Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလးမ်ားအတြက္ ခ်စ္သူရဲ႕ သည္းသည္းလႈပ္ အခ်စ္ကိုခံရတာေလာက္ ၾကည္ႏူးစရာေကာင္းတဲ့အရာ မရွိေတာ့ပါဘူး။ ဒါေပမယ့္ အဲလိုအခ်စ္ခံရဖို႔ လိုက္လုပ္ရမယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။ ဘာေတြလဲဆိုတာ ေဖာ္ျပေပးမယ္ေနာ္။

(၁) ခြၽဲပါ

အၿမဲတမ္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သင့္ခ်စ္သူ စိတ္ၾကည္ေနတဲ့အခ်ိန္ေတြမွာ ခြၽဲေပးပါ။ အိုဗာႀကီးေတာ့ မျဖစ္ေစနဲ႔ေပါ့ေနာ္။ ဥပမာ ကိုယ္လုပ္ႏိုင္တဲ့ အေသးအဖြဲေလးေတြကို သူ႔ကို လုပ္ခိုင္းတာတို႔၊ ကေလးေလးလို ျပဳမူျပတာတို႔၊ ႐ုပ္ေျပာင္ျပတာတို႔၊ သူ႔ကို ပြတ္သီးပြတ္သပ္ လုပ္ေပးတာမ်ိဳးေတြ လုပ္ေပးပါ။ ဒါဆိုရင္ေတာ့ သင့္ကို ကေလးေလးတစ္ေယာက္လို ျမင္ၿပီး စိတ္ၾကည္ေနတဲ့အခ်ိန္လည္းျဖစ္ေတာ့ အခ်စ္ေတြ ပိုတိုးလာမွာျဖစ္ပါတယ္။

(၂) သူ႔ကို ၾကင္နာျပပါ

ေယာက်္ားေလးေတြက အသည္းမာတဲ့ အသြင္ေဆာင္ေပမယ့္ တကယ္တမ္းေတာ့ သူတို႔ဟာ အရမ္းကို စိတ္ေပ်ာ့ၾကပါတယ္။ အေခ်ာ့ႀကိဳက္တာ၊ ၾကင္နာတာကို ႀကိဳက္တာ သူတို႔အျပင္ ႏွစ္ေယာက္မရွိပါဘူး။ ဒါေၾကာင့္ သူတို႔ကို ၾကင္နာျပဖို႔ မေမ့ပါနဲ႔။ ေနမေကာင္းတဲ့အခ်ိန္ ဂ႐ုစိုက္တာ၊ ေအးေနတဲ့အခ်ိန္ အေႏြးထည္ ဝတ္ေပးတာ၊ အစားေသာက္ေကာင္းေလးေတြ ခ်က္ေကြၽးတာမ်ိဳး မၾကာခဏ လုပ္ေပးရင္ သင့္ကို မ်က္စိေအာက္ကေနေတာင္ အေပ်ာက္ခံႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

(၃) ထိေတြ႕ပါ

သင့္ခ်စ္သူကို မ်ားမ်ားထိေတြ႕ေပးပါ။ သင္တို႔ႏွစ္ေယာက္ ေလွ်ာက္လည္တဲ့အခါ လက္တြဲတာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ မွီၿပီးထိုင္တာ၊ ေဆာ့ကစားတာ၊ ေပြ႕ဖက္တာ၊ နမ္းတာေတြ မ်ားမ်ား လုပ္ေပးပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိေတြ႕တာ မ်ားတဲ့အခါ သံေယာဇဥ္ ပိုခိုင္မာလာတာေၾကာင့္ ၾကာလာရင္ သင့္ကို မ်က္စိေအာက္ကေနေတာင္ အေပ်ာက္ခံေတာ့မွာ မဟုတ္ပါဘူး။

(၄) ေလးစားျပပါ

မိန္းကေလးေတြက အခ်စ္ခံခ်င္တယ္၊ ေယာက်္ားေလးေတြကေတာ့ ေလးစားခံခ်င္ၾကပါတယ္။ ဒါေၾကာင့္ သင့္ခ်စ္သူကို လူေတြေရွ႕မွာ ေလးစားျပပါ။ သင္တို႔ႏွစ္ေယာက္တည္းရွိတဲ့ အခ်ိန္မွာ သင့္ကို သည္းခံတယ္၊ သင့္အႀကိဳက္လိုက္ေပးတ ယ္၊ သင့္အႏြံတာကို ခံေပးထားတာပါ။ ဒါေပမယ့္ လူအမ်ားေရွ႕ေရာက္ရင္ေတာ့ သူ႔ကို ေလးစားျပဖို႔ လုံးဝ မေမ့ပါနဲ႔။ ဒါက သူ႔ဆီက အခ်စ္ေတြအားလုံးကို အပိုင္သိမ္းႏိုင္မယ့္ နည္းလမ္းပါ။

(၅) လွလွေလးျပင္ဆင္ပါ

ဒီအခ်က္က အရမ္းကို အေရးႀကီးပါတယ္။ သင့္ခ်စ္သူက သင့္ကို မျပင္ပဲေနလည္း လွပါတယ္လို႔ ေျပာေကာင္းေျပာမယ္။ ဒါေပမယ့္ ျပင္တာနဲ႔၊ မျပင္တာနဲ႔ ေ႐ြးဆို ျပင္တာကိုပဲ ေ႐ြးမွာပါ။ ဒါေၾကာင့္ သင့္ခ်စ္သူရဲ႕ သည္းသည္းလႈပ္ခ်စ္တာ၊ မ်က္စိေအာက္ကေန အေပ်ာက္မခံႏိုင္ေလာက္ေအာင္ ခ်စ္တာကို ခံခ်င္တယ္ဆိုရင္ေတာ့ သင့္ရဲ႕ အသြင္အျပင္ဟာ အရမ္းကို အေရးႀကီးတာေၾကာင့္ ျပင္ျပင္ဆင္ဆင္ေလးေနပါ။

Credit : (Auntymay)

Unicode ဖြင့်ဖတ်ရန်

သဲသဲလှုပ် အချစ်ခံရစေမယ့် နည်းလမ်းလေးများ

မိန်းကလေးများအတွက် ချစ်သူရဲ့ သည်းသည်းလှုပ် အချစ်ကိုခံရတာလောက် ကြည်နူးစရာကောင်းတဲ့အရာ မရှိတော့ပါဘူး။ ဒါပေမယ့် အဲလိုအချစ်ခံရဖို့ လိုက်လုပ်ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ ဖော်ပြပေးမယ်နော်။

(၁) ချွဲပါ

အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ချစ်သူ စိတ်ကြည်နေတဲ့အချိန်တွေမှာ ချွဲပေးပါ။ အိုဗာကြီးတော့ မဖြစ်စေနဲ့ပေါ့နော်။ ဥပမာ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲလေးတွေကို သူ့ကို လုပ်ခိုင်းတာတို့၊ ကလေးလေးလို ပြုမူပြတာတို့၊ ရုပ်ပြောင်ပြတာတို့၊ သူ့ကို ပွတ်သီးပွတ်သပ် လုပ်ပေးတာမျိုးတွေ လုပ်ပေးပါ။ ဒါဆိုရင်တော့ သင့်ကို ကလေးလေးတစ်ယောက်လို မြင်ပြီး စိတ်ကြည်နေတဲ့အချိန်လည်းဖြစ်တော့ အချစ်တွေ ပိုတိုးလာမှာဖြစ်ပါတယ်။

(၂) သူ့ကို ကြင်နာပြပါ

ယောကျ်ားလေးတွေက အသည်းမာတဲ့ အသွင်ဆောင်ပေမယ့် တကယ်တမ်းတော့ သူတို့ဟာ အရမ်းကို စိတ်ပျော့ကြပါတယ်။ အချော့ကြိုက်တာ၊ ကြင်နာတာကို ကြိုက်တာ သူတို့အပြင် နှစ်ယောက်မရှိပါဘူး။ ဒါကြောင့် သူတို့ကို ကြင်နာပြဖို့ မမေ့ပါနဲ့။ နေမကောင်းတဲ့အချိန် ဂရုစိုက်တာ၊ အေးနေတဲ့အချိန် အနွေးထည် ဝတ်ပေးတာ၊ အစားသောက်ကောင်းလေးတွေ ချက်ကျွေးတာမျိုး မကြာခဏ လုပ်ပေးရင် သင့်ကို မျက်စိအောက်ကနေတောင် အပျောက်ခံနိုင်တော့မှာ မဟုတ်ပါဘူး။

(၃) ထိတွေ့ပါ

သင့်ချစ်သူကို များများထိတွေ့ပေးပါ။ သင်တို့နှစ်ယောက် လျှောက်လည်တဲ့အခါ လက်တွဲတာ၊ တစ်ယောက်နဲ့တစ်ယောက် မှီပြီးထိုင်တာ၊ ဆော့ကစားတာ၊ ပွေ့ဖက်တာ၊ နမ်းတာတွေ များများ လုပ်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့တာ များတဲ့အခါ သံယောဇဉ် ပိုခိုင်မာလာတာကြောင့် ကြာလာရင် သင့်ကို မျက်စိအောက်ကနေတောင် အပျောက်ခံတော့မှာ မဟုတ်ပါဘူး။

(၄) လေးစားပြပါ

မိန်းကလေးတွေက အချစ်ခံချင်တယ်၊ ယောကျ်ားလေးတွေကတော့ လေးစားခံချင်ကြပါတယ်။ ဒါကြောင့် သင့်ချစ်သူကို လူတွေရှေ့မှာ လေးစားပြပါ။ သင်တို့နှစ်ယောက်တည်းရှိတဲ့ အချိန်မှာ သင့်ကို သည်းခံတယ်၊ သင့်အကြိုက်လိုက်ပေးတ ယ်၊ သင့်အနွံတာကို ခံပေးထားတာပါ။ ဒါပေမယ့် လူအများရှေ့ရောက်ရင်တော့ သူ့ကို လေးစားပြဖို့ လုံးဝ မမေ့ပါနဲ့။ ဒါက သူ့ဆီက အချစ်တွေအားလုံးကို အပိုင်သိမ်းနိုင်မယ့် နည်းလမ်းပါ။

(၅) လှလှလေးပြင်ဆင်ပါ

ဒီအချက်က အရမ်းကို အရေးကြီးပါတယ်။ သင့်ချစ်သူက သင့်ကို မပြင်ပဲနေလည်း လှပါတယ်လို့ ပြောကောင်းပြောမယ်။ ဒါပေမယ့် ပြင်တာနဲ့၊ မပြင်တာနဲ့ ရွေးဆို ပြင်တာကိုပဲ ရွေးမှာပါ။ ဒါကြောင့် သင့်ချစ်သူရဲ့ သည်းသည်းလှုပ်ချစ်တာ၊ မျက်စိအောက်ကနေ အပျောက်မခံနိုင်လောက်အောင် ချစ်တာကို ခံချင်တယ်ဆိုရင်တော့ သင့်ရဲ့ အသွင်အပြင်ဟာ အရမ်းကို အရေးကြီးတာကြောင့် ပြင်ပြင်ဆင်ဆင်လေးနေပါ။

Credit : (Auntymay)

LEAVE A REPLY