Zawgyi ဖြင့်ဖတ်ရန်

 







Unicode ဖြင့်ဖတ်ရန်

စိုးရိမ်စရာ အခြေအနေမို့ယခုတစ်ကြိမ် ထပ်မံ သတိပေးလိုက်တဲ့ ဦးထွန်းလွင်

မွန်ပြည်နယ် ကရင်ပြည်နယ် တို့အတွက် စိုးရိမ်စရာ မိုးလေဝသသတင်းကိုပြောလာတဲ့ ဒေါက်တာဦးထွန်းလွသြဂုတ်လ အစမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ကရင်ပြည်နယ်၊ မွန်

ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးရှိ အချို့မြို့နယ်တွေမှာ ရေကြီးခဲ့ပြီး ရေဘေးအန္တရယ်ကျရောက်ခဲ့တာ အားလုံး အသိပါပဲ။ ရေဘေးတင် မကပဲ မြေပြိုမှုတွေပါဖြစ်ခဲ့တာကြောင့် လူပေါင်း ၆၀ ထက် မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။သြဂုတ်လ ၃၀ ရက်နေ့ မိုးလေဝသ တိုင်းတာချက်များကြောင့် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး

မုန်တိုင်ဖြစ်လာနိုင်ချေ ရှိတယ်လို့ အကြမ်းဖျဉ်း ယူဆရပါတယ်။ ၎င်း ကြောင့် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းပြင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မ ကွေးတိုင်းဒေသကြီးတို့ မှာ နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးရွာသွန်းနိုင်ပြီးတော့

မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ မိုးများလာနိုင်တာမို့ အားလုံး သတိထားနိုင်အောင် ကြိုတင် သတိပေးအပ်ပါတယ်

share from :burmese.asia

LEAVE A REPLY