Zawgyi ျဖင့္ဖတ္ရန္

၂၀၁၉ ခုႏွစ္အတြက္ ထုတ္ျပန္လိုက္တဲ့ ဘီလီယံနာ စာရင္းမွာ “ကိုင္လီ ဂ်န္နာ” ဆိုတဲ့ မိန္းကေလးက အသက္ ၂၁ ႏွစ္နဲ႔ အသက္အငယ္ဆုံး ဘီလီယံနာ တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။
“ကိုင္လီ” ဟာ ခ်မ္းသာတဲ့ အသိုင္းအဝိုင္းက လာတဲ့သူမဟုတ္ပဲ။ ဘီလီယံနာျဖစ္လာေအာင္ သူမကိုယ္တိုင္ ႐ုန္းကန္ ႀကိဳးစားခဲ့ရတာျဖစ္ပါတယ္။

အလွျပင္ပစၥည္းေတြကို ေဈးဝယ္စင္တာေတြမွာ ကိုယ္တိုင္ဝင္ထြက္ ေရာင္းခ်ခဲ့ရသလို ဆိုရွယ္မီဒီယာ အြန္လိုင္းေပၚကေနလည္း ေရာင္းခ်ခဲ့ရာမွ ၄ ႏွစ္အတြင္းမွာ အသက္အငယ္ဆုံး ဘီလီယံနာစာရင္းဝင္ ျဖစ္လာခဲ့ပါတယ္။

‘Kylie Cosmetics’ အမွတ္တံဆိပ္ သူ႔ကိုယ္ပိုင္ဘရန္းကို ၂၀၁၅ ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ပါတယ္။ လုပ္ငန္းအစမွာ သူမအပါအဝင္ အၿမဲတမ္းဝန္ထမ္း ၇ ဦး၊ အခ်ိန္ပိုင္းဝန္ထမ္း ၅ ဦးတို႔နဲ႔သာ စတင္လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။
အလွျပင္ပစၥည္း ထုတ္လုပ္မႈနဲ႔ ထုတ္ပိုးမႈအပိုင္းကိုေတာ့ ကိုယ္ပိုင္အမွတ္တံဆိပ္ေတြအတြက္ ထုတ္လုပ္ေပးေနတဲ့ Seed Beauty မွာ အလုပ္အပ္ခဲ့ပါတယ္။

ထြက္လာတဲ့ ‘Kylie Cosmetics’ ေတြကို အြန္လိုင္းေဈးဆိုင္ျဖစ္တဲ့ Shopify မွာ တင္ေရာင္းခဲ့ပါတယ္။ သူမရဲ႕ ေငြေရးေၾကးေရးစီမံခန႔္ခြဲမႈကို မိခင္ျဖစ္တဲ့ ‘Kris’ က အျမတ္ရဲ႕ ၁၀% ယူၿပီး စီစဥ္ေဆာင္႐ြက္ေပးပါတယ္။

‘Kylie Cosmetics’ ရဲ႕ ေဈးကြက္ျမႇင့္တင္ေရးေတြကို ဆိုရွယ္မီဒီယာေတြေပၚကေနပဲ အမ်ားဆုံးျပဳလုပ္ခဲ့ပါတယ္။ “ဂ်န္နာ”ဟာ အလွကုန္ေတြ အသစ္ထြက္တိုင္း အြန္လိုင္းေပၚကေန အသိေပးေၾကညာၿပီး သူမကိုယ္တိုင္ ျဗဴတီဘေလာက္ခ္ကာလုပ္ကာ စမ္းသပ္သုံးစြဲျပခဲ့ပါတယ္။

 

အဲဒီအတြက္ သူမရဲ႕ လူမႈကြန္ယက္ ေဖ့စ္ဘြခ္၊ တြစ္တာ၊ အင္စတာဂရမ္တို႔မွာ ေဖာ္လိုဝါ ၁၇၅ သန္းေက်ာ္ရွိလာၿပီး အဲဒီအင္အားကို အသုံးခ်ကာ အေရာင္းျမႇင့္တင္ခဲ့တာျဖစ္ပါတယ္။
ပထမဦးဆုံး သူမရဲ႕ အလွကုန္ေတြကို Ulta Beauty စတိုးကေန ေရာင္းခ်ခဲ့ပါတယ္။ ယခင္က အြန္လိုင္းေပၚကေန ႐ုပ္သံနဲ႔အတူ စမ္းသပ္သုံးစြဲၿပီး ေၾကာညာခဲ့တာေၾကာင့္ စတင္ေရာင္းခ်တဲ့အခ်ိန္မွာေတာ့ တစ္မိနစ္အတြင္းမွာပဲ ပစၥည္းေတြ ျပတ္သြားတဲ့အထိ ေရာင္းအားေကာင္းခဲ့ပါတယ္။

“ကြၽန္မတို႔ မွန္းထားတာထက္ေတာင္ ျမန္ျမန္ႀကီး ေရာင္းလို႔ကုန္သြားတယ္” လို႔ Ulta ရဲ႕ ဒုဥကၠ႒ Tara Simon ကိုယ္တိုင္ ဝန္ခံေျပာၾကားခဲ့ပါတယ္။
‘Kylie Cosmetics’ ေတြဟာ အျခားဘရန္းေတြထက္ ေဈးႏႈန္းခ်ိဳသာၿပီး ႏႈတ္ခမ္းအလွျပင္ပစၥည္းတစ္စုံကိုမွ ၂၉ ေဒၚလာ နဲ႔သာ ေရာင္းခ်တာေၾကာင့္ ဆယ္ေက်ာ္သက္ေလးေတြအတြက္ သင့္ေတာ္တဲ့ အေနအထားျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ အေႂကြးဝယ္ကဒ္ မရွိလို႔ အြန္လိုင္းကေန ဝယ္လို႔မရသူေတြအတြက္ လက္ငင္းဝယ္ႏိုင္ေအာင္ စတိုးဆိုင္ခြဲေတြမွာ ပစၥည္းေတြတင္ေရာင္းခဲ့ပါတယ္။
ဒီလိုနဲ႔ သူမရဲ႕ ‘Kylie Cosmetics’ ေတြဟာ တစ္ႏွစ္အတြင္း ေဒၚလာ ၃၀၇ သန္းဖိုး ေရာင္းခ်ခဲ့ရပါတယ္။

၂၀၁၈ ခုႏွစ္မွာ သူမရဲ႕ ေရာင္းအားေတြ တက္လာၿပီး ဝင္ေငြ ၉% (ေဒၚလာ ၃၆၀ မီလီယံ)ထိ တိုးလာခဲ့ပါတယ္။ “ဂ်န္နာ” ရဲ႕ ကုမၸဏီဟာ ေဒၚလာ ၉၀၀ မီလီယံ တန္မယ္လို႔ ခန႔္မွန္းထားၿပီး ဒီကုမၸဏီကို သူမတစ္ဦးတည္း ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ “ကိုင္လီ ဂ်န္နာ” ဟာ ၂၀၁၉ ခုႏွစ္မွာ ပိုင္ဆိုင္မႈ ၁ ဘီလီယံနဲ႔ Forbes မဂၢဇင္းႀကီးက ထုတ္ျပန္တဲ့ ဘီလီယံနာစာရင္းမွာ အသက္အငယ္ဆုံး ဘီလီယံနာတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္နဲ႔ ဘီလီယံနာ ျဖစ္လာတဲ့ သူမဟာ ေဖ့စ္ဘြခ္တည္ေထာင္သူ “မာ့ခ္ဇူကာဘတ္” ရဲ႕ ဘီလီယံနာစာရင္းဝင္တဲ့ အသက္ ၂၃ ႏွစ္ကိုပါ စံခ်ိန္ခ်ိဳးသြားႏိုင္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ သူမရဲ႕ အလွျပင္ပစၥည္းေရာင္းခ်မႈ ေဈးကြက္ကို ခ်ဲ႕ထြင္ဖို႔ႀကိဳးစားေနၿပီး ေနာက္ထပ္ အလွျပင္ပစၥည္းအသစ္ေတြကို ထုတ္လုပ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အွန်လိုင်းပေါ်ကနေ ဈေးရောင်းရင်း ၄ နှစ်အတွင်း အသက်အငယ်ဆုံး ဘီလီယံနာဖြစ်လာသူ

၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ဘီလီယံနာ စာရင်းမှာ “ကိုင်လီ ဂျန်နာ” ဆိုတဲ့ မိန်းကလေးက အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဘီလီယံနာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
“ကိုင်လီ” ဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတဲ့သူမဟုတ်ပဲ။ ဘီလီယံနာဖြစ်လာအောင် သူမကိုယ်တိုင် ရုန်းကန် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။

အလှပြင်ပစ္စည်းတွေကို ဈေးဝယ်စင်တာတွေမှာ ကိုယ်တိုင်ဝင်ထွက် ရောင်းချခဲ့ရသလို ဆိုရှယ်မီဒီယာ အွန်လိုင်းပေါ်ကနေလည်း ရောင်းချခဲ့ရာမှ ၄ နှစ်အတွင်းမှာ အသက်အငယ်ဆုံး ဘီလီယံနာစာရင်းဝင် ဖြစ်လာခဲ့ပါတယ်။

‘Kylie Cosmetics’ အမှတ်တံဆိပ် သူ့ကိုယ်ပိုင်ဘရန်းကို ၂၀၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ လုပ်ငန်းအစမှာ သူမအပါအဝင် အမြဲတမ်းဝန်ထမ်း ၇ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၅ ဦးတို့နဲ့သာ စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
အလှပြင်ပစ္စည်း ထုတ်လုပ်မှုနဲ့ ထုတ်ပိုးမှုအပိုင်းကိုတော့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေအတွက် ထုတ်လုပ်ပေးနေတဲ့ Seed Beauty မှာ အလုပ်အပ်ခဲ့ပါတယ်။

ထွက်လာတဲ့ ‘Kylie Cosmetics’ တွေကို အွန်လိုင်းဈေးဆိုင်ဖြစ်တဲ့ Shopify မှာ တင်ရောင်းခဲ့ပါတယ်။ သူမရဲ့ ငွေရေးကြေးရေးစီမံခန့်ခွဲမှုကို မိခင်ဖြစ်တဲ့ ‘Kris’ က အမြတ်ရဲ့ ၁၀% ယူပြီး စီစဉ်ဆောင်ရွက်ပေးပါတယ်။

‘Kylie Cosmetics’ ရဲ့ ဈေးကွက်မြှင့်တင်ရေးတွေကို ဆိုရှယ်မီဒီယာတွေပေါ်ကနေပဲ အများဆုံးပြုလုပ်ခဲ့ပါတယ်။ “ဂျန်နာ”ဟာ အလှကုန်တွေ အသစ်ထွက်တိုင်း အွန်လိုင်းပေါ်ကနေ အသိပေးကြေညာပြီး သူမကိုယ်တိုင် ဗြူတီဘလောက်ခ်ကာလုပ်ကာ စမ်းသပ်သုံးစွဲပြခဲ့ပါတယ်။

အဲဒီအတွက် သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်၊ တွစ်တာ၊ အင်စတာဂရမ်တို့မှာ ဖော်လိုဝါ ၁၇၅ သန်းကျော်ရှိလာပြီး အဲဒီအင်အားကို အသုံးချကာ အရောင်းမြှင့်တင်ခဲ့တာဖြစ်ပါတယ်။
ပထမဦးဆုံး သူမရဲ့ အလှကုန်တွေကို Ulta Beauty စတိုးကနေ ရောင်းချခဲ့ပါတယ်။ ယခင်က အွန်လိုင်းပေါ်ကနေ ရုပ်သံနဲ့အတူ စမ်းသပ်သုံးစွဲပြီး ကြောညာခဲ့တာကြောင့် စတင်ရောင်းချတဲ့အချိန်မှာတော့ တစ်မိနစ်အတွင်းမှာပဲ ပစ္စည်းတွေ ပြတ်သွားတဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။

“ကျွန်မတို့ မှန်းထားတာထက်တောင် မြန်မြန်ကြီး ရောင်းလို့ကုန်သွားတယ်” လို့ Ulta ရဲ့ ဒုဥက္ကဋ္ဌ Tara Simon ကိုယ်တိုင် ဝန်ခံပြောကြားခဲ့ပါတယ်။
‘Kylie Cosmetics’ တွေဟာ အခြားဘရန်းတွေထက် ဈေးနှုန်းချိုသာပြီး နှုတ်ခမ်းအလှပြင်ပစ္စည်းတစ်စုံကိုမှ ၂၉ ဒေါ်လာ နဲ့သာ ရောင်းချတာကြောင့် ဆယ်ကျော်သက်လေးတွေအတွက် သင့်တော်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အကြွေးဝယ်ကဒ် မရှိလို့ အွန်လိုင်းကနေ ဝယ်လို့မရသူတွေအတွက် လက်ငင်းဝယ်နိုင်အောင် စတိုးဆိုင်ခွဲတွေမှာ ပစ္စည်းတွေတင်ရောင်းခဲ့ပါတယ်။
ဒီလိုနဲ့ သူမရဲ့ ‘Kylie Cosmetics’ တွေဟာ တစ်နှစ်အတွင်း ဒေါ်လာ ၃၀၇ သန်းဖိုး ရောင်းချခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်မှာ သူမရဲ့ ရောင်းအားတွေ တက်လာပြီး ဝင်ငွေ ၉% (ဒေါ်လာ ၃၆၀ မီလီယံ)ထိ တိုးလာခဲ့ပါတယ်။ “ဂျန်နာ” ရဲ့ ကုမ္ပဏီဟာ ဒေါ်လာ ၉၀၀ မီလီယံ တန်မယ်လို့ ခန့်မှန်းထားပြီး ဒီကုမ္ပဏီကို သူမတစ်ဦးတည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးတဲ့ “ကိုင်လီ ဂျန်နာ” ဟာ ၂၀၁၉ ခုနှစ်မှာ ပိုင်ဆိုင်မှု ၁ ဘီလီယံနဲ့ Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်တဲ့ ဘီလီယံနာစာရင်းမှာ အသက်အငယ်ဆုံး ဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်နဲ့ ဘီလီယံနာ ဖြစ်လာတဲ့ သူမဟာ ဖေ့စ်ဘွခ်တည်ထောင်သူ “မာ့ခ်ဇူကာဘတ်” ရဲ့ ဘီလီယံနာစာရင်းဝင်တဲ့ အသက် ၂၃ နှစ်ကိုပါ စံချိန်ချိုးသွားနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူမရဲ့ အလှပြင်ပစ္စည်းရောင်းချမှု ဈေးကွက်ကို ချဲ့ထွင်ဖို့ကြိုးစားနေပြီး နောက်ထပ် အလှပြင်ပစ္စည်းအသစ်တွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

Credit : popolay

LEAVE A REPLY