Zawgyi ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားလေးက ဒီလူတွေပါလို့ ပြလိုက်တာတောင် မဖမ်းဘူးလား ဆိုပြီး မေးခွန်းထုတ်နေကြတဲ့ အပေါ်မှာ တရားခံဘယ်သူလို့ပြောပေမယ့် ဖမ်းလို့မရသေးတဲ့အကြောင်းရင်းကို ဗစ်တိုးရီးယားလေးအမှုကို အစကတည်းကလိုက်ပါ ဆောင်ရွက်ပြီး ကူညီပေးနေသူ သက္ကမိုးညို မှ အများသိအောင် တင်ပြထားခြင်းကို  ပြန်လည် မျှဝေပေးလိုက်ပါတယ်။








Unicode ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားလေးက ဒီလူတွေပါလို့ ပြလိုက်တာတောင် မဖမ်းဘူးလားလို့ မေးခွန်းထုတ်နေခြင်းနဲ့ ပတ်သက်ပြီးဖြေရှင်း

ဗစ်တိုးရီးယားလေးက ဒီလူတွေပါလို့ ပြလိုက်တာတောင် မဖမ်းဘူးလား ဆိုပြီး မေးခွန်းထုတ်နေကြတဲ့ အပေါ်မှာ တရားခံဘယ်သူလို့ပြောပေမယ့် ဖမ်းလို့မရသေးတဲ့အကြောင်းရင်းကို ဗစ်တိုးရီးယားလေးအမှုကို အစကတည်းကလိုက်ပါ ဆောင်ရွက်ပြီး ကူညီပေးနေသူ သက္ကမိုးညို မှ အများသိအောင် တင်ပြထားခြင်းကို ApannPyay မှ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၁ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးစောင့်ကြည့်နေကြတဲ့ ဗစ်တိုးရီးယားလေးအမှုမှာ နစ်နာသူကိုယ်တိုင်ဖြစ်တဲ့ ဗစ်တိုးရီးယားလေးကို တရားရုံးက မေးမြန်းခဲ့ပါတယ်။ ဒီရုံးချိန်းဟာ ၆ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး ဗစ်တိုးရီးယားလေးဟာ သူ့ကို ကိုကိုနဲ့ညီညီက ဘယ်လိုကျူးလွန်ခဲ့တာကို အသေးစိတ်ပြောပြခဲ့တယ်လို့ သတင်းဌာနတွေရဲ့ ပြန်ကြားထုတ်ပြန်ချက်များအရ အားလုံးသိရှိခဲ့ပြီးဖြစ်ပါတယ်။

ဒီအမှုကိုစောင့်ကြည့်နေတဲ့ပြည်သူတွေက တရားခံကိုသိရဲ့နဲ့ဘာလို့မဖမ်းသေးတာလဲဆိုတဲ့ ဝေဖန်မှုတွေထွက်လာတဲ့အပေါ် ဗစ်တိုးရီးယားလေးရဲ့အမှုကို ပါဝင်ကူညီပေးနေတဲ့ သက္ကမိုးညို facebook အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းက သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရှင်းပြခဲ့ပါတယ်။

လက်ရှိရင်ဆိုင်နေရတာဟာ တရားစီရင်ရေးလမ်းကြောင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးမဟုတ်တဲ့အတွက် သံသယတရားခံလို့သိသည့်တိုင်အောင် ဖမ်းဆီးချင်ရင်တောင် ရဲဘက်ကတင်သွင်းလာတဲ့တရားခံကို တရားရုံးက တရားခံမှန်ကြောင်း မမှန်ကြောင်းဆုံးဖြတ်တာနဲ့ ဗစ်တိုးရီးယားလေးရဲ့ထွက်ဆိုချက်တွေကို ပြသတာဖြစ်တဲ့အတွက် သွားတဲ့လမ်းနဲ့ ကိရိယာမတူပဲဖြစ်နေကြောင်း ပြောပြထားတာပါ။

တဖက်မှာလည်း ပြည်သူတွေဟာ ကိုအောင်ကြီးကို သံသယတရားခံအနေနဲ့စစ်ဆေးတဲ့ တရားစီရင်ရေးအချိန်ကာလအတွင်ူမှာ တရားခံအမှန်တွေ တိမ်းရှောင်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းတွေ ထုတ်နေကြပြီး လက်ရှိမှာတော့ ကိုကိုနဲ့ညီညီကို သံသယတရားခံအနေနဲ့ တင်သွင်းမှာလား မတင်သွင်းဘူးလားဆိုတာဆက်လက်စောင့်ကြည့်ရမှာပါ။

ဒါ့ကြောင့် သမီးလေး ပြတိုင်း ဖမ်းလို့ မရသေးပါဘူး။ သူ့ပရောဆက်ကို ဆက်သွားနေရပါတယ်။ ဆက်သွားရင်းမှ ဘာလုပ်လို့ ရမလဲ။ အမှန်တရားကို ဘယ်လို ဖေါ်ရင် ရမလဲ ဆိုတာ ဆက်တွေး၊ ဆက်လုပ်နေရကြောင်း ရေးသားဖော်ပြသွားခဲ့ပါတယ်။

ဒါသည်ပင် ကျွန်တော်တို့ရဲ့ သဘောသဘာ၀ အမှန်ပါပဲ။

Credit to Yenin Phawah- APANNPYAY,

LEAVE A REPLY