Zawgyi ျဖင့္ဖတ္ရန္

 

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းအတြက္ အိမ္တြင္းကုထုံးမ်ား
အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားၿပီး ဆီးလမ္းေၾကာင္းပိုးဝင္ေနတဲ့ ေဝဒနာရွင္အတြက္ေတာ့ ခံစားရတာ သက္သာလွတယ္မဟုတ္ပါဘူး။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းသည္ မကုသဘဲ ပစ္ထားလိုက္တဲ့အခါမွသာ ကိုယ္တြင္းအဂၤါေတြကိုပါ ဒုကၡေပးၿပီး အသက္ေသဆုံးႏိုင္တဲ့အထိ ျပင္းထန္တာပါ။

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းရဲ႕ အေတြ႕မ်ားတဲ့ လကၡဏာေတြကေတာ့

၁။ ဆီးသြားတဲ့အခါ ဆီးလမ္းေၾကာင္းတစ္ေလွ်ာက္ ပူစပ္ပူေလာင္ျဖစ္ျခင္း

၂။ မၾကာခဏ ဆီးသြားခ်င္စိတ္ ျဖစ္ေနျခင္း

၃။ ဆီးအေရာင္က အျဖဴေနာက္ေနာက္ သို႔မဟုတ္ အညိဳေရာင္၊ လိေမၼာ္ေရာင္သမ္းေနျခင္း

၄။ ဆီးအနံ႔အရမ္းျပင္းျခင္း

၅။ ဆီးသြားၿပီးသြားတဲ့အခါ အထဲမွာဆီးက်န္ေနေသးသလို ခံစားရျခင္း

၆။ တင္ပဆုံ႐ိုးေအာင့္ျခင္း၊ နာက်င္ကိုက္ခဲျခင္းေတြ ခံစားရႏိုင္ပါတယ္။

ဒါေၾကာင့္ ကိုယ့္မွာ ဆီးလမ္းေၾကာင္းပိုးဝင္ေနတယ္လို႔ သံသယရွိရင္ေတာ့ ေဆးခန္း၊ ေဆး႐ုံေတြမွာ ဆီးစစ္ၾကည့္ျခင္းျဖင့္ သိႏိုင္ပါတယ္။ ေရာဂါေဝဒနာအျမန္ဆုံး သက္သာေပ်ာက္ကင္းဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ ပဋိဇီဝပိုးသတ္ေဆး (Antibiotics) ေတြကို ဆရာဝန္ရဲ႕ ေဆးအၫႊန္းအတိုင္း ေသာက္ဖို႔ လိုအပ္ပါတယ္။ ေဆးအျပင္ တျခားလုပ္ေပးလို႔ရမယ့္ အိမ္တြင္းကုထုံးေတြအေနနဲ႔

၁။ အရည္မ်ားမ်ားေသာက္ေပးပါ။
အရည္ဆိုတဲ့ေနရာမွာ အဓိကက ေရကို မ်ားမ်ားေသာက္ေပးရမွာျဖစ္ၿပီး ပုံမွန္ထက္ကို ပိုေသာက္ေပးဖို႔ လိုပါတယ္။ တစ္ေန႔ကို ေရ ၃လီတာနဲ႔ အထက္ ေသာက္ေပးႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။ အရည္ေတြအေနနဲ႔ သစ္သီးေဖ်ာ္ရည္၊ ၾကက္စြပ္ျပဳတ္၊ ဆန္ျပဳတ္၊ ခ်င္းျပဳတ္ရည္၊ ေရေႏြးၾကမ္းေတြကို ေသာက္လို႔ရပါတယ္။ အရည္မ်ားမ်ားေသာက္ေပးျခင္းျဖင့္ ကိုယ္ခႏၶာတြင္းေရဓာတ္ကို ျဖည့္တင္းေပးတဲ့အျပင္ ဆီးသြားလိုက္တဲ့အတြက္ ဆီးလမ္းေၾကာင္းထဲမွာရွိေနတဲ့ ဘက္တီးရီးယားပိုးေတြကို အျပင္ဘက္ကို ပိုထြက္လာေစပါတယ္။

၂။ ဗီတာမင္ စီ ျပည့္ဝေနပါေစ။
ဗီတာမင္ စီ ကို အသားအေရလွေစဖို႔၊ ကိုယ္ခံအားေကာင္းေစဖို႔၊ အဖ်ားတာတိုေစဖို႔ အက်ိဳးရွိအာဟာရအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ဒီေနရာမွာ ဗီတာမင္ စီရဲ႕ အလုပ္လုပ္ပုံကေတာ့ ဆီးရဲ႕အက္စစ္ပါဝင္မႈႏႈန္းကို ျမႇင့္တင္ေပးလို႔ ဆီးလမ္းေၾကာင္းတြင္းရွိ ဘက္တီးရီးယားပိုးေတြကို ေသေစၿပီး ေရာဂါကို လ်င္ျမန္စြာ သက္သာေစတာပဲ ျဖစ္ပါတယ္။ ဗီတာမင္ စီ ကို အခ်ဥ္ဓာတ္မ်ားတဲ့ အသီးအႏွံေတြ၊ ဟင္းသီးဟင္း႐ြက္ေတြမွာ အမ်ားဆုံး ေတြ႕ရၿပီး ကိုယ့္အေနနဲ႔ ဗီတာမင္ စီမလုံေလာက္ဘူးလို႔ ခံစားရပါက ဆရာဝန္ရဲ႕ ေဆးၫႊန္းနဲ႔ ဗီတာမင္ စီ ျဖည့္စြက္အားေဆးေတြကို ေသာက္ေပးလို႔ရပါတယ္။ ဗီတာမင္ စီကို ေန႔စဥ္ျပည့္ဝစြာ ရရွိတဲ့သူေတြမွာလည္း ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္ေျခ နည္းတာကို ေတြ႕ရပါတယ္။

၃။ သစ္သီးေဖ်ာ္ရည္ေတြ ေသာက္ေပးပါ။
သဘာဝသစ္သီးေတြကို ႏို႔ဆီ၊ သၾကားအခ်ိဳေတြလုံးဝမထည့္ဘဲ လက္နဲ႔ျဖစ္ေစ၊ စက္နဲ႔ႀကိတ္ၿပီး ေသာက္သုံးေပးႏိုင္ရင္လည္း အဆင္ေျပပါတယ္။ စေတာ္ဘယ္ရီသီးလို ဘယ္ရီသီးေတြ၊ လိေမၼာ္သီး၊ ပန္းသီး၊ ဖရဲသီးလိုမ်ိဳး အရည္႐ႊမ္းၿပီး ဗီတာမင္ႂကြယ္ဝတဲ့ အသီးအႏွံေတြကို ႀကိတ္ၿပီးေဖ်ာက္ေသာက္လို႔လည္း အဆင္ေျပပါတယ္။ ေန႔တိုင္း တစ္ေန႔တစ္ခြက္ေသာက္ေပး႐ုံနဲ႔ လုံေလာက္ပါတယ္။

၄။ ကိုယ္ခႏၶာအက်ိဳးျပဳ ဘက္တီးရီးယား (Probiotic) ေတြ မ်ားေနပါေစ။
Probiotic ဆိုတဲ့ ကိုယ္ခႏၶာအက်ိဳးျပဳဘက္တီးရီးယားေတြကို အခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြကေန အမ်ားဆုံးရရွိပါတယ္။ သူ႔ရဲ႕အက်ိဳးျပဳပုံကေတာ့ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစၿပီး အစာေခ်ဖ်က္ႏိုင္စြမ္းကို ျမႇင့္တင္ေပးတယ္။ မေကာင္းတဲ့ ဘက္တီးရီးယားပိုးေတြကိုလည္း တိုက္ထုတ္ေပးတဲ့ ကိုယ္ခႏၶာအတြက္ မရွိမျဖစ္ အက်ိဳးျပဳဘက္တီးရီးယားဆိုလည္း မမွားပါဘူး။ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ ျပႆနာေပ်ာက္သြားတဲ့အခါ ေနာက္တစ္ခါထပ္ၿပီး မျဖစ္ေစေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ Probiotic ေတြကို ဒိန္ခ်ဥ္၊ ကင္ခ်ီေတြနဲ႔ ကီဖာလို႔ေခၚတဲ့ အခ်ဥ္ေဖာက္ထားတဲ့အရည္ေတြကေန ရရွိႏိုင္ပါတယ္။

၅။ ေနထိုင္မႈပုံစံကို ဂ႐ုစိုက္ပါ။
ဆီးသြားခ်င္ၿပီဆိုရင္ ဆီးမေအာင့္ထားပါနဲ႔။ ဆီးေအာင့္ထားတဲ့အခါ ဆီးလမ္းေၾကာင္းအတြင္း ဘက္တီးရီးယားပိုးေတြ လ်င္ျမန္စြာ ေပါက္ဖြားေစႏိုင္တဲ့အတြက္ ဆီးသြားခ်င္တဲ့ဆႏၵျဖစ္ေပၚလာၿပီဆိုရင္ ခ်က္ခ်င္းထသြားလိုက္ပါ။ အမ်ိဳးသမီးေတြဆိုရင္ ဆီးသြားၿပီးလို႔ သန႔္ရွင္းေရးလုပ္တဲ့အခါ အေရွ႕မွ အေနာက္ဘက္သို႔ သန႔္ရွင္းတဲ့ တစ္သွ်ဴးနဲ႔ေသခ်ာသုတ္ၿပီးမွ ေဘာင္းဘီကို ျပန္ဝတ္ပါ။ လိင္ဆက္ဆံၿပီး နာရီဝက္အတြင္း ဆီးတစ္ႀကိမ္ေတာ့ အနည္းဆုံးသြားပါ။ ေရေသာက္ဖို႔ မပ်င္းပါနဲ႔။

ဒီနည္းလမ္းေတြက ကိုယ့္အိမ္မွာ အလြယ္တကူျပဳလုပ္လို႔ရၿပီး ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ ျပႆနာကို အျမန္ဆုံးသက္သာေပ်ာက္ကင္းေစဖို႔ တစ္ဖက္တစ္လမ္းက ကူညီေပးႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (UTI) ဆိုတာ ျမန္ျမန္သိၿပီး ကုသမႈခံယူေလ ေပ်ာက္ဖို႔အရမ္းလြယ္ကူတာေၾကာင့္ ကိုယ့္က်န္းမာေရးကိုယ္ မေပါ့ဆဖို႔၊ အၿမဲသတိရွိဖို႔ ထပ္ၿပီးတိုက္တြန္းေပးလိုက္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Unicode ဖြင့်ဖတ်ရန်

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ
အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ ဝေဒနာရှင်အတွက်တော့ ခံစားရတာ သက်သာလှတယ်မဟုတ်ပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် မကုသဘဲ ပစ်ထားလိုက်တဲ့အခါမှသာ ကိုယ်တွင်းအင်္ဂါတွေကိုပါ ဒုက္ခပေးပြီး အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တာပါ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့

၁။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်ခြင်း

၂။ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်နေခြင်း

၃။ ဆီးအရောင်က အဖြူနောက်နောက် သို့မဟုတ် အညိုရောင်၊ လိမ္မော်ရောင်သမ်းနေခြင်း

၄။ ဆီးအနံ့အရမ်းပြင်းခြင်း

၅။ ဆီးသွားပြီးသွားတဲ့အခါ အထဲမှာဆီးကျန်နေသေးသလို ခံစားရခြင်း

၆။ တင်ပဆုံရိုးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ ဆီးလမ်းကြောင်းပိုးဝင်နေတယ်လို့ သံသယရှိရင်တော့ ဆေးခန်း၊ ဆေးရုံတွေမှာ ဆီးစစ်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ရောဂါဝေဒနာအမြန်ဆုံး သက်သာပျောက်ကင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေကို ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း သောက်ဖို့ လိုအပ်ပါတယ်။ ဆေးအပြင် တခြားလုပ်ပေးလို့ရမယ့် အိမ်တွင်းကုထုံးတွေအနေနဲ့

၁။ အရည်များများသောက်ပေးပါ။
အရည်ဆိုတဲ့နေရာမှာ အဓိကက ရေကို များများသောက်ပေးရမှာဖြစ်ပြီး ပုံမှန်ထက်ကို ပိုသောက်ပေးဖို့ လိုပါတယ်။ တစ်နေ့ကို ရေ ၃လီတာနဲ့ အထက် သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အရည်တွေအနေနဲ့ သစ်သီးဖျော်ရည်၊ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ ချင်းပြုတ်ရည်၊ ရေနွေးကြမ်းတွေကို သောက်လို့ရပါတယ်။ အရည်များများသောက်ပေးခြင်းဖြင့် ကိုယ်ခန္ဓာတွင်းရေဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် ဆီးသွားလိုက်တဲ့အတွက် ဆီးလမ်းကြောင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို အပြင်ဘက်ကို ပိုထွက်လာစေပါတယ်။

၂။ ဗီတာမင် စီ ပြည့်ဝနေပါစေ။
ဗီတာမင် စီ ကို အသားအရေလှစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ အဖျားတာတိုစေဖို့ အကျိုးရှိအာဟာရအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီနေရာမှာ ဗီတာမင် စီရဲ့ အလုပ်လုပ်ပုံကတော့ ဆီးရဲ့အက်စစ်ပါဝင်မှုနှုန်းကို မြှင့်တင်ပေးလို့ ဆီးလမ်းကြောင်းတွင်းရှိ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ရောဂါကို လျင်မြန်စွာ သက်သာစေတာပဲ ဖြစ်ပါတယ်။ ဗီတာမင် စီ ကို အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေမှာ အများဆုံး တွေ့ရပြီး ကိုယ့်အနေနဲ့ ဗီတာမင် စီမလုံလောက်ဘူးလို့ ခံစားရပါက ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ ဗီတာမင် စီ ဖြည့်စွက်အားဆေးတွေကို သောက်ပေးလို့ရပါတယ်။ ဗီတာမင် စီကို နေ့စဉ်ပြည့်ဝစွာ ရရှိတဲ့သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ နည်းတာကို တွေ့ရပါတယ်။

၃။ သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။
သဘာဝသစ်သီးတွေကို နို့ဆီ၊ သကြားအချိုတွေလုံးဝမထည့်ဘဲ လက်နဲ့ဖြစ်စေ၊ စက်နဲ့ကြိတ်ပြီး သောက်သုံးပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။ စတော်ဘယ်ရီသီးလို ဘယ်ရီသီးတွေ၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီးလိုမျိုး အရည်ရွှမ်းပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေကို ကြိတ်ပြီးဖျောက်သောက်လို့လည်း အဆင်ပြေပါတယ်။ နေ့တိုင်း တစ်နေ့တစ်ခွက်သောက်ပေးရုံနဲ့ လုံလောက်ပါတယ်။

၄။ ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယား (Probiotic) တွေ များနေပါစေ။
Probiotic ဆိုတဲ့ ကိုယ်ခန္ဓာအကျိုးပြုဘက်တီးရီးယားတွေကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကနေ အများဆုံးရရှိပါတယ်။ သူ့ရဲ့အကျိုးပြုပုံကတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အစာချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးတဲ့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အကျိုးပြုဘက်တီးရီးယားဆိုလည်း မမှားပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာပျောက်သွားတဲ့အခါ နောက်တစ်ခါထပ်ပြီး မဖြစ်စေအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Probiotic တွေကို ဒိန်ချဉ်၊ ကင်ချီတွေနဲ့ ကီဖာလို့ခေါ်တဲ့ အချဉ်ဖောက်ထားတဲ့အရည်တွေကနေ ရရှိနိုင်ပါတယ်။

၅။ နေထိုင်မှုပုံစံကို ဂရုစိုက်ပါ။
ဆီးသွားချင်ပြီဆိုရင် ဆီးမအောင့်ထားပါနဲ့။ ဆီးအောင့်ထားတဲ့အခါ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်ဖွားစေနိုင်တဲ့အတွက် ဆီးသွားချင်တဲ့ဆန္ဒဖြစ်ပေါ်လာပြီဆိုရင် ချက်ချင်းထသွားလိုက်ပါ။ အမျိုးသမီးတွေဆိုရင် ဆီးသွားပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှ အနောက်ဘက်သို့ သန့်ရှင်းတဲ့ တစ်သျှူးနဲ့သေချာသုတ်ပြီးမှ ဘောင်းဘီကို ပြန်ဝတ်ပါ။ လိင်ဆက်ဆံပြီး နာရီဝက်အတွင်း ဆီးတစ်ကြိမ်တော့ အနည်းဆုံးသွားပါ။ ရေသောက်ဖို့ မပျင်းပါနဲ့။

ဒီနည်းလမ်းတွေက ကိုယ့်အိမ်မှာ အလွယ်တကူပြုလုပ်လို့ရပြီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆိုတာ မြန်မြန်သိပြီး ကုသမှုခံယူလေ ပျောက်ဖို့အရမ်းလွယ်ကူတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် မပေါ့ဆဖို့၊ အမြဲသတိရှိဖို့ ထပ်ပြီးတိုက်တွန်းပေးလိုက်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

LEAVE A REPLY