Zawgyi ျဖင့္ဖတ္ရန္

ယေန႔ေခတ္ႀကီးဟာ တိုးတက္လာတာနဲ႔ အမွ် ဘာမွန္းမသိတဲ့ေရာဂါစုံေတြလည္း ေပါလာတာေၾကာင့္ လူသက္တမ္းက တျဖည္းျဖည္းတိုလာရပါတယ္ ဒီလိုေခတ္ႀကီးထဲမွာ မိမိက်န္းမာေရးမထိခိုက္ေအာင္ စားေသာက္ေနထိုင္ဖို႔ ဆိုတာ အေတာ္ေလးကို သတိထားရမဲ့ အလုပ္ပါ အသက္ရာေက်ာ္ေနဖို႔ ဆိုတာကလည္း မလြယ္လွေတာ့ပါဘူး။ ဒါေပမဲ့ ျမန္မာတစ္ႏိုင္ငံလုံးက အသက္ႀကီးဆုံး ဖိုးဖိုးကေတာ့ အသက္ ၁၂၅ ႏွစ္ရွိၿပီပဲ ျဖစ္ပါတယ္ ဖိုးဖိုးနာမည္ကေတာ့ ဦးကိုကိုႀကီး ျဖစ္ၿပီးေတာ့ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ဖရဲေငြေတာင္လမ္းမွာ တူမျဖစ္သူမိသားစုနဲ႔ အတူ ခုခ်ိန္ထိ က်န္းမာစြာေနထိုင္လ်က္ရွိပါတယ္။

ဖိုးဖိုးကို ၁၈၉၄ ခုႏွစ္က စစ္ကိုင္းၿမိဳ႕မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီးေတာ့ ေတာင္ႀကီးကို အစ္မျဖစ္သူေခၚလို႔ ေျပာင္းေ႐ႊ႕ေနထိုင္လာတာဟာ ႏွစ္ေပါင္း ၅၀ နီးပါးရွိၿပီလို႔ သိရပါတယ္ ခုခ်ိန္မွာ အစ္မျဖစ္သူက ဆုံးပါးသြားၿပီျဖစ္တာေၾကာင့္ အစ္မရဲ႕ သမီးျဖစ္တဲ့ ေဒၚေဌးေဌးတို႔လင္မယားနဲ႔ သူ႔သမီးက ေစာင့္ေရွာက္ထားတာပဲ ျဖစ္ပါတယ္။

 

ေဒၚေဌးေဌးက အသက္ ၇၇ ႏွစ္ရွိၿပီ ျဖစ္ၿပီး ခုလို ဦးေလးျဖစ္သူ အသက္ရာေက်ာ္ရွည္ရတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပခဲ့ပါတယ္…ဖိုးဖိုးဟာ လူပ်ိဳႀကီးျဖစ္သလို ေပ်ာ္ေပ်ာ္ေနတတ္ေၾကာင္း ညေနခင္းဆို ဘုရားရွိခိုးတတ္ေၾကာင္း၊ တစ္ခါတစ္ရံ ေျခေထာက္ေဖာေရာင္ျခင္းသာ ျဖစ္ပြားတတ္၍ ဖ်ားနာျခင္းမရွိတာေတြေၾကာင့္ ခုလို အသက္ရာေက်ာ္ရွည္ရတယ္လို႔ ေဒၚေဌးေဌးက ဖိုးဖိုးအေၾကာင္းကို ခုလိုေျပာျပခဲ့ပါတယ္။

အသက္ ၁၂၅ ႏွစ္ရွိတဲ့ ဖိုးဖိုးဦးကိုကိုႀကီးဟာ ျမန္မာတစ္ႏိုင္ငံလုံးမွာ အသက္အႀကီးဆုံးျဖစ္တာေၾကာင့္ အျပည္ျပည္ဆိုင္ရာ သက္ႀကီး႐ြယ္အိုမ်ားေန႔ က်င္းပေရးေကာ္မတီက ႏွစ္စဥ္ ေအာက္တိုဘာ ၁ ရက္ေန႔မွာ က်င္းပေလ့ရွိတဲ့ အျပည္ျပည္ဆိုင္ရာ သက္ႀကီး႐ြယ္အိုမ်ားေန႔ေလးမွာ အသက္အႀကီးဆုံး အဖိုးအျဖစ္ အထူးဂုဏ္ျပဳ ခ်ီးျမႇင့္ေငြက်ပ္ ၁၀ သိန္းကို ဂုဏ္ျပဳခ်ီးျမႇင့္ပူေဇာ္ကန္ေတာ့ခဲ့ပါတယ္ ခုလို ခ်ီးျမႇင့္ကန္ေတာ့ရတဲ့အတြက္ အထူးဂုဏ္ယူတယ္လို႔လည္း ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားခဲ့ပါတယ္။အဖိုးလိုပဲ အသက္ ၁၂၅ ႏွစ္အ႐ြယ္ရွိတဲ့ အဖြားေဒၚေထြးဟာ ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ အိုးသည္ ကုန္းၿမိဳ႕ သရက္ပင္ကန္ေက်း႐ြာမွာ မိသားစုႏွင့္အတူ ေနထိုင္လ်က္ရွိတယ္လို႔ သိရပါတယ္…. ပရိသတ္ႀကီးတို႔လည္း အေနအထိုင္အစားအေသာက္ဆင္ျခင္ၿပီး အသက္ရာေက်ာ္ရွည္လို႔ မိသားစုနဲ႔အတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရပါေစဗ်

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အသက် ၁၂၅ နှစ်အရွယ်ရှိ မြန်မာ့အသက်အကြီးဆုံးအဘိုးအို၏ အသက်ရှည်ကျန်းမာရသည့်အကြာင်းအရင်း

ယနေ့ခေတ်ကြီးဟာ တိုးတက်လာတာနဲ့ အမျှ ဘာမှန်းမသိတဲ့ရောဂါစုံတွေလည်း ပေါလာတာကြောင့် လူသက်တမ်းက တဖြည်းဖြည်းတိုလာရပါတယ် ဒီလိုခေတ်ကြီးထဲမှာ မိမိကျန်းမာရေးမထိခိုက်အောင် စားသောက်နေထိုင်ဖို့ ဆိုတာ အတော်လေးကို သတိထားရမဲ့ အလုပ်ပါ အသက်ရာကျော်နေဖို့ ဆိုတာကလည်း မလွယ်လှတော့ပါဘူး။ ဒါပေမဲ့ မြန်မာတစ်နိုင်ငံလုံးက အသက်ကြီးဆုံး ဖိုးဖိုးကတော့ အသက် ၁၂၅ နှစ်ရှိပြီပဲ ဖြစ်ပါတယ် ဖိုးဖိုးနာမည်ကတော့ ဦးကိုကိုကြီး ဖြစ်ပြီးတော့ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်းမှာ တူမဖြစ်သူမိသားစုနဲ့ အတူ ခုချိန်ထိ ကျန်းမာစွာနေထိုင်လျက်ရှိပါတယ်။

ဖိုးဖိုးကို ၁၈၉၄ ခုနှစ်က စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီးတော့ တောင်ကြီးကို အစ်မဖြစ်သူခေါ်လို့ ပြောင်းရွှေ့နေထိုင်လာတာဟာ နှစ်ပေါင်း ၅၀ နီးပါးရှိပြီလို့ သိရပါတယ် ခုချိန်မှာ အစ်မဖြစ်သူက ဆုံးပါးသွားပြီဖြစ်တာကြောင့် အစ်မရဲ့ သမီးဖြစ်တဲ့ ဒေါ်ဌေးဌေးတို့လင်မယားနဲ့ သူ့သမီးက စောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။

ဒေါ်ဌေးဌေးက အသက် ၇၇ နှစ်ရှိပြီ ဖြစ်ပြီး ခုလို ဦးလေးဖြစ်သူ အသက်ရာကျော်ရှည်ရတဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်…ဖိုးဖိုးဟာ လူပျိုကြီးဖြစ်သလို ပျော်ပျော်နေတတ်ကြောင်း ညနေခင်းဆို ဘုရားရှိခိုးတတ်ကြောင်း၊ တစ်ခါတစ်ရံ ခြေထောက်ဖောရောင်ခြင်းသာ ဖြစ်ပွားတတ်၍ ဖျားနာခြင်းမရှိတာတွေကြောင့် ခုလို အသက်ရာကျော်ရှည်ရတယ်လို့ ဒေါ်ဌေးဌေးက ဖိုးဖိုးအကြောင်းကို ခုလိုပြောပြခဲ့ပါတယ်။

အသက် ၁၂၅ နှစ်ရှိတဲ့ ဖိုးဖိုးဦးကိုကိုကြီးဟာ မြန်မာတစ်နိုင်ငံလုံးမှာ အသက်အကြီးဆုံးဖြစ်တာကြောင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးကော်မတီက နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့လေးမှာ အသက်အကြီးဆုံး အဖိုးအဖြစ် အထူးဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ဂုဏ်ပြုချီးမြှင့်ပူဇော်ကန်တော့ခဲ့ပါတယ် ခုလို ချီးမြှင့်ကန်တော့ရတဲ့အတွက် အထူးဂုဏ်ယူတယ်လို့လည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့ပါတယ်။အဖိုးလိုပဲ အသက် ၁၂၅ နှစ်အရွယ်ရှိတဲ့ အဖွားဒေါ်ထွေးဟာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အိုးသည် ကုန်းမြို့ သရက်ပင်ကန်ကျေးရွာမှာ မိသားစုနှင့်အတူ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်…. ပရိသတ်ကြီးတို့လည်း အနေအထိုင်အစားအသောက်ဆင်ခြင်ပြီး အသက်ရာကျော်ရှည်လို့ မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်နေရပါစေဗျ

share from : burmese.asia

LEAVE A REPLY