Zawgyi ျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံ ဖရာအို စီရင္စုတစ္ခုထဲတြင္ အသက္ ၁၅ ႏွစ္ေအာက္ ကိုယ္ဝန္ေဆာင္မိန္းကေလးမ်ားမွ ကေလးေမြးဖြားမႈဟာ ၂ နာရီလွ်င္ ကေလး ၁ ေယာက္ႏႈန္းရွိေနေၾကာင္း ဆယ္ေက်ာ္သက္အ႐ြယ္ ကိုယ္ဝန္ေဆာင္ျခင္းနဲ႔ မလိုခ်င္ပဲကိုယ္ဝန္ရလာသူမ်ားကို ေစာင့္ေရွာက္ေပးေနတဲ့ ပေရာ့ဂ်က္မွ တာဝန္ရွိသူ Mr Pakanan Krekaew က ေအာက္တိုဘာလ ၄ ရက္ေန႔မွာ ေျပာၾကားလိုက္ပါတယ္။

အဆိုပါစစ္တမ္းကို က်န္းမာေရးဝန္ႀကီးဌါနရဲ႕ အခ်က္လက္စုေဆာင္းေရး ဌါနခြဲကို သတင္းေပးပို႔ထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံမွာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ဝန္းက်င္ကထက္ အ႐ြယ္မေရာက္ေသးတဲ့ ဆယ္ေက်ာ္သက္မိခင္ေတြ တစ္စတစ္စ မ်ားျပားလာေနပါတယ္။ အခုဆိုရင္ ၄ မိနစ္တိုင္းမွာ ဆယ္ေက်ာ္သက္မိခင္ေတြ ကေလးေမြးဖြားမႈရွိေနၿပီး အဲဒီထဲမွာ ၁၅ ႏွစ္ေအာက္ မိခင္ကေမြးတဲ့ ကေလး ၁ ဦး ပါေနလွ်က္ရွိပါတယ္။

ဆိုလိုတာကေတာ့ ဆယ္ေက်ာ္သက္ေတြ ကေလး ၆ ေယာက္ေမြးတိုင္း ၁ ေယာက္ရဲ႕ မိခင္ဟာ အသက္ မျပည့္ေသးတဲ့ မိန္းကေလး ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံ UNICEF ရဲ႕ အစီရင္ခံစာအရ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္ေတြဟာ အသက္ ၁၅ ႏွစ္ကေန ၁၉ ႏွစ္ၾကားေတြ ျဖစ္ၾကၿပီး သက္တူ႐ြယ္တူ မိန္းကေလး ၁,၀၀၀ မွာ ၆၅ ေယာက္က အခုလို ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းေတြ ျဖစ္ေနၾကပါတယ္။

အခုလို ဆယ္ေက်ာ္သက္ မိခင္ေလာင္းေတြရဲ႕ အေရအတြက္ဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုပိုတိုးလာေၾကာင္း ေဖာ္ျပထားပါတယ္။

Mr Pakanan ရဲ႕ အဆိုအရ ဖရာအို စီရင္စုတစ္ခုထဲမွာတင္ အသက္ ၂၀ ေအာက္ မိခင္ေလာင္းေတြဟာ ၁၄ ရာခိုင္ႏႈန္းကေန ၁၆ ရာခိုင္ႏႈန္းထိ တိုးလာတယ္လို႔ဆိုပါတယ္။

အထူးသျဖင့္ ဒီကေလးအမ်ားစုဟာ ဆင္းရဲႏြမ္းပါးမႈ၊ မိဘအုပ္ထိန္းသူက အျခားမွာ အလုပ္သြားလုပ္ရတဲ့အတြက္ အနီးကပ္ မေစာင့္ေရွာက္ႏိုင္မႈ၊ အိပ္ေထာင္ၿပိဳကြဲမႈ၊ မိဘမဲ့ျဖစ္ရတာနဲ႔ HIV ကူးစက္ခံရမႈ စတဲ့အေျခအေနေတြေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ စိတ္ခ်လုံၿခဳံမႈမရွတဲ့ လိင္ဆက္ဆံမႈေတြ ကို လြယ္လြယ္ပဲ ျပဳမူလိုက္ၾကတာျဖစ္ပါတယ္။

ဒီလိုလုပ္ရင္ ဘာေတြျဖစ္လာမယ္ဆိုတဲ့ အသိပညာမရွိတာေၾကာင့္ အလြန္အႏၲရာယ္မ်ားတဲ့ အသက္မျပည့္ေသးတဲ့ ကိုယ္ေဆာင္ မိခင္ေလာင္းေတြ ျဖစ္လာၾကရတာျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အသက် ၁၅ နှစ်အောက် မိန်းကလေးများ ကလေးမွေးဖွားမှု ၂ နာရီလျှင် ၁ ယောက်ရှိနေ

ထိုင်းနိုင်ငံ ဖရာအို စီရင်စုတစ်ခုထဲတွင် အသက် ၁၅ နှစ်အောက် ကိုယ်ဝန်ဆောင်မိန်းကလေးများမှ ကလေးမွေးဖွားမှုဟာ ၂ နာရီလျှင် ကလေး ၁ ယောက်နှုန်းရှိနေကြောင်း ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ မလိုချင်ပဲကိုယ်ဝန်ရလာသူများကို စောင့်ရှောက်ပေးနေတဲ့ ပရော့ဂျက်မှ တာဝန်ရှိသူ Mr Pakanan Krekaew က အောက်တိုဘာလ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဆိုပါစစ်တမ်းကို ကျန်းမာရေးဝန်ကြီးဌါနရဲ့ အချက်လက်စုဆောင်းရေး ဌါနခွဲကို သတင်းပေးပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကထက် အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်မိခင်တွေ တစ်စတစ်စ များပြားလာနေပါတယ်။ အခုဆိုရင် ၄ မိနစ်တိုင်းမှာ ဆယ်ကျော်သက်မိခင်တွေ ကလေးမွေးဖွားမှုရှိနေပြီး အဲဒီထဲမှာ ၁၅ နှစ်အောက် မိခင်ကမွေးတဲ့ ကလေး ၁ ဦး ပါနေလျှက်ရှိပါတယ်။

ဆိုလိုတာကတော့ ဆယ်ကျော်သက်တွေ ကလေး ၆ ယောက်မွေးတိုင်း ၁ ယောက်ရဲ့ မိခင်ဟာ အသက် မပြည့်သေးတဲ့ မိန်းကလေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ UNICEF ရဲ့ အစီရင်ခံစာအရ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေဟာ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြားတွေ ဖြစ်ကြပြီး သက်တူရွယ်တူ မိန်းကလေး ၁,၀၀၀ မှာ ၆၅ ယောက်က အခုလို ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ ဖြစ်နေကြပါတယ်။

အခုလို ဆယ်ကျော်သက် မိခင်လောင်းတွေရဲ့ အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် ပိုပိုတိုးလာကြောင်း ဖော်ပြထားပါတယ်။

Mr Pakanan ရဲ့ အဆိုအရ ဖရာအို စီရင်စုတစ်ခုထဲမှာတင် အသက် ၂၀ အောက် မိခင်လောင်းတွေဟာ ၁၄ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းထိ တိုးလာတယ်လို့ဆိုပါတယ်။

အထူးသဖြင့် ဒီကလေးအများစုဟာ ဆင်းရဲနွမ်းပါးမှု၊ မိဘအုပ်ထိန်းသူက အခြားမှာ အလုပ်သွားလုပ်ရတဲ့အတွက် အနီးကပ် မစောင့်ရှောက်နိုင်မှု၊ အိပ်ထောင်ပြိုကွဲမှု၊ မိဘမဲ့ဖြစ်ရတာနဲ့ HIV ကူးစက်ခံရမှု စတဲ့အခြေအနေတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ချလုံခြုံမှုမရှတဲ့ လိင်ဆက်ဆံမှုတွေ ကို လွယ်လွယ်ပဲ ပြုမူလိုက်ကြတာဖြစ်ပါတယ်။

ဒီလိုလုပ်ရင် ဘာတွေဖြစ်လာမယ်ဆိုတဲ့ အသိပညာမရှိတာကြောင့် အလွန်အန္တရာယ်များတဲ့ အသက်မပြည့်သေးတဲ့ ကိုယ်ဆောင် မိခင်လောင်းတွေ ဖြစ်လာကြရတာဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY