Zawgyi ျဖင့္ဖတ္ရန္

မိန္းမကိုယ္က ထြက္တဲ့ အနံ႔ ၇ မ်ိဳးနဲ႔ သူတို႔ကို ဘယ္လို ေျဖရွင္းၾကမလဲ ။ ။
ကိုယ္ေပၚက အရာေတြ အားလုံးမွာ ကိုယ္ပိုင္အနံ႔ေတြရွိတတ္ၾကပါတယ္။ ခံတြင္းနံ႔၊ ကိုယ္သင္းနံ႔၊ ဆံပင္နံ႔ စတာေတြလိုပဲ မိန္းမကိုယ္မွာလည္း အနံ႔ရွိပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္၊ ရာသီလာခ်ိန္၊ ေသြးဆုံးခ်ိန္၊ က်န္းမာေရး အေျခအေနနဲ႔ စားေသာက္မႈပုံစံ တို႔နဲ႔လိုက္ၿပီး အနံ႔ေတြက ေျပာင္းလဲေနတာပါ။ ဒီလို အနံ႔ေတြ ေျပာင္းလဲေနတဲ့ မိန္းမကိုယ္မွာ အနံ႔ ၇ မ်ိဳးေတာင္ရွိတယ္ဆိုရင္ အံ့ၾသသြားမလား ။ ။

မိန္းမကိုယ္မွ ထြက္တဲ့ အနံ႔ ၇မ်ိဳး ။ ။
မိန္းမကိုယ္ကထြက္တဲ့ အနံ႔ ၇ မ်ိဳးေတာင္ရွိတာလားဆိုၿပီး အံ့ၾသမသြားလိုက္ပါနဲ႔။ မိန္းမကိုယ္ က်န္းမာေရး အေျခအေနေပၚမူတည္ၿပီး ေျပာင္းလဲထြက္ေပၚလာတဲ့ ဒီအနံ႔ေတြဟာ သင့္မိန္းမကိုယ္က်န္းမာေရးကို ေျခရာခံႏိုင္မယ့္ သဲလြန္စေတြပါ။ ဒီေတာ့အနံ႔ ၇ မ်ိဳးက ဘာေတြလဲဆိုတာ ဆက္ၾကည့္လိုက္ရေအာင္ ။ ။

၁ – musky smell ( ေခြၽးနံ႔ )
ပုံမွန္က်န္းမာတဲ့ မိန္းမကိုယ္မွာ musky smell ေခြၽးနံ႔လိုမ်ိဳး အနံ႔တစ္ခုရွိပါတယ္။ ဒီအနံ႔ဟာ ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္၊ လႈပ္ရွားမႈ ျပင္းျပင္းထန္ထန္ လုပ္ၿပီးခ်ိန္ဆို မိန္းမကိုယ္ကေန ထြက္လာတတ္တဲ့ အနံ႔တစ္မ်ိဳးပါ။ ပုံမွန္ ေရခ်ိဳးသန႔္စင္ၿပီးရင္ ျပန္ေပ်ာက္သြားတတ္ပါတယ္။ ထူးျခားတာက ဒီ musky smell ဟာ အမ်ိဳးသားေတြကို ဆြဲေဆာင္တဲ့ အနံ႔တစ္မ်ိဳးပါတဲ့။

၂ – Tangy or fermented ( ခ်ဥ္စူစူးအနံ႔)
ဒိန္ခ်ဥ္လို၊ ခ်ဥ္ဖတ္ေတြလိုမ်ိဳး ခ်ဥ္စူးစူးအနံ႔တစ္ခု မိန္းမကိုယ္ရေန ရရင္ အလန႔္တၾကား ျဖစ္မသြားပါနဲ႔။ ဒါ မိန္းမကိုယ္အတြင္းပိုင္းမွာရွိတဲ့ အက်ိဳးျပဳ ဘက္တီးရီးယား Lactobacilli ေတြဆီက ထြက္တဲ့အနံ႔ျဖစ္ပါတယ္။ အျပင္က ပိုးမႊားေတြ မဝင္ေရာက္ႏိုင္ေအာင္ မိန္းမကိုယ္အတြင္းပိုင္း pH ပမာဏကို ၃.၈ ကေန ၄.၅ ( အက္ဆစ္အေပ်ာ့စား) အတြင္းထိန္းထားရတာေၾကာင့္ ခ်ဥ္စူးစူးအနံ႔ ထြက္ေနရတာျဖစ္ပါတယ္။

၃ – ေၾကးနီလို သတၱဳဓာတ္ အနံ႔။ ။
ေၾကးနီ အနံ႔လို႔ေျပာရင္ ေဝးေနမွာစိုးလို႔ ပိုက္ဆံ အေႂကြျပားေစ့ အနံ႔လို႔ေျပာၾကရေအာင္။ ဒါဆို သိလြယ္တာေပ့ါ။ ဒီလို အေႂကြျပားေစ့လို အနံမ်ိဳး မိန္းမကိုယ္က ထြက္ေနၿပီဆိုရင္ ဒါ ဓမၼတာ လာေတာ့မယ္ဆိုတာကို ေျပာခ်င္တာပါ။ ရာသီေသြးေတြမွာပါတဲ့ သံဓာတ္ေၾကာင့္ ဒီလို အနံ႔ထြက္ရတာျဖစ္ပါတယ္။

၄ – ၾကက္သြန္နီ ၾကက္သြန္ျဖဴနံ႔။ ။
ၾကက္သြန္နီတို႔ ၾကက္သြန္ျဖဴတို႔ စားထားရင္ သူတို႔ အနံ႔စြဲေနတာ ခံတြင္းတစ္ခုတည္းမဟုတ္ပါဘူး။ ဒီၾကက္သြန္နီ ၾကက္သြန္ျဖဴ အနံ႔က မိန္းမကိုယ္ကေနလည္း ျပန္ထြက္လာတတ္ပါတယ္။ ပုံမွန္ဆို ကိစၥမရွိေပမယ့္ ၾကက္သြန္နီ ၾကက္သြန္ျဖဴစားထားၿပီးေနာက္ပိုင္း အမ်ိဳသားနဲ႔ အတူေနတဲ့အခါမွာေတာ့ အနည္းငယ္စိတ္ရႈပ္စရာေလးေတြ ျဖစ္တတ္ပါတယ္။ မစားရဘူးလို႔ေျပာတာေတာ့မဟုတ္ပါဘူး။ ၾကက္သြန္ေတြစားၿပီး ခံတြင္းေမႊးေအာင္ ျပန္လုပ္ရသလိုပဲ မိန္းမကိုယ္ကိုလည္း ျပန္သန႔္စင္ေပးရမယ္ဆိုတဲ့ သေဘာပါ။

၅ – ငါးညႇီနံ႔။ ။
မိန္းမကိုယ္ကေန ငါးညႇီနံ႔လိုမ်ိဳး အနံ႔ထြက္ေနၿပီဆိုရင္ေတာ့ ဒါ ဘယ္နည္းနဲ႔မွ ပုံမွန္ မျဖစ္ႏိုင္ပါဘူး။ သင့္မိန္းမကိုယ္ထဲ ဘက္တီးရီးယားပိုးဝင္ေနၿပီဆိုတာကို ေျပာခ်င္တာပါ။ ဒီလို အျပင္က ဘက္တီးရီးယားပိုးေတြ ဝင္ေရာင္ႏိုင္တဲ့အေၾကာင္းအရင္းကေတာ့ မိန္းမကိုယ္ရဲ႕ pH ပမာဏ ကေမာက္ကမ ျဖစ္သြားလို႔ ျဖစ္ရတာပါ။ မိန္းမကိုယ္ထဲ ဘက္တီးရီးယားဝင္တဲ့အခါ သူနဲ႔အတူ မိန္းမကိုယ္ယားတာ၊ မိန္းမကိုယ္ကေန အရည္ေတြ ဆင္းတာ၊ မိန္းမကိုယ္ေရာင္တာေတြ ပါလာတတ္ပါတယ္။

၆ – တေဆး ( yeast ) အနံ႔ ။ ။
ဒီလို တေဆးနံ႔ထြက္ေနၿပီဆိုရင္ သင့္ မိန္းမကိုယ္မွာ Yeast လို႔ေခၚတဲ့မႈိပိုးေတြ စြဲကပ္ေနပါၿပီ။ ဒါကလည္း မိန္းကေလးတိုင္း ႀကဳံေတြ႕တတ္တဲ့ျပႆနာ တစ္ခုပါ။ မိန္းမကိုယ္မႈိစြဲတဲ့ လကၡဏာေတြကေတာ့ မိန္းမကိုယ္မွာ အျဖဴူူူူူူူူူူူူူူူူူူူူူူူူူူူူူူဖတ္ေတြကပ္တာ၊ အျဖဴအရမ္းဆင္းတာ ၊မိန္းမကိုယ္ယားယံတာ စတဲ့ လကၡဏာေတြပါ။ ေဟာ္မုန္းအေျပာင္းအလဲ၊ ေသာက္ေနတဲ့ေဆးေတြနဲ႔ တစ္ခ်ိဳ႕ သန႔္စင္ေဆးရည္ေတြေၾကာင့္ မိန္းမကိုယ္တြင္းမႈိနဲ႔ ဘက္တီးရီးယား ပမာဏ မမွ်တေတာ့တာေၾကာင့္ ဒီလို မိန္းမကိုယ္မႈိစြဲတဲ့ ျပႆနာျဖစ္ရတာပါ။

၇ – ပုပ္အဲ့အဲ့ အနံ႔ ။ ။
မိန္းမကိုယ္ကေန ပုပ္အဲ့အဲ့အနံ႔ထြက္ေနၿပီဆိုရင္ ဘယ္နည္းနဲ႔မွ ပုံမွန္ မျဖစ္ႏိုင္တာ ေသခ်ာေနပါၿပီ။ ဒါေပမယ့္ ဒါ မိန္းမကိုယ္က်န္းမာေရးခ်ိဳ႕ယြင္းလို႔ ထြက္တဲ့အနံ႔လည္း မဟုတ္ျပန္ပါဘူး။ ဒါဆို ဘာေၾကာင့္ ျဖစ္ရတာလဲ။ ဓမၼတာလာခ်ိန္ အသုံးျပဳတဲ့ မိန္းမကိုယ္တြင္းထည့္ တမ္ပြန္ သုံးၿပီး ျပန္မထုတ္ဖို႔ ေမ့တဲ့အခါ ရာသီေသြးေတြ ပိတ္ၿပီး စုေနတာၾကာသြားလို႔ ဒီလိုအနံ႔ေတြ ထြက္လာရတာျဖစ္ပါတယ္။

ကဲ မိန္းမကိုယ္က အနံ႔ရွိတတ္တယ္၊ ထြက္တဲ့ အနံ႔ကလည္း ၇ မ်ိဳးေတာင္ရွိတာဆိုေတာ့ ပုံမွန္ မဟုတ္တဲ့ အနံဆိုးေတြ မထြက္ေအာင္ ဘယ္လို လုပ္ၾကမလဲ ။ ။

မိန္းမကိုယ္ သန႔္ရွင္းေရးကို ဂ႐ုစိုက္ပါ။ သန႔္ရွင္းေရးဆိုလို႔ သုံးေနက် ကိုယ္တိုက္ ဆပ္ျပာသုံးၿပီးသန႔္ရွင္းေရးလုပ္လိုက္တာကို မဆိုလိုပါဘူး။ မိန္းမကိုယ္အတြက္သီးသန႔္ထုတ္ထားတဲ့ အမ်ိဳးသမီး သန႔္စင္ေဆးရည္ နဲ႔ သန႔္ရွင္းေရး လုပ္တာမ်ိဳးကို ေျပာခ်င္တာပါ။ အမ်ိဳးသမိးသန႔္စင္ေဆးရည္က pH ပမာဏလည္း ထိန္းညႇိေပးတဲ့အျပင္ ပိုးမႊားေတြကိုသန႔္စင္ေပးၿပီး အနံ႔ေမႊးေမႊးေလးလည္း ရွိတာေၾကာင့္ မိန္းမကိုယ္ အနံ႔ဆိုးထြက္ျခင္းကို ကာကြယ္ေပးမွာပါ။
အတြင္းခံကို ပုံမွန္လဲပါ။ ဒီေန႔ဝတ္ထားတဲ့အတြင္းခံကို ေနာက္ေန႔ျပန္ဝတ္တာမ်ိဳးက မိန္းမကိုယ္ ပိုးဝင္ျခင္းကို ထိပ္ဆုံးက ျဖစ္ေစတဲ့အရာတစ္ခုပါ။ ဒါေၾကာင့္ အတြင္းခံေတြကို တစ္ေန႔တစ္ႀကိမ္ပုံမွန္လဲပါ။ ေလဝင္ေလထြက္ေကာင္းေအာင္ ခ်ည္သားအတြင္းခံေတြကို ဝတ္ဆင္ပါ။ ေလွ်ာ္ၿပီးသား အတြင္းခံေတြကို ေနေသခ်ာ လွန္းပါ။
မိန္းမကိုယ္တြင္းက အက်ိဳးျပဳ ဘက္တီးရီးယားေတြကို အားေပးတဲ့ဒိန္ခ်ဥ္စားေပးလို႔လည္း ရပါတယ္။

ဒါေတြကေတာ့ မိန္းမကိုယ္ကေနထြက္တတ္တဲ့ အနံ႔ ၇ မ်ိဳးနဲ႔ သူတို႔ကို ဘယ္လို ေပ်ာက္ေအာင္လုပ္ရမလဲဆိုတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္အတြက္ မိန္းမကိုယ္က်န္းမာေရးက အေရးႀကီးတာေၾကာင့္ ဒီခ်က္ေတြ သိထားၿပီးလိုက္နာသင့္တယ္ေနာ္ ။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Credit : Hello sayarwon

Unicode ဖြင့်ဖတ်ရန်

မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။

မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။
ကိုယ်ပေါ်က အရာတွေ အားလုံးမှာ ကိုယ်ပိုင်အနံ့တွေရှိတတ်ကြပါတယ်။ ခံတွင်းနံ့၊ ကိုယ်သင်းနံ့၊ ဆံပင်နံ့ စတာတွေလိုပဲ မိန်းမကိုယ်မှာလည်း အနံ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ သွေးဆုံးချိန်၊ ကျန်းမာရေး အခြေအနေနဲ့ စားသောက်မှုပုံစံ တို့နဲ့လိုက်ပြီး အနံ့တွေက ပြောင်းလဲနေတာပါ။ ဒီလို အနံ့တွေ ပြောင်းလဲနေတဲ့ မိန်းမကိုယ်မှာ အနံ့ ၇ မျိုးတောင်ရှိတယ်ဆိုရင် အံ့သြသွားမလား ။ ။

မိန်းမကိုယ်မှ ထွက်တဲ့ အနံ့ ၇မျိုး ။ ။
မိန်းမကိုယ်ကထွက်တဲ့ အနံ့ ၇ မျိုးတောင်ရှိတာလားဆိုပြီး အံ့သြမသွားလိုက်ပါနဲ့။ မိန်းမကိုယ် ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲထွက်ပေါ်လာတဲ့ ဒီအနံ့တွေဟာ သင့်မိန်းမကိုယ်ကျန်းမာရေးကို ခြေရာခံနိုင်မယ့် သဲလွန်စတွေပါ။ ဒီတော့အနံ့ ၇ မျိုးက ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။

၁ – musky smell ( ချွေးနံ့ )
ပုံမှန်ကျန်းမာတဲ့ မိန်းမကိုယ်မှာ musky smell ချွေးနံ့လိုမျိုး အနံ့တစ်ခုရှိပါတယ်။ ဒီအနံ့ဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန်၊ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်ဆို မိန်းမကိုယ်ကနေ ထွက်လာတတ်တဲ့ အနံ့တစ်မျိုးပါ။ ပုံမှန် ရေချိုးသန့်စင်ပြီးရင် ပြန်ပျောက်သွားတတ်ပါတယ်။ ထူးခြားတာက ဒီ musky smell ဟာ အမျိုးသားတွေကို ဆွဲဆောင်တဲ့ အနံ့တစ်မျိုးပါတဲ့။

၂ – Tangy or fermented ( ချဉ်စူစူးအနံ့)
ဒိန်ချဉ်လို၊ ချဉ်ဖတ်တွေလိုမျိုး ချဉ်စူးစူးအနံ့တစ်ခု မိန်းမကိုယ်ရနေ ရရင် အလန့်တကြား ဖြစ်မသွားပါနဲ့။ ဒါ မိန်းမကိုယ်အတွင်းပိုင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယား Lactobacilli တွေဆီက ထွက်တဲ့အနံ့ဖြစ်ပါတယ်။ အပြင်က ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် မိန်းမကိုယ်အတွင်းပိုင်း pH ပမာဏကို ၃.၈ ကနေ ၄.၅ ( အက်ဆစ်အပျော့စား) အတွင်းထိန်းထားရတာကြောင့် ချဉ်စူးစူးအနံ့ ထွက်နေရတာဖြစ်ပါတယ်။

၃ – ကြေးနီလို သတ္တုဓာတ် အနံ့။ ။
ကြေးနီ အနံ့လို့ပြောရင် ဝေးနေမှာစိုးလို့ ပိုက်ဆံ အကြွေပြားစေ့ အနံ့လို့ပြောကြရအောင်။ ဒါဆို သိလွယ်တာပေ့ါ။ ဒီလို အကြွေပြားစေ့လို အနံမျိုး မိန်းမကိုယ်က ထွက်နေပြီဆိုရင် ဒါ ဓမ္မတာ လာတော့မယ်ဆိုတာကို ပြောချင်တာပါ။ ရာသီသွေးတွေမှာပါတဲ့ သံဓာတ်ကြောင့် ဒီလို အနံ့ထွက်ရတာဖြစ်ပါတယ်။

၄ – ကြက်သွန်နီ ကြက်သွန်ဖြူနံ့။ ။
ကြက်သွန်နီတို့ ကြက်သွန်ဖြူတို့ စားထားရင် သူတို့ အနံ့စွဲနေတာ ခံတွင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဒီကြက်သွန်နီ ကြက်သွန်ဖြူ အနံ့က မိန်းမကိုယ်ကနေလည်း ပြန်ထွက်လာတတ်ပါတယ်။ ပုံမှန်ဆို ကိစ္စမရှိပေမယ့် ကြက်သွန်နီ ကြက်သွန်ဖြူစားထားပြီးနောက်ပိုင်း အမျိုသားနဲ့ အတူနေတဲ့အခါမှာတော့ အနည်းငယ်စိတ်ရှုပ်စရာလေးတွေ ဖြစ်တတ်ပါတယ်။ မစားရဘူးလို့ပြောတာတော့မဟုတ်ပါဘူး။ ကြက်သွန်တွေစားပြီး ခံတွင်းမွှေးအောင် ပြန်လုပ်ရသလိုပဲ မိန်းမကိုယ်ကိုလည်း ပြန်သန့်စင်ပေးရမယ်ဆိုတဲ့ သဘောပါ။

၅ – ငါးညှီနံ့။ ။
မိန်းမကိုယ်ကနေ ငါးညှီနံ့လိုမျိုး အနံ့ထွက်နေပြီဆိုရင်တော့ ဒါ ဘယ်နည်းနဲ့မှ ပုံမှန် မဖြစ်နိုင်ပါဘူး။ သင့်မိန်းမကိုယ်ထဲ ဘက်တီးရီးယားပိုးဝင်နေပြီဆိုတာကို ပြောချင်တာပါ။ ဒီလို အပြင်က ဘက်တီးရီးယားပိုးတွေ ဝင်ရောင်နိုင်တဲ့အကြောင်းအရင်းကတော့ မိန်းမကိုယ်ရဲ့ pH ပမာဏ ကမောက်ကမ ဖြစ်သွားလို့ ဖြစ်ရတာပါ။ မိန်းမကိုယ်ထဲ ဘက်တီးရီးယားဝင်တဲ့အခါ သူနဲ့အတူ မိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊ မိန်းမကိုယ်ရောင်တာတွေ ပါလာတတ်ပါတယ်။

၆ – တဆေး ( yeast ) အနံ့ ။ ။
ဒီလို တဆေးနံ့ထွက်နေပြီဆိုရင် သင့် မိန်းမကိုယ်မှာ Yeast လို့ခေါ်တဲ့မှိုပိုးတွေ စွဲကပ်နေပါပြီ။ ဒါကလည်း မိန်းကလေးတိုင်း ကြုံတွေ့တတ်တဲ့ပြဿနာ တစ်ခုပါ။ မိန်းမကိုယ်မှိုစွဲတဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်မှာ အဖြူူူူူူူူူူူူူူူူူူူူူူူူူူူူူူူဖတ်တွေကပ်တာ၊ အဖြူအရမ်းဆင်းတာ ၊မိန်းမကိုယ်ယားယံတာ စတဲ့ လက္ခဏာတွေပါ။ ဟော်မုန်းအပြောင်းအလဲ၊ သောက်နေတဲ့ဆေးတွေနဲ့ တစ်ချို့ သန့်စင်ဆေးရည်တွေကြောင့် မိန်းမကိုယ်တွင်းမှိုနဲ့ ဘက်တီးရီးယား ပမာဏ မမျှတတော့တာကြောင့် ဒီလို မိန်းမကိုယ်မှိုစွဲတဲ့ ပြဿနာဖြစ်ရတာပါ။

၇ – ပုပ်အဲ့အဲ့ အနံ့ ။ ။
မိန်းမကိုယ်ကနေ ပုပ်အဲ့အဲ့အနံ့ထွက်နေပြီဆိုရင် ဘယ်နည်းနဲ့မှ ပုံမှန် မဖြစ်နိုင်တာ သေချာနေပါပြီ။ ဒါပေမယ့် ဒါ မိန်းမကိုယ်ကျန်းမာရေးချို့ယွင်းလို့ ထွက်တဲ့အနံ့လည်း မဟုတ်ပြန်ပါဘူး။ ဒါဆို ဘာကြောင့် ဖြစ်ရတာလဲ။ ဓမ္မတာလာချိန် အသုံးပြုတဲ့ မိန်းမကိုယ်တွင်းထည့် တမ်ပွန် သုံးပြီး ပြန်မထုတ်ဖို့ မေ့တဲ့အခါ ရာသီသွေးတွေ ပိတ်ပြီး စုနေတာကြာသွားလို့ ဒီလိုအနံ့တွေ ထွက်လာရတာဖြစ်ပါတယ်။

ကဲ မိန်းမကိုယ်က အနံ့ရှိတတ်တယ်၊ ထွက်တဲ့ အနံ့ကလည်း ၇ မျိုးတောင်ရှိတာဆိုတော့ ပုံမှန် မဟုတ်တဲ့ အနံဆိုးတွေ မထွက်အောင် ဘယ်လို လုပ်ကြမလဲ ။ ။

မိန်းမကိုယ် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ သန့်ရှင်းရေးဆိုလို့ သုံးနေကျ ကိုယ်တိုက် ဆပ်ပြာသုံးပြီးသန့်ရှင်းရေးလုပ်လိုက်တာကို မဆိုလိုပါဘူး။ မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီး သန့်စင်ဆေးရည် နဲ့ သန့်ရှင်းရေး လုပ်တာမျိုးကို ပြောချင်တာပါ။ အမျိုးသမိးသန့်စင်ဆေးရည်က pH ပမာဏလည်း ထိန်းညှိပေးတဲ့အပြင် ပိုးမွှားတွေကိုသန့်စင်ပေးပြီး အနံ့မွှေးမွှေးလေးလည်း ရှိတာကြောင့် မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးမှာပါ။
အတွင်းခံကို ပုံမှန်လဲပါ။ ဒီနေ့ဝတ်ထားတဲ့အတွင်းခံကို နောက်နေ့ပြန်ဝတ်တာမျိုးက မိန်းမကိုယ် ပိုးဝင်ခြင်းကို ထိပ်ဆုံးက ဖြစ်စေတဲ့အရာတစ်ခုပါ။ ဒါကြောင့် အတွင်းခံတွေကို တစ်နေ့တစ်ကြိမ်ပုံမှန်လဲပါ။ လေဝင်လေထွက်ကောင်းအောင် ချည်သားအတွင်းခံတွေကို ဝတ်ဆင်ပါ။ လျှော်ပြီးသား အတွင်းခံတွေကို နေသေချာ လှန်းပါ။
မိန်းမကိုယ်တွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို အားပေးတဲ့ဒိန်ချဉ်စားပေးလို့လည်း ရပါတယ်။

ဒါတွေကတော့ မိန်းမကိုယ်ကနေထွက်တတ်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ပျောက်အောင်လုပ်ရမလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်အတွက် မိန်းမကိုယ်ကျန်းမာရေးက အရေးကြီးတာကြောင့် ဒီချက်တွေ သိထားပြီးလိုက်နာသင့်တယ်နော် ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Credit : Hello sayarwon

LEAVE A REPLY