Zawgyi ျဖင့္ဖတ္ရန္

ဗစ္တိုးရီးယား အမႈႏွင့္ပတ္သက္၍ လြဲေခ်ာ္မႈတစ္စုံတစ္ရာျဖစ္ေပၚပါက တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္ႏွင့္ တာဝန္ခံရမည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံးက ထပ္မံသတိေပးလိုက္သည္။ ယေန႔ ညေနက ေနျပည္ေတာ္သမၼတအိမ္ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ Press Briefing တြင္ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌး က ေျပာၾကားခဲ့ျခင္းျဖစ္သည္။ ယခုထိ ဗစ္တိုးရီးယား အမႈကို ေစာင့္ၾကည့္ေနေၾကာင္း ဦးေဇာ္ေဌးက ဆိုသည္။

“လြဲေခ်ာ္မႈေတြတစ္စုံတစ္ရာျဖစ္တယ္ဆိုရင္ တာဝန္ယူမႈ တာဝန္ခံမႈအျပည့္နဲ႔ တာဝန္ခံရမယ္။ ေတာက္ေလွ်ာက္ က်ေနာ္တို႔ေစာင့္ၾကည့္ေနတယ္” ဟု ၎ ကဆိုသည္။ အမႈၿပီးျပတ္ခ်ိန္တြင္ တရားခံမွာ ခု ဖမ္းဆီးထားသည့္ ေအာင္ႀကီးမဟုတ္ပါက ရဲတပ္ဖြဲ႕အား အေရးယူမည္လားဟု ေမးျမန္းရာ ဦးေဇာ္ေဌး က “အမႈကလည္း မၿပီးျပတ္ေသးဘူး။ ေစာင့္ၾကည့္ေပါ့” ဟု ျပန္လည္ေျဖၾကားခဲ့သည္။ ၿပီးခဲ့သည့္ Press Briefing တစ္ခုတြင္လည္း သမၼတ႐ုံးက ယင္းသို႔ တစ္ႀကိမ္ သတိေပးခဲ့ေသးသည္။

ဗစ္တိုးရီးယား အမႈတြင္ က်ဴးလြန္သူအျဖစ္ ယာဥ္ေမာင္း ကိုေအာင္ႀကီးကို ရဲတပ္ဖြဲ႕က စြပ္စြဲဖမ္းဆီးတရားစြဲထားသည္။ ယင္းကိစၥႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕ ဒုရဲခ်ဳပ္ ရဲမႉးခ်ဳပ္ ေအာင္ႏိုင္သူက သမၼတ႐ုံးတြင္ သတင္းစာရွင္းလင္းခ်ိန္က ကေလးကိုယ္တိုင္ ေ႐ြးခ်ယ္သည့္ က်ဴးလြန္သူသည္ ေအာင္ႀကီးျဖစ္သည္ဟု သတင္းေထာက္မ်ားကိုေျပာဆိုခဲ့သည္။

သို႔ေသာ္ ေနာက္ဆုံးျပဳလုပ္ထားသည့္ ႐ုံးခ်ိန္းတြင္ က်ဴးလြန္ခံရသူ Victoria ကေလးငယ္ က အမႈက်ဴးလြန္သူသည္ ကိုကိုႏွင့္ညီညီ ျဖစ္သည္ဟု တရားခြင္၌ ထြက္ဆိုခဲ့သည္။ဗစ္တိုးရီးယား အမႈႏွင့္ပတ္သက္၍ အခင္းျဖစ္ပြားသည့္ မူႀကိဳေက်ာင္းသည္ လူကယ္ျပန္ဝန္ႀကီးဌာနေအာက္တြင္ရွိၿပီး က်န္ ပုဂၢလိကေက်ာင္းမ်ားမွာ ပညာေရးဝန္ႀကီးဌာနေအာက္တြင္ ရွိသျဖင့္ ပညာေရးဝန္ႀကီးဌာနက တစ္ခါသြားေရာက္စစ္ေဆးခဲ့ရာ စည္းမ်ဥ္းႏွင့္ကိုက္ညီမႈရွိေၾကာင္း ဦးေဇာ္ေဌးက ရွင္းျပသည္။ လက္ရွိတြင္ အခင္းျဖစ္ပြားေသာ မူႀကိဳေက်ာင္းကိုမူ လူကယ္ျပန္ဝန္ႀကီးဌာနကယာယီပိတ္ခိုင္းထားသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားအမှု တစ်ခုခု လွဲချော်ခဲ့ပါက ရဲတပ်ဖွဲ့ အပြည့်အဝ တာဝန်ခံရမည်ဟု ထပ်မံသတိပေး

ဗစ်တိုးရီးယား အမှု နိုင်ငံတော်
ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ လွဲချော်မှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက တာဝန်ယူမှု တာဝန်ခံမှု အပြည့်နှင့် တာဝန်ခံရမည်ဟု နိုင်ငံတော်သမ္မတရုံးက ထပ်မံသတိပေးလိုက်သည်။ ယနေ့ ညနေက နေပြည်တော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် Press Briefing တွင် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး က ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုထိ ဗစ်တိုးရီးယား အမှုကို စောင့်ကြည့်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။

“လွဲချော်မှုတွေတစ်စုံတစ်ရာဖြစ်တယ်ဆိုရင် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ တာဝန်ခံရမယ်။ တောက်လျှောက် ကျနော်တို့စောင့်ကြည့်နေတယ်” ဟု ၎င်း ကဆိုသည်။ အမှုပြီးပြတ်ချိန်တွင် တရားခံမှာ ခု ဖမ်းဆီးထားသည့် အောင်ကြီးမဟုတ်ပါက ရဲတပ်ဖွဲ့အား အရေးယူမည်လားဟု မေးမြန်းရာ ဦးဇော်ဌေး က “အမှုကလည်း မပြီးပြတ်သေးဘူး။ စောင့်ကြည့်ပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ပြီးခဲ့သည့် Press Briefing တစ်ခုတွင်လည်း သမ္မတရုံးက ယင်းသို့ တစ်ကြိမ် သတိပေးခဲ့သေးသည်။

ဗစ်တိုးရီးယား အမှုတွင် ကျူးလွန်သူအဖြစ် ယာဉ်မောင်း ကိုအောင်ကြီးကို ရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးတရားစွဲထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲမှူးချုပ် အောင်နိုင်သူက သမ္မတရုံးတွင် သတင်းစာရှင်းလင်းချိန်က ကလေးကိုယ်တိုင် ရွေးချယ်သည့် ကျူးလွန်သူသည် အောင်ကြီးဖြစ်သည်ဟု သတင်းထောက်များကိုပြောဆိုခဲ့သည်။

သို့သော် နောက်ဆုံးပြုလုပ်ထားသည့် ရုံးချိန်းတွင် ကျူးလွန်ခံရသူ Victoria ကလေးငယ် က အမှုကျူးလွန်သူသည် ကိုကိုနှင့်ညီညီ ဖြစ်သည်ဟု တရားခွင်၌ ထွက်ဆိုခဲ့သည်။ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် မူကြိုကျောင်းသည် လူကယ်ပြန်ဝန်ကြီးဌာနအောက်တွင်ရှိပြီး ကျန် ပုဂ္ဂလိကကျောင်းများမှာ ပညာရေးဝန်ကြီးဌာနအောက်တွင် ရှိသဖြင့် ပညာရေးဝန်ကြီးဌာနက တစ်ခါသွားရောက်စစ်ဆေးခဲ့ရာ စည်းမျဉ်းနှင့်ကိုက်ညီမှုရှိကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။ လက်ရှိတွင် အခင်းဖြစ်ပွားသော မူကြိုကျောင်းကိုမူ လူကယ်ပြန်ဝန်ကြီးဌာနကယာယီပိတ်ခိုင်းထားသည်။

share from : burmese.asia

LEAVE A REPLY