Zawgyi ဖြင့်ဖတ်ရန်

 







 



Unicode ဖြင့်ဖတ်ရန်

Winner ဖြစ်နိုင်တယ်လို့ နာမည်ကြီးအနုပညာရှင်တွေကပါ ထင်ကြေးပေးဝန်းရံနေကြပြီဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်

မြန်မာနိုင်ငံမှာ သီချင်းဆိုပြိုင်ပွဲများစွာ ရှိတဲ့အနက်မှ Myanmar Idol ပြိုင်ပွဲကြီးဟာ အမြို့မြို့အနယ်နယ်မှာ အခုဆိုရင် လူရွေးချယ်ပွဲကြီးလုပ်နေပါတယ်။ ဒီလိုရွေးချယ်ပွဲကြီးမှာ အနုပညာရွက်ပုန်းသီးလေးတွေ များစွာ ပေါ်ထွက်လာပါတယ်။ အနာဂါတ်ရဲ့ အနုပညာရှင်လေးတွေဆိုရင်လည်း မမှားဘူးပေါ့။ အခုဆိုရင် Myanmar Idol Season (4) ထိတောင် ရှောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အရင် ပြိုင်ပွဲ ၃ ခုလုံးမှာ အမျိုးသား တေးသံရှင်တွေသာ အနိုင်ယူထားတာဖြစ်ပါတယ်။ အခု Myanmar Idol Season (4) မှာတော့ ဝါရင့် အနုပညာရှင်တွေတောင်မှ ထင်ကြေးပေးနေတဲ့ အဆိုရှင် တစ်ယောက်ရှိပါတယ်။ သူကတော့ ချင်းမလေး အက်စတာဒေါ့သ်ချင်းဆုန် ပဲဖြစ်ပါတယ်။ ချစ်စဖွယ် အမူအရာလေးတွေနဲ့ သီဆိုဟန်လေးကလည်း ပရိတ်သတ်တင်မက ဒိုင်တွေကိုပါဆွဲဆောင်သွားနိုင်ပါတယ်။ အသံပိုင်းဆိုင်ရာမှာလည်း အထူးပင်ပြောစရာ မရှိပါဘူး။

ချင်းမလေး အက်စတာဒေါ့သ်ချင်းဆုန် ဟာ သီချင်းဆိုခြင်းက သူမရဲ့ ဘဝလို့ ဖော်ကျူးထားပါသေးတယ်။ သူမတို့လို အိပ်မက်တွေကို အကောင်ထည်ဖော်ခွင့် ရှိဖို့ အားနည်းပေမယ့် Myanmar Idol ပြိုင်ပွဲကြီးဟာ သူမရဲ့ အိပ်မက်တွေ အထောင်အထည်ဖော်လို့ရမယ့်နေရာလို့ ယုံကြည်ထားပါသေးတယ်။

ဝါရင့် အနုပညာရှင်များဖြစ်တဲ့ ယုန်လေးနဲ့ တေးရေး/ဆို ညီမင်းခိုင်တို့ကလည်း အခုလို ချီးကျူးထားကြပါသေးတယ်။ IDOL ကို ဇာတ်လမ်း ဇာတ်ညွန်းတွေ နဲ့မို့လို့ စိတ်ကိုမဝင်စားတာ . IDOL 2 ပဲ သားငယ် Fan မို့သေချာ ကွင်းထဲထိသွားအားပေးဖြစ်တာ .ပြိုင်တဲ့ လူတွေကတော့ ရိုးသားပြီးသား ဖြူပြီးသားပါ။အခုသူဆိုတာ ကြည့်မိတယ် . လွှဲချင်လည်း လွှဲမှာပေါ့ .ကျွန်တော်ကတော့ သူWinner ဖြစ်မယ်လို့ပဲကြိုမှန်းပါတယ်

ကိုညီမင်းခိုင်ကတော့ #ထိတယ်မိတယ်မိုက်တယ်ခိုက်တယ်သိပ်ကြိုက်မိတယ်…👍 #နောက်ဆုံးအထိအောင်ပါစေမိန်းကလေး…👏👏👏 #ကရုဏာသံလေးရောစပ်ပါဝင်နေလို့ကိုပိုထိရှ…👍 ဆိုပါတယ်။

ကဲ ပရိတ်သတ်ကြီးရေ အမျိုးသမီး အဆိုရှင် မရဖူးသေးတဲ့ Myanmar Idol ပြိုင်ပွဲကြီးဟာ အခုဆိုရင် ဝါရင် အနုပညာရှင်တွေက ခန့်မှန်းနေကြပြီဖြစ်ပါတယ်။ သူတို့ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်မလား၊ နောက်ထပ် သူမ ထက် ပိုပြီး ကောင်းအောင် ဆိုပြနိုင်တဲ့ သူများ ပေါ်လာဦးမလားဆိုတာ စောင့်ကြည့်ကြရမှာပါပဲနော်။

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

share from : shweyaunglan

LEAVE A REPLY