Zawgyi ျဖင့္ဖတ္ရန္

 

ကြၽန္ေတာ္ ဦးေဇာ္ေဇာ္ကို ေျပာခ်င္တာကသူခုတေလာ Facebook မွာ စီးပြားေရးလုပ္တာႏွင့္ ပတ္သက္ၿပီး လူေတြ အားက် အတုယူစရာေတြ ေျပာေျပာေနသလို၊ အရမ္းေကာင္းတဲ့ မူေတြ ေျပာျပေနသလို ကြၽန္ေတာ္တို႔ႏွင့္ တကယ္ အလုပ္လုပ္ရာမွာလည္း အမွန္ေတြကို ေျပာၾကည့္ပါလား ကိုယ္က မွန္တာ မေျပာႏိုင္ရင္ေတာင္မွ သူမ်ားက မွားေနသလိုမ်ိဳးေတြ ေလွ်ာက္ေျပာတာမ်ိဳး မလုပ္ပါႏွင့္လား သူက စီးပြားေရးလုပ္ရာမွာ ရန္မမ်ားခ်င္ဘူးလို႔ ေျပာဖူးတယ္၊ ဟုတ္ၿပီ၊ အခုလိုေတြ လုပ္ေနလို႔ ရန္သူမ်ားလာရင္ သူ႔အတြက္ ဘယ္လိုမွာ ေကာင္းႏိုင္မွာ မဟုတ္ဘူးလို႔ ကြၽန္ေတာ္ ဒီေနရာကေန ဦးေဇာ္ေဇာ္ကို ေျပာခ်င္တယ္။

ကြၽန္ေတာ္တို႔က သူ႔ဘဏ္ကို ခ်ဥ္းကပ္တာလား၊ သူက ပါခ်င္လို႔ လာခ်ဥ္းကပ္တာလား အမွန္အတိုင္း ေျဖလိုက္ပါ လုပ္ငန္းအတြက္ စာခ်ဳပ္တုန္းက (၇) ႏွစ္ ေခ်းေငြေပးမယ္လို႔ ႏွစ္ဖက္စလုံး သေဘာတူ တရားဝင္ ခ်ဳပ္ဆိုထားတာ အေထာက္အထား တိတိက်က် ျပႏိုင္တယ္၊ ဒီအတိုင္းပဲ ဆက္လုပ္ရမွာ ေနာက္ပိုင္းက်မွ သူတို႔ ဘဏ္မွာ fraud ( ရာဇဝတ္မႈေျမာက္တဲ့ မွားယြင္းမႈ) တစ္ခုျဖစ္လို႔၊ ဘဏ္လုပ္ထုံး လုပ္နည္း မညီတဲ့ credit limit ေက်ာ္တာေတြ ျဖစ္ေနလို႔ (၇) ႏွစ္ မလုပ္ခ်င္ေတာ့ဘူး လာေျပာတယ္။

တကယ္ေတာ့ ဒီရာဇဝတ္မႈ ေျမာက္တဲ့ အမွားႏွင့္ ဘဏ္စည္းမ်ဥ္း မညီတာေတြက သူတို႔ ဘဏ္တြင္း ျပႆနာသာျဖစ္ၿပီး ကြၽန္ေတာ္တို႔ တာဝန္မွ မဟုတ္တာ ဘဏ္မွာ ဒီလို အမွားေတြျဖစ္လို႔ စာရင္းတစ္ခုကို ပိတ္ၿပီး ျပန္အဖြင့္ျပဖို႔လိုပါတယ္၊ အဲ့လိုမွ မဟုတ္ရင္ သူစရံ စိုက္ထားတာ တစ္ခုပါ ဆုံးရပါလိမ့္မယ္၊ ေဒၚလာ (၆) သန္းထဲ့ေပးပါ ဆိုလို႔ေတာင္ ကြၽန္ေတာ္ထဲ့ေပးခဲ့ရေသးတယ္ တကယ္ေတာ့ စာခ်ဳပ္စာတန္းအရ ကြၽန္ေတာ္ဘာမွ ထဲ့ေပးဖို႔ တာဝန္ မရွိဘဲႏွင့္ သူ႔အေပၚယုံၾကည္မႈႏွင့္ ႏွစ္ဖက္သိကၡာေၾကာင့္ ကြၽန္ေတာ္ ထဲ့ေပးခဲ့တာ ဘဏ္ကို ထဲ့ေပးလိုက္တဲ့အျပင္ ကား အစီး တစ္ေထာင္ ျပည့္ေအာင္ ေပးဖို႔လိုတာကိုေတာင္ ကိုယ့္ပိုက္ဆံႏွင့္ ကိုယ္ပဲ ေပးလိုက္ရတာ။

ကြၽန္ေတာ္တို႔ ဘတ္စ္ကား လုပ္တယ္ဆိုတာ ျပည္သူ႔ဝန္ေဆာင္မႈ လုပ္ေနတာ၊ ယာဥ္စီးခ ၂၀၀၊ ၃၀၀ ေလာက္ႏွင့္ အေကာင္းဆုံး ဝန္ေဆာင္မႈတစ္ခု အမ်ားျပည္သူကို ေပးေနတာ၊ လိုင္းအားလုံးမွာလည္း အေကာင္းဆုံး ဆုရထားၿပီး ရပ္တည္ေနတာဒါကို တရားဝင္ သေဘာတူထားတဲ့ (၇) ႏွစ္ကို မလုပ္ခ်င္ေတာ့ဘူး၊ ေလ်ာ့မယ္ဆိုၿပီး ျပန္ေတာင္းလာရင္ သူတို႔ေတာင္းတာ လိုက္ေလ်ာဖို႔ ျပည္သူလူထုဆီက တိုးေကာက္ရမွာလား၊ ေပးေနတဲ့ ဝန္ေဆာင္မႈ အရည္အေသြးကို ေလ်ာ့ပစ္ရမွာလား၊ အဲလိုေတာ့ ကြၽန္ေတာ္တို႔ မလုပ္ႏိုင္ဘူး၊ ဘဏ္ကိုပဲ ရေအာင္ညႇိမယ္။ ဒါကိုမွ သူတို႔က တရားစြဲမယ္ဆိုရင္ေတာ့ အစတည္းက လုပ္ထုံး လုပ္နည္း အမွားႀကီးလာတဲ့ဖက္ကို ကြၽန္ေတာ္တို႔က အမွန္အတိုင္း ျပန္ရင္ဆိုင္ရမွာမို႔ သေဘာက်တယ္သူ႔ဟာသူ အျပင္မွာ ကြၽန္ေတာ္တို႔က မွားတာ၊ ဆိုးတာဆိုတာမ်ိဳး ေျပာေနတာေတြ တရားမဝင္ေတာ့ဘူး၊ဥပေဒ အရ တရားဝင္ သက္ေသခံခ်က္ေတြႏွင့္ပဲ သြားရေတာမယ္ ဆိုတာ သိဖို႔ေကာင္းတယ္။

share from :/burmese.asia

Unicode ဖြင့်ဖတ်ရန်

ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး ဦးဇော်ဇော်ကို ဒဲ့ပြောလိုက်တဲ့ ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်း

ကျွန်တော် ဦးဇော်ဇော်ကို ပြောချင်တာကသူခုတလော Facebook မှာ စီးပွားရေးလုပ်တာနှင့် ပတ်သက်ပြီး လူတွေ အားကျ အတုယူစရာတွေ ပြောပြောနေသလို၊ အရမ်းကောင်းတဲ့ မူတွေ ပြောပြနေသလို ကျွန်တော်တို့နှင့် တကယ် အလုပ်လုပ်ရာမှာလည်း အမှန်တွေကို ပြောကြည့်ပါလား ကိုယ်က မှန်တာ မပြောနိုင်ရင်တောင်မှ သူများက မှားနေသလိုမျိုးတွေ လျှောက်ပြောတာမျိုး မလုပ်ပါနှင့်လား သူက စီးပွားရေးလုပ်ရာမှာ ရန်မများချင်ဘူးလို့ ပြောဖူးတယ်၊ ဟုတ်ပြီ၊ အခုလိုတွေ လုပ်နေလို့ ရန်သူများလာရင် သူ့အတွက် ဘယ်လိုမှာ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ဒီနေရာကနေ ဦးဇော်ဇော်ကို ပြောချင်တယ်။

ကျွန်တော်တို့က သူ့ဘဏ်ကို ချဉ်းကပ်တာလား၊ သူက ပါချင်လို့ လာချဉ်းကပ်တာလား အမှန်အတိုင်း ဖြေလိုက်ပါ လုပ်ငန်းအတွက် စာချုပ်တုန်းက (၇) နှစ် ချေးငွေပေးမယ်လို့ နှစ်ဖက်စလုံး သဘောတူ တရားဝင် ချုပ်ဆိုထားတာ အထောက်အထား တိတိကျကျ ပြနိုင်တယ်၊ ဒီအတိုင်းပဲ ဆက်လုပ်ရမှာ နောက်ပိုင်းကျမှ သူတို့ ဘဏ်မှာ fraud ( ရာဇဝတ်မှုမြောက်တဲ့ မှားယွင်းမှု) တစ်ခုဖြစ်လို့၊ ဘဏ်လုပ်ထုံး လုပ်နည်း မညီတဲ့ credit limit ကျော်တာတွေ ဖြစ်နေလို့ (၇) နှစ် မလုပ်ချင်တော့ဘူး လာပြောတယ်။

တကယ်တော့ ဒီရာဇဝတ်မှု မြောက်တဲ့ အမှားနှင့် ဘဏ်စည်းမျဉ်း မညီတာတွေက သူတို့ ဘဏ်တွင်း ပြဿနာသာဖြစ်ပြီး ကျွန်တော်တို့ တာဝန်မှ မဟုတ်တာ ဘဏ်မှာ ဒီလို အမှားတွေဖြစ်လို့ စာရင်းတစ်ခုကို ပိတ်ပြီး ပြန်အဖွင့်ပြဖို့လိုပါတယ်၊ အဲ့လိုမှ မဟုတ်ရင် သူစရံ စိုက်ထားတာ တစ်ခုပါ ဆုံးရပါလိမ့်မယ်၊ ဒေါ်လာ (၆) သန်းထဲ့ပေးပါ ဆိုလို့တောင် ကျွန်တော်ထဲ့ပေးခဲ့ရသေးတယ် တကယ်တော့ စာချုပ်စာတန်းအရ ကျွန်တော်ဘာမှ ထဲ့ပေးဖို့ တာဝန် မရှိဘဲနှင့် သူ့အပေါ်ယုံကြည်မှုနှင့် နှစ်ဖက်သိက္ခာကြောင့် ကျွန်တော် ထဲ့ပေးခဲ့တာ ဘဏ်ကို ထဲ့ပေးလိုက်တဲ့အပြင် ကား အစီး တစ်ထောင် ပြည့်အောင် ပေးဖို့လိုတာကိုတောင် ကိုယ့်ပိုက်ဆံနှင့် ကိုယ်ပဲ ပေးလိုက်ရတာ။

ကျွန်တော်တို့ ဘတ်စ်ကား လုပ်တယ်ဆိုတာ ပြည်သူ့ဝန်ဆောင်မှု လုပ်နေတာ၊ ယာဉ်စီးခ ၂၀၀၊ ၃၀၀ လောက်နှင့် အကောင်းဆုံး ဝန်ဆောင်မှုတစ်ခု အများပြည်သူကို ပေးနေတာ၊ လိုင်းအားလုံးမှာလည်း အကောင်းဆုံး ဆုရထားပြီး ရပ်တည်နေတာဒါကို တရားဝင် သဘောတူထားတဲ့ (၇) နှစ်ကို မလုပ်ချင်တော့ဘူး၊ လျော့မယ်ဆိုပြီး ပြန်တောင်းလာရင် သူတို့တောင်းတာ လိုက်လျောဖို့ ပြည်သူလူထုဆီက တိုးကောက်ရမှာလား၊ ပေးနေတဲ့ ဝန်ဆောင်မှု အရည်အသွေးကို လျော့ပစ်ရမှာလား၊ အဲလိုတော့ ကျွန်တော်တို့ မလုပ်နိုင်ဘူး၊ ဘဏ်ကိုပဲ ရအောင်ညှိမယ်။ ဒါကိုမှ သူတို့က တရားစွဲမယ်ဆိုရင်တော့ အစတည်းက လုပ်ထုံး လုပ်နည်း အမှားကြီးလာတဲ့ဖက်ကို ကျွန်တော်တို့က အမှန်အတိုင်း ပြန်ရင်ဆိုင်ရမှာမို့ သဘောကျတယ်သူ့ဟာသူ အပြင်မှာ ကျွန်တော်တို့က မှားတာ၊ ဆိုးတာဆိုတာမျိုး ပြောနေတာတွေ တရားမဝင်တော့ဘူး၊ဥပဒေ အရ တရားဝင် သက်သေခံချက်တွေနှင့်ပဲ သွားရတောမယ် ဆိုတာ သိဖို့ကောင်းတယ်။

share from :/burmese.asia

LEAVE A REPLY