Zawgyi ျဖင့္ဖတ္ရန္

 

ဂ်ပန္ႏိုင္ငံမွာ Taisho era( တာရႈိဘုရင္စိုးစံတဲ့ကာလ၊၁၉၁၂၊ဒီဇင္ဘာ၂၅ရက္ကေန ၁၆၂၆ အထိကာလ) တစ္ေလွ်ာက္လုံးနဲ႔ Showa ေခတ္အေစာပိုင္းကာလေတြတုန္းက ေဘာလုံးေလာကနဲ႔ ပတ္သက္ၿပီး အေတြးအေခၚေတာ္လွန္ေရးတစ္ခုျဖစ္ခဲ့ပါတယ္။ ယင္းကာလက ဂ်ပန္ေတြရဲ႕ေဘာလုံးအေျခခံနည္းစနစ္ေတြဟာ ကန္တင္ေျပး၊စုၿပဳံလိုက္ အေနနဲ႔ပဲ ရွိေနတာျဖစ္ၿပီး ဥေရာပႏိုင္ငံေတြကိုရင္ေမာင္တန္းဖို႔ ႀကိဳးစားေနတဲ့ ဂ်ပန္ေတြ အဖို႔ေတာ့ အားကစားနဲ႔လူမ်ိဳးဂုဏ္ကိုျမႇင့္တင္ဖို႔အေရးဟာ အပူတျပင္းလိုအပ္လို႔ေနပါ တယ္။

အဲဒီအခ်ိန္တုန္းက ဥေရာပကိုတိုးဖို႔မေျပာနဲ႔ အာရွေဒသတြင္းမွာေတာင္ ဂ်ပန္ေဘာလုံးအသင္းရဲ႕ မွတ္တမ္းဟာ အေကာင္းႀကီးမဟုတ္တာေၾကာင့္ ေဘာလုံးနဲ႔ပတ္သက္တဲ့ အေတြးအေခၚ Revolution မ်ိဳးကိုေစာင့္စားေနရတဲ့အခ်ိန္ဆိုရင္လည္း မမွားပါဘူး။ ဒီအခ်ိန္မွာပဲ ဂ်ပန္ကို စက္မႈပညာေတာ္သင္အေနနဲ႔ ျမန္မာႏိုင္ငံကေရာက္ရွိလာတဲ့ ေမာင္ေက်ာ္ဒင္အမည္ရတဲ့ ဆယ္ေက်ာ္သက္လူငယ္ေလးဟာ ေနမ်ိဳးႏြယ္လို႔တင္စားခဲ့ၾကတဲ့ ဂ်ပန္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကိုတစ္ဖက္တစ္လမ္းကေန ျဖည့္ဆည္းေပးခဲ့ပါတယ္။

အားကစားမ်ိဳးစုံကို လိုက္စားသူျဖစ္တဲ့ ေမာင္ေက်ာ္ဒင္ဟာ သူေရးသားခဲ့တဲ့ စာအုပ္အရ စိန႔္ဂြၽန္းေက်ာင္းထြက္ တစ္ေယာက္လို႔ ခန႔္မွန္းရပါတယ္။ ယင္းကာလက စိန႔္ဂြၽန္းေက်ာင္းအုပ္ျဖစ္ခဲ့တဲ့ စေကာ့တလန္လူမ်ိဳး George Scoott ရဲ႕ ေဘာလုံးအေျခခံနည္းစနစ္၊ဗ်ဴဟာေတြကို ေမာင္ေက်ာ္ဒင္ဟာ ေလ့လာသင္ယူခဲ့ရဟန္တူပါတယ္။ ေမာင္ေက်ာ္ဒင္ရဲ႕ေဘာလုံးဒသန၊အေတြးအေခၚ၊ၿပိဳင္ပြဲခ်ဥ္းကပ္ပုံနည္းစနစ္ေတြ ဟာ ဂ်ပန္ေတြအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ပညာရပ္ေတြျဖစ္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ေဘာလုံး သမိုင္းမွာ ခ်န္ထားလို႔မရတဲ့ ပညာရွင္တစ္ေယာက္အျဖစ္ အသိအမွတ္ျပဳခဲ့ရပါတယ္။

ဂ်ပန္ေတြဟာ မ်ိဳးခ်စ္စိတ္အလြန္ႀကီးမားသလို လူမ်ိဳးႀကီးဝါဒဆန္လြန္းသူေတြျဖစ္တာ ေၾကာင့္ သူတို႔ရဲ႕လူမႈေရး၊စီးပြားေရး စာမ်က္ႏွာေတြမွာ ျပည္ပႏိုင္ငံသားေတြကို အေရး တယူျပဳခ်ီးမႊမ္းခန္းဖြင့္တာရွားပါးပါတယ္။ ဒါေပမဲ့တိုက္တိုက္ဆိုင္ဆိုင္ပဲ စက္တင္ဘာ (၁၀)ရက္ေန႔က ရန္ကုန္ၿမိဳ႕၊သုဝဏၰအားကစားကြင္းမွာယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဂ်ပန္ အသင္းနဲ႔ ျမန္မာလက္ေ႐ြးစင္အသင္းတို႔ရဲ႕ ကမာၻဖလားေျခစစ္ပြဲမွာေတာ့ ဂ်ပန္ပရိတ္ သတ္ေတြဟာ သူတို႔ရဲ႕ေဘာလုံးသမိုင္းကိုတစ္ဆစ္ခ်ိဳးေစခဲ့တဲံ့ ျမန္မာလူမ်ိဳးဦးေက်ာ္ဒင္ ကို ဂုဏ္ျပဳေပးခဲ့ၾကတာကိုေတြ႕ရမွာျဖစ္ပါတယ္။ ယင္းမတိုင္ခင္ကာလမ်ားစြာထဲက ဂ်ပန္ေဘာလုံးအဖြဲ႕အခ်ဳပ္ရဲ႕တာဝန္ရွိသူေတြဟာ ဦးေက်ာ္ဒင္နဲ႔သူမိသားစုကိုလိုက္လံ ရွာေဖြေနတာျဖစ္တယ္လို႔ သိရပါတယ္။

ဦးေက်ာ္ဒင္ကို(၁၉၀၀)ျပည့္ႏွစ္၊ဇြန္လကေမြးဖြားခဲ့တယ္လို႔သိရၿပီး သူအသက္ (၂၀) အ႐ြယ္(၁၉၂၀)ခုႏွစ္မွာေတာ့စက္မႈေက်ာင္းသားတစ္ေယာက္အျဖစ္ ဂ်ပန္ႏိုင္ငံကို ပညာေတာ္သင္အျဖစ္ေစလႊတ္ျခင္းခံခဲ့ရပါတယ္။ယင္းကာလက ဦးေက်ာ္ဒင္ တက္ ေရာက္ပညာဆည္းပူးခဲ့တဲ့ေက်ာင္းကေတာ့တိုက်ိဳနည္းပညာ စက္မႈအထက္တန္း ေက်ာင္း(ယခုတိုက်ိဳနည္းပညာတကၠသိုလ္)မွာျဖစ္ပါတယ္။ ဦးေက်ာ္ဒင္ဟာ အျမင့္ခုန္အားကစားသမားတစ္ေယာက္ျဖစ္ၿပီး ေက်ာင္းအားလပ္ခ်ိန္ ညေနတိုင္းမွ ာယင္းေက်ာင္းရဲ႕ ေက်ာင္းအားကစားကြင္းမွာ ကိုယ္လက္လႈပ္ရွား မႈျပဳေလ့ရွိတယ္လို႔သိရပါတယ္။

လူငယ္ေလး ေမာင္ေက်ာ္ဒင္ဟာ တစ္ေန႔မွာေတာ့ ေဘာလုံးၿပိဳင္ပြဲဝင္ဖို႔ေလ့က်င့္ေနတဲ့ဂ်ပန္အထက္တန္းေက်ာင္းသား အုပ္စုနဲ႔ဆုံ ေတြ႕ခဲ့ပါတယ္။ယင္းကာလကဂ်ပန္ႏိုင္ငံရဲ႕ေဘာလုံးအဆင့္အတန္းဟာ အေတာ္ေလး နိမ့္က်ေနခဲ့ၿပီးေက်ာင္းသားပြဲလိုၿပိဳင္ပြဲေတြမွာဆို အေျခခံေဘာလုံးနည္းစနစ္ ေတြကိုေတာင္ စနစ္တက်ျပသမယ့္ နည္းျပရွားပါးေနခဲ့တယ္လို႔ဆိုပါတယ္။ ျမန္မာပီပီ ကူညီတတ္တဲ့စိတ္ရင္းရွိတဲ့ေမာင္ေက်ာ္ဒင္ေလးဟာ သူပိုင္ႏိုင္ခဲ့တဲ့ေဘာလုံးနည္းစနစ္ ေတြကိုေဝမွ်ရင္းနဲ႔ေနာက္ပိုင္းမွာ ေက်ာင္းတာဝန္ရွိ သူေတြရဲ႕ေတာင္းဆိုခ်က္အရ တိုက်ိဳအထက္တန္းေက်ာင္းသားအသင္းရဲ႕ နည္းျပရာထူး ကိုလက္ခံရယူခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ Shigeyoshi Suzuki ဆိုသူရဲ႕ေမတၱာရပ္ ခံခ်က္နဲ႔ Waseda အထက္တန္းေက်ာင္းအသင္းထံကိုေျပာင္းေ႐ြၿပီးနည္းျပတာဝန္ကို ဆက္လက္ ယူခဲ့ပါတယ္။ (၁၉၂၃)ခုႏွစ္မွာေတာ့ ေမာင္ေက်ာ္ဒင္ဟာ Waseda အမ်ိဳးသားအထက္တန္းေက်ာင္းအသင္းကိုဦးေဆာင္ၿပီး ဂ်ပန္ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းေပါင္း စုံ ေဘာလုံးၿပိဳင္ပြဲမွာ (၂) ႀကိမ္ဆက္ဗိုလ္စြဲေအာင္နည္းျပေပးႏိုင္ခဲ့ပါတယ္။

ေမာင္ေက်ာ္ဒင္ကိုယ္တြယ္တဲ့ Waseda အမ်ိဳးသားအထက္တန္းေက်ာင္းသားအသင္းရဲ႕ ကစားပုံဟာ အသင္းအားလုံးနဲ႔ကြဲထြက္ေနၿပီး အထူးသျဖင့္ တစ္ဦးနဲ႔တစ္ဦး ခ်ိတ္ဆက္ကစားတဲ့ အနီးေပး၊အျမန္ေပး ေဘာ လုံးကစားကြက္ေတြဟာ ဂ်ပန္ေတြရဲ႕ေဘာလုံးေလာကတစ္ခုလုံးအတြက္ ေစာင့္ၾကည့္ ခ်င္စရာျဖစ္လာခဲ့ပါတယ္။

ဂ်ပန္ေဘာလုံးတာဝန္ရွိသူေတြဘက္က အေသအခ်ာလိုက္လံစိစစ္လိုက္ခ်ိန္မွာေတာ့ Waseda အသင္းရဲ႕နည္းျပ ျမန္မာပညာေတာ္သင္ေက်ာင္းသား ေမာင္ေက်ာ္ဒင္ရဲ႕ေဘာလုံးဒသန၊နည္းဗ်ဴဟာေတြျဖစ္ေၾကာင္းသိလိုက္ရပါေတာ့တယ္။ ဂ်ပန္ႏိုင္ငံတစ္ဝန္းလုံးမွာလဲ ဦးေက်ာ္ဒင္ရဲ႕နည္းဗ်ဴဟာ သစ္ေတြျဖစ္တဲ့ အနီးေပး ၊အျမန္ေပးနည္းစနစ္ေတြ၊ တည္ေနရာအလိုက္ကန္သြင္းပုံေတြ၊ လူျဖတ္ေက်ာ္နည္းစ နစ္ေတြဟာ တစ္ဟုန္ခ်င္းျပန႔္ႏွံ႔သြားခဲ့ပါတယ္။ ယင္းကေနအဆင့္ဆင့္ ေနာက္ဆုံး ဂ်ပန္ အမ်ိဳးသားလက္ေ႐ြးစင္အသင္းကိုပဲ ေမာင္ေက်ာ္ဒင္ရဲ႕နည္းစနစ္ေတြဟာ ေရာက္ရွိသြား ခဲ့ပါတယ္။

အနီးကပ္ဆုံးေအာင္ျမင္မႈအေနနဲ႔ ေမာင္ေက်ာ္ဒင္ရဲ႕ေဘာလုံးနည္းစနစ္ကို အေျခခံထားတဲ့ ဂ်ပန္လက္ေ႐ြးစင္အသင္းဟာ (၁၉၃၀)ျပည့္ႏွစ္မွာက်င္းပခဲ့တဲ့ The Far Eastern Championship Games (အာရွအားကစားၿပိဳင္ပြဲ)မွာ ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။ ယင္း အခ်ိန္ကဂ်ပန္နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့သူကေတာ့ ဦးေက်ာ္ဒင္ရဲ႕ ေဘာလုံးဒသနကို စြဲစြဲၿမဲၿမဲေထာက္ခံက်င့္သုံးခဲ့တဲ့ တိုက်ိဳအထက္တန္းေက်ာင္းမွာ နည္းျပလုပ္စဥ္က သူတပည့္ရင္းျဖစ္တဲ့ ဂ်ပန္လူမ်ိဳးဆူဇူကီးဆိုသူျဖစ္ပါတယ္။

ထိုအခ်ိန္က ဂ်ပန္လက္ေ႐ြးစင္အသင္းဟာ ေသြးသစ္ေလာင္းထားတဲ့ Shigemaru Takenokoshi တကၠသိုလ္နဲ႔အျခားေသာဂ်ပန္တကၠသိုလ္ေက်ာင္းသားေတြကို အေျခခံၿပီးဖြဲ႕စည္းထား တာျဖစ္ပါတယ္။ ၿပိဳင္ပြဲၿပီးတဲ့ေနာက္မွာေတာ့ ဂ်ပန္ေတြဟာကိုယ္ပိုင္ဟန္တစ္ခုနဲ႔ ေဘာလုံးကစားတတ္ၾကၿပီး ေနာက္ထပ္(၆)ႏွစ္ၾကာမွာ က်င္းပခဲ့တဲ့ ဘာလင္အိုလံပစ္ ၿပိဳင္ပြဲမွာလည္း ဦးေက်ာ္ဒင္ရဲ႕ ေဘာလုံးနည္းစနစ္ေတြဟာ ဂ်ပန္လက္ေ႐ြးစင္ အသင္းကို လႊမ္းမိုးမႈရွိေနဆဲပဲျဖစ္တယ္လို႔ သိရပါတယ္။ ယင္းကေန စတင္ၿပီး ပထမကမာၻစစ္၊ဒုတိယကမာၻစစ္ျဖစ္ျဖစ္ပြား၊ၿပီးဆုံးတဲ့အခ်ိန္ကာလ ေတြကေနလြဲလို႔ ဂ်ပန္ေတြဟာ ေဘာလုံးနဲ႔ပတ္သက္ရင္အာရွမွာထိပ္တန္းအျဖစ္ ရွိေနခဲ့တာ ယေန႔အထိပဲဆိုရပါမယ္။

(၁၉၂၃)ခုႏွစ္မွာေတာ့ ေမာင္ေက်ာ္ဒင္ဟာ How to Play Association Football ဆိုတဲ့ စာအုပ္ကိုအဂၤလိပ္ဘာသာနဲ႔ေရးသားခဲ့ၿပီး ဂ်ပန္ဘာသာကိုျပန္ဆိုၿပီး ဂ်ပန္တစ္ႏိုင္ငံ လုံးကိုထုတ္ေဝခဲ့ပါတယ္။ အဲဒီစာအုပ္ဟာဂ်ပန္ႏိုင္ငံရဲ႕ စာေပသမိုင္းမွာ ေဘာလုံးနဲ႔ပတ္ သက္ၿပီး ပထမဆုံးထုတ္ေဝတဲ့ စာအုပ္အျဖစ္မွတ္တမ္းဝင္သြားခဲ့ၿပီး ေမာင္ေက်ာ္ဒင္ရဲ႕ ေဘာလုံးဆိုင္ရာနည္းစနစ္၊ဗ်ဴဟာေတြကို စာသားေတြ႐ုပ္ပုံေတြနဲ႔ ေဝေဝဆာဆာေဖာ္ျပ ထားတာကိုေတြ႕ရပါတယ္။ ၁၉၂၃ ခုႏွစ္ ဂ်ပန္ႏိုင္ငံမွာ အေရာင္းရဆုံးစာအုပ္စာရင္းဝင္ခဲ့တဲ့ စာအုပ္လည္းျဖစ္ပါတယ္။ (၁၉၂၄)ခုႏွစ္မွာေတာ့ ဦးေက်ာ္ဒင္ဟာ မိသားစုဝင္ေတြရွိရာ ျမန္မာႏိုင္ငံကို ျပန္သြားခဲ့ၿပီး သံစက္႐ုံလုပ္ငန္းကိုလုပ္ကိုင္ခဲ့တယ္လို႔ သိရပါတယ္။

(၁၉၆၇)ျပည္သူပိုင္အသိမ္းခံရၿပီးေနာက္ပိုင္းမွာေတာ့သူရဲ႕သတင္းဟာ ေပ်ာက္ကြယ္ သြားခဲ့ ပါတယ္လို႔ ဂ်ပန္မီဒီယာေတြက ေဖာ္ျပမႈေတြေတာ့ရွိပါတယ္။ သူေသသလား၊ရွင္သလားလည္းမသိရေတာ့တဲ့အျပင္၊ဦးေက်ာ္ဒင္ရဲ႕ မိသား စုဝင္တစ္ဦး တစ္ေယာက္ကိုမွ ယေန႔အထိရွာေတြ႕ျခင္းမရွိေသးေၾကာင္းသိရၿပီး ဂ်ပန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌကိုယ္တိုင္ ဦးေက်ာ္ဒင္အေၾကာင္းကို စုံစမ္းေပးဖို႔ ျမန္မာေဘာ လုံးအဖြဲ႕ခ်ဳပ္ကို အခါအခြင့္သင့္သလိုေမတၱာရပ္ခံလ်က္ရွိေနပါတယ္။ (၂၀၀၇)ခုႏွစ္ မွာေတာ့ ဦးေက်ာ္ဒင္ဟာ ဂ်ပန္ေဘာလုံး အဖြဲ႕ခ်ဳပ္ျပတိုက္ Japan Football Hall of Fame မွာ ဂုဏ္ထူးေဆာင္ပုဂၢိဳလ္အျဖစ္ ႐ုပ္တုထုၿပီးဂုဏ္ျပဳ ျခင္းခံခဲ့ရပါတယ္။ တိုက်ိဳၿမိဳ႕ Bunkyo ရပ္ကြက္မွာရွိတဲ့ ဒီေနရာမွာ ဂ်ပန္ႏိုင္ငံေဘာလုံးသမိုင္းရဲ႕ အေရးပါဆုံးပုဂၢိဳလ္စုစုေပါင္း ၇၇ဦးကို ဂုဏ္ျပဳထားတာျဖစ္ၿပီး ဒီအထဲက ၆ ေယာက္သာ ႏိုင္ငံျခားသားေတြျဖစ္ပါတယ္။ ဒီအထဲမွာ ျမန္မာႏိုင္ငံက ဦးေက်ာ္ဒင္ဟာလည္း တစ္ေယာက္အပါအဝင္ျဖစ္ခဲ့ပါတယ္။

ယခုအခ်ိန္မွာ ဂ်ပန္လက္ေ႐ြးစင္အသင္းကို စံနမူနာထားေလ့က်င့္ေနရတဲ့ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံး အသင္းတိုးတက္ေအာင္ျမင္ေရးအတြက္ဂ်ပန္ ေဘာလုံးအဖြဲ႕ခ်ဳပ္က တာဝန္ယူ ေဆာင္႐ြက္ေပးေနတဲ့ လုပ္ငန္းေတြဟာ ဦးေက်ာ္ဒင္ အေပၚေက်းဇူးေကြၽး က်န္ေနတဲ့ ဂ်ပန္ေတြရဲ႕ေက်းဇူးဆပ္မႈတစ္စိတ္တစ္ပိုင္းျဖစ္တယ္ လို႔ ဂ်ပန္သမိုင္းပညာရွင္ေတြက ဆိုၾကပါတယ္။ ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအတြက္ အေကာင္းဆုံးေပါင္းကူးတံတားျဖစ္ခဲ့တဲ့ ဦးေက်ာ္ဒင္ရဲ႕ေနာက္ပိုင္းဘဝျဖတ္သန္းမႈဟာ ယခုခ်ိန္ထိ ေရေရရာရာသိရွိရျခင္းမရွိေသးပဲ သူ ကြယ္လြန္သြားခဲ့တယ္ဆိုရင္ေတာင္ သူရဲမိသားစုဝင္ေတြကို သက္ဆိုင္ရာတာဝန္ရွိသူ ေတြနဲ႔ ဆက္သြယ္ႏိုင္ေအာင္ ကူညီဖို႔ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ျမန္မာလူမ်ိဳးေတြမွာ သာတာဝန္ရွိေၾကာင္း ေလးစားစြာျဖင့္ဂုဏ္ျပဳေရးသားလိုက္ရပါတယ္

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဂျပန်ဘောလုံးလောကရဲ့ ပျောက်ဆုံးနေသော ဗိသုကာ (သို့) ဦးကျော်ဒင်

ဂျပန်နိုင်ငံမှာ Taisho era( တာရှိုဘုရင်စိုးစံတဲ့ကာလ၊၁၉၁၂၊ဒီဇင်ဘာ၂၅ရက်ကနေ ၁၆၂၆ အထိကာလ) တစ်လျှောက်လုံးနဲ့ Showa ခေတ်အစောပိုင်းကာလတွေတုန်းက ဘောလုံးလောကနဲ့ ပတ်သက်ပြီး အတွေးအခေါ်တော်လှန်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။ ယင်းကာလက ဂျပန်တွေရဲ့ဘောလုံးအခြေခံနည်းစနစ်တွေဟာ ကန်တင်ပြေး၊စုပြုံလိုက် အနေနဲ့ပဲ ရှိနေတာဖြစ်ပြီး ဥရောပနိုင်ငံတွေကိုရင်မောင်တန်းဖို့ ကြိုးစားနေတဲ့ ဂျပန်တွေ အဖို့တော့ အားကစားနဲ့လူမျိုးဂုဏ်ကိုမြှင့်တင်ဖို့အရေးဟာ အပူတပြင်းလိုအပ်လို့နေပါ တယ်။

အဲဒီအချိန်တုန်းက ဥရောပကိုတိုးဖို့မပြောနဲ့ အာရှဒေသတွင်းမှာတောင် ဂျပန်ဘောလုံးအသင်းရဲ့ မှတ်တမ်းဟာ အကောင်းကြီးမဟုတ်တာကြောင့် ဘောလုံးနဲ့ပတ်သက်တဲ့ အတွေးအခေါ် Revolution မျိုးကိုစောင့်စားနေရတဲ့အချိန်ဆိုရင်လည်း မမှားပါဘူး။ ဒီအချိန်မှာပဲ ဂျပန်ကို စက်မှုပညာတော်သင်အနေနဲ့ မြန်မာနိုင်ငံကရောက်ရှိလာတဲ့ မောင်ကျော်ဒင်အမည်ရတဲ့ ဆယ်ကျော်သက်လူငယ်လေးဟာ နေမျိုးနွယ်လို့တင်စားခဲ့ကြတဲ့ ဂျပန်တွေရဲ့ မျှော်လင့်ချက်ကိုတစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးခဲ့ပါတယ်။

အားကစားမျိုးစုံကို လိုက်စားသူဖြစ်တဲ့ မောင်ကျော်ဒင်ဟာ သူရေးသားခဲ့တဲ့ စာအုပ်အရ စိန့်ဂျွန်းကျောင်းထွက် တစ်ယောက်လို့ ခန့်မှန်းရပါတယ်။ ယင်းကာလက စိန့်ဂျွန်းကျောင်းအုပ်ဖြစ်ခဲ့တဲ့ စကော့တလန်လူမျိုး George Scoott ရဲ့ ဘောလုံးအခြေခံနည်းစနစ်၊ဗျူဟာတွေကို မောင်ကျော်ဒင်ဟာ လေ့လာသင်ယူခဲ့ရဟန်တူပါတယ်။ မောင်ကျော်ဒင်ရဲ့ဘောလုံးဒသန၊အတွေးအခေါ်၊ပြိုင်ပွဲချဉ်းကပ်ပုံနည်းစနစ်တွေ ဟာ ဂျပန်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ပညာရပ်တွေဖြစ်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ဘောလုံး သမိုင်းမှာ ချန်ထားလို့မရတဲ့ ပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ရပါတယ်။

ဂျပန်တွေဟာ မျိုးချစ်စိတ်အလွန်ကြီးမားသလို လူမျိုးကြီးဝါဒဆန်လွန်းသူတွေဖြစ်တာ ကြောင့် သူတို့ရဲ့လူမှုရေး၊စီးပွားရေး စာမျက်နှာတွေမှာ ပြည်ပနိုင်ငံသားတွေကို အရေး တယူပြုချီးမွှမ်းခန်းဖွင့်တာရှားပါးပါတယ်။ ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲ စက်တင်ဘာ (၁၀)ရက်နေ့က ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျပန် အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းတို့ရဲ့ ကမ္ဘာဖလားခြေစစ်ပွဲမှာတော့ ဂျပန်ပရိတ် သတ်တွေဟာ သူတို့ရဲ့ဘောလုံးသမိုင်းကိုတစ်ဆစ်ချိုးစေခဲ့တဲံ့ မြန်မာလူမျိုးဦးကျော်ဒင် ကို ဂုဏ်ပြုပေးခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ ယင်းမတိုင်ခင်ကာလများစွာထဲက ဂျပန်ဘောလုံးအဖွဲ့အချုပ်ရဲ့တာဝန်ရှိသူတွေဟာ ဦးကျော်ဒင်နဲ့သူမိသားစုကိုလိုက်လံ ရှာဖွေနေတာဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်ဒင်ကို(၁၉၀၀)ပြည့်နှစ်၊ဇွန်လကမွေးဖွားခဲ့တယ်လို့သိရပြီး သူအသက် (၂၀) အရွယ်(၁၉၂၀)ခုနှစ်မှာတော့စက်မှုကျောင်းသားတစ်ယောက်အဖြစ် ဂျပန်နိုင်ငံကို ပညာတော်သင်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါတယ်။ယင်းကာလက ဦးကျော်ဒင် တက် ရောက်ပညာဆည်းပူးခဲ့တဲ့ကျောင်းကတော့တိုကျိုနည်းပညာ စက်မှုအထက်တန်း ကျောင်း(ယခုတိုကျိုနည်းပညာတက္ကသိုလ်)မှာဖြစ်ပါတယ်။ ဦးကျော်ဒင်ဟာ အမြင့်ခုန်အားကစားသမားတစ်ယောက်ဖြစ်ပြီး ကျောင်းအားလပ်ချိန် ညနေတိုင်းမှ ာယင်းကျောင်းရဲ့ ကျောင်းအားကစားကွင်းမှာ ကိုယ်လက်လှုပ်ရှား မှုပြုလေ့ရှိတယ်လို့သိရပါတယ်။

လူငယ်လေး မောင်ကျော်ဒင်ဟာ တစ်နေ့မှာတော့ ဘောလုံးပြိုင်ပွဲဝင်ဖို့လေ့ကျင့်နေတဲ့ဂျပန်အထက်တန်းကျောင်းသား အုပ်စုနဲ့ဆုံ တွေ့ခဲ့ပါတယ်။ယင်းကာလကဂျပန်နိုင်ငံရဲ့ဘောလုံးအဆင့်အတန်းဟာ အတော်လေး နိမ့်ကျနေခဲ့ပြီးကျောင်းသားပွဲလိုပြိုင်ပွဲတွေမှာဆို အခြေခံဘောလုံးနည်းစနစ် တွေကိုတောင် စနစ်တကျပြသမယ့် နည်းပြရှားပါးနေခဲ့တယ်လို့ဆိုပါတယ်။ မြန်မာပီပီ ကူညီတတ်တဲ့စိတ်ရင်းရှိတဲ့မောင်ကျော်ဒင်လေးဟာ သူပိုင်နိုင်ခဲ့တဲ့ဘောလုံးနည်းစနစ် တွေကိုဝေမျှရင်းနဲ့နောက်ပိုင်းမှာ ကျောင်းတာဝန်ရှိ သူတွေရဲ့တောင်းဆိုချက်အရ တိုကျိုအထက်တန်းကျောင်းသားအသင်းရဲ့ နည်းပြရာထူး ကိုလက်ခံရယူခဲ့ပါတယ်။

ယင်းနောက်မှာတော့ Shigeyoshi Suzuki ဆိုသူရဲ့မေတ္တာရပ် ခံချက်နဲ့ Waseda အထက်တန်းကျောင်းအသင်းထံကိုပြောင်းရွေပြီးနည်းပြတာဝန်ကို ဆက်လက် ယူခဲ့ပါတယ်။ (၁၉၂၃)ခုနှစ်မှာတော့ မောင်ကျော်ဒင်ဟာ Waseda အမျိုးသားအထက်တန်းကျောင်းအသင်းကိုဦးဆောင်ပြီး ဂျပန်နိုင်ငံလုံးဆိုင်ရာ ကျောင်းပေါင်း စုံ ဘောလုံးပြိုင်ပွဲမှာ (၂) ကြိမ်ဆက်ဗိုလ်စွဲအောင်နည်းပြပေးနိုင်ခဲ့ပါတယ်။

မောင်ကျော်ဒင်ကိုယ်တွယ်တဲ့ Waseda အမျိုးသားအထက်တန်းကျောင်းသားအသင်းရဲ့ ကစားပုံဟာ အသင်းအားလုံးနဲ့ကွဲထွက်နေပြီး အထူးသဖြင့် တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ကစားတဲ့ အနီးပေး၊အမြန်ပေး ဘော လုံးကစားကွက်တွေဟာ ဂျပန်တွေရဲ့ဘောလုံးလောကတစ်ခုလုံးအတွက် စောင့်ကြည့် ချင်စရာဖြစ်လာခဲ့ပါတယ်။

ဂျပန်ဘောလုံးတာဝန်ရှိသူတွေဘက်က အသေအချာလိုက်လံစိစစ်လိုက်ချိန်မှာတော့ Waseda အသင်းရဲ့နည်းပြ မြန်မာပညာတော်သင်ကျောင်းသား မောင်ကျော်ဒင်ရဲ့ဘောလုံးဒသန၊နည်းဗျူဟာတွေဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ ဂျပန်နိုင်ငံတစ်ဝန်းလုံးမှာလဲ ဦးကျော်ဒင်ရဲ့နည်းဗျူဟာ သစ်တွေဖြစ်တဲ့ အနီးပေး ၊အမြန်ပေးနည်းစနစ်တွေ၊ တည်နေရာအလိုက်ကန်သွင်းပုံတွေ၊ လူဖြတ်ကျော်နည်းစ နစ်တွေဟာ တစ်ဟုန်ချင်းပြန့်နှံ့သွားခဲ့ပါတယ်။ ယင်းကနေအဆင့်ဆင့် နောက်ဆုံး ဂျပန် အမျိုးသားလက်ရွေးစင်အသင်းကိုပဲ မောင်ကျော်ဒင်ရဲ့နည်းစနစ်တွေဟာ ရောက်ရှိသွား ခဲ့ပါတယ်။

အနီးကပ်ဆုံးအောင်မြင်မှုအနေနဲ့ မောင်ကျော်ဒင်ရဲ့ဘောလုံးနည်းစနစ်ကို အခြေခံထားတဲ့ ဂျပန်လက်ရွေးစင်အသင်းဟာ (၁၉၃၀)ပြည့်နှစ်မှာကျင်းပခဲ့တဲ့ The Far Eastern Championship Games (အာရှအားကစားပြိုင်ပွဲ)မှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ယင်း အချိန်ကဂျပန်နည်းပြအဖြစ်ဆောင်ရွက်ခဲ့သူကတော့ ဦးကျော်ဒင်ရဲ့ ဘောလုံးဒသနကို စွဲစွဲမြဲမြဲထောက်ခံကျင့်သုံးခဲ့တဲ့ တိုကျိုအထက်တန်းကျောင်းမှာ နည်းပြလုပ်စဉ်က သူတပည့်ရင်းဖြစ်တဲ့ ဂျပန်လူမျိုးဆူဇူကီးဆိုသူဖြစ်ပါတယ်။

ထိုအချိန်က ဂျပန်လက်ရွေးစင်အသင်းဟာ သွေးသစ်လောင်းထားတဲ့ Shigemaru Takenokoshi တက္ကသိုလ်နဲ့အခြားသောဂျပန်တက္ကသိုလ်ကျောင်းသားတွေကို အခြေခံပြီးဖွဲ့စည်းထား တာဖြစ်ပါတယ်။ ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ ဂျပန်တွေဟာကိုယ်ပိုင်ဟန်တစ်ခုနဲ့ ဘောလုံးကစားတတ်ကြပြီး နောက်ထပ်(၆)နှစ်ကြာမှာ ကျင်းပခဲ့တဲ့ ဘာလင်အိုလံပစ် ပြိုင်ပွဲမှာလည်း ဦးကျော်ဒင်ရဲ့ ဘောလုံးနည်းစနစ်တွေဟာ ဂျပန်လက်ရွေးစင် အသင်းကို လွှမ်းမိုးမှုရှိနေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။ ယင်းကနေ စတင်ပြီး ပထမကမ္ဘာစစ်၊ဒုတိယကမ္ဘာစစ်ဖြစ်ဖြစ်ပွား၊ပြီးဆုံးတဲ့အချိန်ကာလ တွေကနေလွဲလို့ ဂျပန်တွေဟာ ဘောလုံးနဲ့ပတ်သက်ရင်အာရှမှာထိပ်တန်းအဖြစ် ရှိနေခဲ့တာ ယနေ့အထိပဲဆိုရပါမယ်။

(၁၉၂၃)ခုနှစ်မှာတော့ မောင်ကျော်ဒင်ဟာ How to Play Association Football ဆိုတဲ့ စာအုပ်ကိုအင်္ဂလိပ်ဘာသာနဲ့ရေးသားခဲ့ပြီး ဂျပန်ဘာသာကိုပြန်ဆိုပြီး ဂျပန်တစ်နိုင်ငံ လုံးကိုထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ဟာဂျပန်နိုင်ငံရဲ့ စာပေသမိုင်းမှာ ဘောလုံးနဲ့ပတ် သက်ပြီး ပထမဆုံးထုတ်ဝေတဲ့ စာအုပ်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီး မောင်ကျော်ဒင်ရဲ့ ဘောလုံးဆိုင်ရာနည်းစနစ်၊ဗျူဟာတွေကို စာသားတွေရုပ်ပုံတွေနဲ့ ဝေဝေဆာဆာဖော်ပြ ထားတာကိုတွေ့ရပါတယ်။ ၁၉၂၃ ခုနှစ် ဂျပန်နိုင်ငံမှာ အရောင်းရဆုံးစာအုပ်စာရင်းဝင်ခဲ့တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ (၁၉၂၄)ခုနှစ်မှာတော့ ဦးကျော်ဒင်ဟာ မိသားစုဝင်တွေရှိရာ မြန်မာနိုင်ငံကို ပြန်သွားခဲ့ပြီး သံစက်ရုံလုပ်ငန်းကိုလုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

(၁၉၆၇)ပြည်သူပိုင်အသိမ်းခံရပြီးနောက်ပိုင်းမှာတော့သူရဲ့သတင်းဟာ ပျောက်ကွယ် သွားခဲ့ ပါတယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြမှုတွေတော့ရှိပါတယ်။ သူသေသလား၊ရှင်သလားလည်းမသိရတော့တဲ့အပြင်၊ဦးကျော်ဒင်ရဲ့ မိသား စုဝင်တစ်ဦး တစ်ယောက်ကိုမှ ယနေ့အထိရှာတွေ့ခြင်းမရှိသေးကြောင်းသိရပြီး ဂျပန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကိုယ်တိုင် ဦးကျော်ဒင်အကြောင်းကို စုံစမ်းပေးဖို့ မြန်မာဘော လုံးအဖွဲ့ချုပ်ကို အခါအခွင့်သင့်သလိုမေတ္တာရပ်ခံလျက်ရှိနေပါတယ်။ (၂၀၀၇)ခုနှစ် မှာတော့ ဦးကျော်ဒင်ဟာ ဂျပန်ဘောလုံး အဖွဲ့ချုပ်ပြတိုက် Japan Football Hall of Fame မှာ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် ရုပ်တုထုပြီးဂုဏ်ပြု ခြင်းခံခဲ့ရပါတယ်။ တိုကျိုမြို့ Bunkyo ရပ်ကွက်မှာရှိတဲ့ ဒီနေရာမှာ ဂျပန်နိုင်ငံဘောလုံးသမိုင်းရဲ့ အရေးပါဆုံးပုဂ္ဂိုလ်စုစုပေါင်း ၇၇ဦးကို ဂုဏ်ပြုထားတာဖြစ်ပြီး ဒီအထဲက ၆ ယောက်သာ နိုင်ငံခြားသားတွေဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက ဦးကျော်ဒင်ဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

ယခုအချိန်မှာ ဂျပန်လက်ရွေးစင်အသင်းကို စံနမူနာထားလေ့ကျင့်နေရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းတိုးတက်အောင်မြင်ရေးအတွက်ဂျပန် ဘောလုံးအဖွဲ့ချုပ်က တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေဟာ ဦးကျော်ဒင် အပေါ်ကျေးဇူးကျွေး ကျန်နေတဲ့ ဂျပန်တွေရဲ့ကျေးဇူးဆပ်မှုတစ်စိတ်တစ်ပိုင်းဖြစ်တယ် လို့ ဂျပန်သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။ ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် အကောင်းဆုံးပေါင်းကူးတံတားဖြစ်ခဲ့တဲ့ ဦးကျော်ဒင်ရဲ့နောက်ပိုင်းဘဝဖြတ်သန်းမှုဟာ ယခုချိန်ထိ ရေရေရာရာသိရှိရခြင်းမရှိသေးပဲ သူ ကွယ်လွန်သွားခဲ့တယ်ဆိုရင်တောင် သူရဲမိသားစုဝင်တွေကို သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့ ဆက်သွယ်နိုင်အောင် ကူညီဖို့ဆိုရင်တော့ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ သာတာဝန်ရှိကြောင်း လေးစားစွာဖြင့်ဂုဏ်ပြုရေးသားလိုက်ရပါတယ်

share from : burmese.asia

LEAVE A REPLY