Zawgyi ဖြင့်ဖတ်ရန်

 



 



 



Unicode ဖြင့်ဖတ်ရန်

နာမည်ကြီးဒီဇိုင်နာ ယောင်ဆောင်ပြီး တစ်ကမ္ဘာလုံးကို အရူးလုပ်ခဲ့သူ.

ပြင်သစ် Fashion week ကိုသွားပြီး တစ်ကမ္ဘာလုံးကို နာမည်ကြီးဒီဇိုင်နာယောင်ဆောင်ကာ အရူးလုပ်ခဲ့သူကတော့ သူဘယ်လိုအရူးလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဒီဗွီဒီယိုလေးမှာ ပြောပြပါခဲ့တယ်။ သူဟာ ပထမဆုံး အမြတ်ထုတ်လို့ရမယ့်ဒီဇိုင်းကိုရှာဖို့ ဈေးထဲကိုအကြာကြီးပတ်ခဲ့ပါတယ်။ အဲဒီ့ထဲကမှာ Georgio peviani ကိုသူသဘောတွေ့ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီbrand ဟာ ဒီဇိုင်နာတစ်ဦးအဖြစ် တည်ရှိမှုကလွဲလို့ ကောင်းမွန်တဲ့ထုတ်လုပ်မှုနဲ့ပတ်သတ်ပြီး အရာရာပိုင်ဆိုင်ထားလို့ပါပဲ။

အဲ့တာကြောင့် သူဟာ Georgio peviani ယောင်ဆောင်ပြီး ပဲရစ်Fashion week ကိုသွားခဲ့တာဖြစ်လို့ ဆိုပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ သူဟာ Website တည်ဆောက်လိုက်ပါတယ်။ Georgio peviani ရဲ့ပစ္စည်းအချို့ကိုဝယ်ယူပြီးနောက်မှာတော့ သူဟာ Fashion weekဆီကို ခြေဆန့်ခဲ့ပါတော့တယ်။

“ဝင်ခွင့်ကဒ် ဘယ်လိုရခဲ့လဲဟုတ်လား ကျွန်တော်Georgio peviani ဆိုင်သွားပြီး ကျွန်တော်က Georgio peviani ကဒီဇိုင်နာပါလို့ လိပ်စာကဒ်ထုတ်ပြပြီး ပြောလိုက်တယ်လေ ခဏကြာတော့ သူက ကဒ်လေးထုတ်ပေးတယ် “လို့သူကဆိုပါတယ်။

အဲဒီ့နောက်မှာတော့ သူဟာ လိပ်စာကဒ်တစ်ခုကိုသုံးပြီး အဲဒီ့က နာမည်ကြီး Blogger တွေ modelတွေနဲ့ စကားတွေပြောကာ မိတ်ဆက်ခဲ့ပါတယ်။ “အဲဒီ့ညက အီတလီကဒီဇိုင်နာတွေနဲ့အတူ ဖိတ်ကြားခံခဲ့ရသေးတယ်”လို့ သူကပြောပြပါတယ်။

သူကတော့” ဒီFashion week ပြီးတဲ့နောက်မှာ သူတို့တွေက Georgio peviani ဆီသွားမယ်လို့ သင်ထင်လား။ သူတို့ဟာ လောကကြီးထဲမရှိတဲ့လူတစ်ယောက်ဆီ သွားမှာမဟုတ်ပါဘူး “လို့သူကဆိုပါတယ်။

Writer – LLA ( Shwe Yaung Lan )

LEAVE A REPLY