ်။ ဒီအတွက် စက်တင်ဘာလကုန်ခန့်တွင် မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိနိုင်ပြီး အဲ့ဒီကနေ တောင်ပိုင်းဒေသသို့ ဖြတ်ကျော် ကာ အပြီးသတ်ဆုတ်ခွာသွားနိုင် သည်ဟု ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ အတွက် မြန်မာနိုင်ငံဒေသအနှံ့တွင် မိုးအနည်းငယ် ရွာသွန်းနိုင်ပြီး နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီး၌ နေရာကွက်မိုးကြီးနိုင်တယ်လို့ ရာသီဥတုအခြေအနေကို သတင်း ထုတ်ပြန်ထားပါတယ်။

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY