Zawgyi ျဖင့္ဖတ္ရန္

 

အီရန္ႏိုင္ငံက အသက္ ၁၀ ႏွစ္အ႐ြယ္ မိန္းကေလးနဲ႔ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတို႔ရဲ႕ မဂၤလာပြဲ႐ုပ္သံဟာ အြန္လိုင္းေပၚမွာ လတ္တေလာပ်ံ႕ႏွံ႔လွ်က္ရွိၿပီး အသက္မျပည့္ေသးတဲ့ မိန္းကေလးေတြကို သတို႔သမီးအျဖစ္ အိမ္ေထာင္ခ်ေပးေနၾကတာနဲ႔ ပက္သက္ၿပီး ဝိုင္းဝန္းေဝဖန္ခံေနရပါတယ္။

အီရန္အေရး တက္ႂကြလႈပ္ရွားသူ အမ်ိဳးသမီး ‘Masih Alinejad’ က သူမရဲ႕ ကြန္မန႔္ေတြနဲ႔အတူ ဒီ႐ုပ္သံကို အြန္လိုင္းေပၚတင္ခဲ့တာျဖစ္ပါတယ္။ ၁၀ ႏွစ္သမီးေလးရဲ႕ မဂၤလာပြဲ႐ုပ္သံကို ၾကည့္ၿပီးတဲ့အခါ သူမ ငိုခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အခုလိုအသက္မျပည့္ေသးတဲ့ မိန္းကေလးေတြကို အိမ္ေထာင္ခ်ေပးေနတာနဲ႔ ပက္သက္ၿပီး တစ္ခုခုလုပ္မွျဖစ္ေတာ့မယ္လို႔ ဆုံးျဖတ္ၿပီးေနာက္ ကမာၻကသိေအာင္ အြန္လိုင္းေပၚမွာ ျဖန႔္ေဝခဲ့တာျဖစ္ပါတယ္။

အဆိုပါ႐ုပ္သံပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ဒီ႐ုပ္သံကို ထပ္ျဖန႔္ေနသူေတြကို အေရးယူဖို႔ အီရန္အစိုးရက စုံစမ္းရွာေဖြေနပါတယ္။ အီရန္အစိုးရရဲ႕ လုပ္ရပ္ဟာ ႐ုပ္သံျဖန႔္ေဝသူေတြကပဲ ရာဇဝတ္မႈက်ဴးလြန္ေနသလို ထင္ဟပ္ေစၿပီး ဒီကိစၥေတြကို လူသိမခံခ်င္ဘူးလို႔ ‘Masih Alinejad’ က ဆိုပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ အီရန္အစိုးရဟာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးသတို႔သမီးေတြကိစၥကို အေရးမစိုက္ဘူးဆိုတာ သိသာတယ္လို႔ ဆိုပါတယ္။

အီရန္ႏိုင္ငံမွာ ရွာရီယာဥပေဒအရ အသက္ ၁၃ ႏွစ္ဆိုရင္ တရားဝင္လက္ထပ္ႏိုင္တယ္လို႔ ျပဌါန္းထားပါတယ္။ ဒါေပမယ့္ မိဘအုပ္ထိန္းသူနဲ႔ တရား႐ုံးက တရားသူႀကီးတို႔က သေဘာတူခြင့္ျပဳတယ္ဆိုရင္ ဒီထက္ငယ္တဲ့ အသက္အ႐ြယ္မွာလည္း အိမ္ေထာင္ခ်ေပးခြင့္ရွိေနျပန္ပါတယ္။

 

ကေလးငယ္ေတြကို အိမ္ေထာင္ခ်ေပးေနတာဟာ အီရန္ႏိုင္ငံမွာေတာ့ မထူးဆန္းေတာ့တဲ့ ႐ိုးရာအေလ့လို ျဖစ္ေနပါတယ္။ အီရန္က်န္းမာေရးဝန္ႀကီးဌါနရဲ႕ အေထာက္အထားေတြအရ ၂၀၁၈ တစ္ႏွစ္ထဲမွာ အသက္ ၁၈ ႏွစ္ေအာက္ မိန္းကေလးေတြ တရားဝင္လပ္ထပ္မႈေပါင္း ၁၅၀,၀၀၀ ေလာက္ရွိေနပါတယ္။
အဲဒီထဲက ၄၅,၀၀၀ ဝန္းက်င္ဟာ အသက္ ၁၀ ႏွစ္ကေန ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးေတြျဖစ္ေၾကာင္း အီရန္ပါလီမန္သတင္းထုတ္ျပန္ေရး႐ုံးကေန သိရပါတယ္။

ကြၽမ္းက်င္သူေတြရဲ႕အဆိုအရ ေဝးလံေခါင္သီတဲ့ ေနရာေတြမွာ အသက္မျပည့္ေသးတဲ့ မိန္းကေလးငယ္ေတြ တရားမဝင္လက္ထပ္မႈ ေထာင္ေပါင္းမ်ားစြာရွိတယ္လို႔ ဆိုပါတယ္။ သူတို႔ေတြဟာ မ်ားေသာအားျဖင့္ ဆင္းရဲၿပီး မိသားစုဝင္မ်ားတဲ့ အသိုင္းအဝိုင္းကျဖစ္ကာ ေငြေၾကး၊ ေနရာထိုင္ခင္း စတဲ့ လိုအပ္ခ်က္ေတြေၾကာင့္ မိဘေတြက လဲလွယ္တဲ့သေဘာနဲ႔ ေပးစားၾကတာေတြ ျဖစ္ပါတယ္။

‘Masih Alinejad’ ကေတာ့ အီရန္မွာ အသက္မျပည့္ေသးတဲ့ မိန္းကေလးငယ္ေတြ အိမ္ေထာင္ျပဳေနရတာဟာ အမ်ိဳးသမီးေတြအတြက္ ကပ္ဆိုးႀကီး ဆိုက္ေနတာျဖစ္ၿပီး ဒါဟာ ကေလးသူငယ္ညႇင္းပမ္း ဥပေဒေတြအရ အက်ဳံးဝင္ေနတယ္လို႔ ကမာၻကသိေအာင္ ခ်ျပခဲ့ပါတယ္။

 

မိန္းကေလးေတြ အသက္မျပည့္ေသးပဲ အိမ္ေထာင္ခ်ထားခံေနရတာဟာ အီရန္ႏိုင္ငံ တစ္ခုထဲတင္မဟုတ္ပါဘူး။ အိႏၵိယ၊ ဆူဒန္၊ အာဖဂန္နစၥတန္၊ အင္ဒိုနီးရွားတို႔ အပါအဝင္ ကမာၻအႏွံ႔အျပားက အျခားႏိုင္ငံေတြမွာလည္း ရွိေနဆဲျဖစ္ပါတယ္။

ယူအန္ရဲ႕စစ္တမ္းအရ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ အသက္ ၁၈ ႏွစ္မျပည့္ေသးတဲ့ မိန္းကေလးေပါင္း ၃၇,၀၀၀ ေလာက္ ေန႔စဥ္အိမ္ေထာင္ခ်ေပးခံေနရတယ္လို႔ သိရပါတယ္။

credit:popolay

Unicode ဖြင့်ဖတ်ရန်

၁၀ နှစ်သမီးလေးရဲ့ မင်္ဂလာဆောင်ရုပ်သံက တစ်ကမ္ဘာလုံးကိုရိုက်ခတ်

အီရန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတို့ရဲ့ မင်္ဂလာပွဲရုပ်သံဟာ အွန်လိုင်းပေါ်မှာ လတ်တလောပျံ့နှံ့လျှက်ရှိပြီး အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို သတို့သမီးအဖြစ် အိမ်ထောင်ချပေးနေကြတာနဲ့ ပက်သက်ပြီး ဝိုင်းဝန်းဝေဖန်ခံနေရပါတယ်။

အီရန်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ‘Masih Alinejad’ က သူမရဲ့ ကွန်မန့်တွေနဲ့အတူ ဒီရုပ်သံကို အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။
၁၀ နှစ်သမီးလေးရဲ့ မင်္ဂလာပွဲရုပ်သံကို ကြည့်ပြီးတဲ့အခါ သူမ ငိုခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလိုအသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို အိမ်ထောင်ချပေးနေတာနဲ့ ပက်သက်ပြီး တစ်ခုခုလုပ်မှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီးနောက် ကမ္ဘာကသိအောင် အွန်လိုင်းပေါ်မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်သံပျံ့နှံ့ခဲ့ပြီးနောက် ဒီရုပ်သံကို ထပ်ဖြန့်နေသူတွေကို အရေးယူဖို့ အီရန်အစိုးရက စုံစမ်းရှာဖွေနေပါတယ်။ အီရန်အစိုးရရဲ့ လုပ်ရပ်ဟာ ရုပ်သံဖြန့်ဝေသူတွေကပဲ ရာဇဝတ်မှုကျူးလွန်နေသလို ထင်ဟပ်စေပြီး ဒီကိစ္စတွေကို လူသိမခံချင်ဘူးလို့ ‘Masih Alinejad’ က ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အီရန်အစိုးရဟာ အရွယ်မရောက်သေးတဲ့ ကလေးသတို့သမီးတွေကိစ္စကို အရေးမစိုက်ဘူးဆိုတာ သိသာတယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံမှာ ရှာရီယာဥပဒေအရ အသက် ၁၃ နှစ်ဆိုရင် တရားဝင်လက်ထပ်နိုင်တယ်လို့ ပြဌါန်းထားပါတယ်။ ဒါပေမယ့် မိဘအုပ်ထိန်းသူနဲ့ တရားရုံးက တရားသူကြီးတို့က သဘောတူခွင့်ပြုတယ်ဆိုရင် ဒီထက်ငယ်တဲ့ အသက်အရွယ်မှာလည်း အိမ်ထောင်ချပေးခွင့်ရှိနေပြန်ပါတယ်။

ကလေးငယ်တွေကို အိမ်ထောင်ချပေးနေတာဟာ အီရန်နိုင်ငံမှာတော့ မထူးဆန်းတော့တဲ့ ရိုးရာအလေ့လို ဖြစ်နေပါတယ်။ အီရန်ကျန်းမာရေးဝန်ကြီးဌါနရဲ့ အထောက်အထားတွေအရ ၂၀၁၈ တစ်နှစ်ထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေ တရားဝင်လပ်ထပ်မှုပေါင်း ၁၅၀,၀၀၀ လောက်ရှိနေပါတယ်။
အဲဒီထဲက ၄၅,၀၀၀ ဝန်းကျင်ဟာ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အရွယ် မိန်းကလေးတွေဖြစ်ကြောင်း အီရန်ပါလီမန်သတင်းထုတ်ပြန်ရေးရုံးကနေ သိရပါတယ်။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ တရားမဝင်လက်ထပ်မှု ထောင်ပေါင်းများစွာရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ များသောအားဖြင့် ဆင်းရဲပြီး မိသားစုဝင်များတဲ့ အသိုင်းအဝိုင်းကဖြစ်ကာ ငွေကြေး၊ နေရာထိုင်ခင်း စတဲ့ လိုအပ်ချက်တွေကြောင့် မိဘတွေက လဲလှယ်တဲ့သဘောနဲ့ ပေးစားကြတာတွေ ဖြစ်ပါတယ်။

‘Masih Alinejad’ ကတော့ အီရန်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အိမ်ထောင်ပြုနေရတာဟာ အမျိုးသမီးတွေအတွက် ကပ်ဆိုးကြီး ဆိုက်နေတာဖြစ်ပြီး ဒါဟာ ကလေးသူငယ်ညှင်းပမ်း ဥပဒေတွေအရ အကျုံးဝင်နေတယ်လို့ ကမ္ဘာကသိအောင် ချပြခဲ့ပါတယ်။

မိန်းကလေးတွေ အသက်မပြည့်သေးပဲ အိမ်ထောင်ချထားခံနေရတာဟာ အီရန်နိုင်ငံ တစ်ခုထဲတင်မဟုတ်ပါဘူး။ အိန္ဒိယ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှားတို့ အပါအဝင် ကမ္ဘာအနှံ့အပြားက အခြားနိုင်ငံတွေမှာလည်း ရှိနေဆဲဖြစ်ပါတယ်။

ယူအန်ရဲ့စစ်တမ်းအရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးပေါင်း ၃၇,၀၀၀ လောက် နေ့စဉ်အိမ်ထောင်ချပေးခံနေရတယ်လို့ သိရပါတယ်။

credit:popolay

LEAVE A REPLY