Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံက အသက္ ၆၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦးဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကေလးမီးဖြားႏိုင္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံမွာ အသက္အႀကီးဆုံး မိခင္အျဖစ္ မွတ္တမ္းဝင္စံခ်ိန္တင္သြားခဲ့ပါတယ္။

ရွန္ေဒါင္းျပည္နယ္က “တီယန္” လို႔သာ ေဖာ္ျပထားတဲ့ အမ်ိဳးသမီးႀကီးဟာ ေအာက္တိုဘာလ ၂၅ ရက္ေန႔က က်ိဳေက်ာင္းမိခင္နဲ႔ ကေလးေဆး႐ုံမွာ ဆရာဝန္ ႏွစ္ဦးရဲ႕ အကူအညီနဲ႔ မီးဖြားႏိုင္ခဲ့ပါတယ္။ “တီယန္” ရဲ႕ ခင္ပြန္း အသက္ ၆၈ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးက ဒီကေလးေလးဟာ သူတို႔ေမွ်ာ္လင့္မထားပဲ ရလာတာျဖစ္လို႔ ေကာင္းကင္ဘုံက လႊတ္လိုက္တဲ့ ကေလးအျဖစ္ သတင္းမီဒီယာေတြကို တင္စားေျပာဆိုခဲ့ပါတယ္။ ကေလးရဲ႕အမည္ကိုလည္း “ဘုရားရွင္ခ်ီးျမႇင့္ျခင္း” လို႔ အဓိပၸါယ္ရတဲ့ “တီယန္စီ” လို႔ လင္မယားႏွစ္ေယာက္စလုံး သေဘာတူၿပီး မွည့္လိုက္ပါတယ္။

အမ်ိဳးသားႀကီး ‘ဟူအန္း’ ဟာ ေရွ႕ေနတစ္ဦးျဖစ္ၿပီး ‘တီယန္’ ကေတာ့ အၿငိမ္းစား သူနာျပဳဆရာမတစ္ဦးျဖစ္ပါတယ္။ သူတို႔မွာ ကနဦးကတည္းက သားတစ္ေယာက္ သမီးတစ္ေယာက္ရွိၿပီး ေျမးေတြလည္း ရွိကာ ေျမးအႀကီးဆုံးပင္လွ်င္ အသက္ ၁၈ ႏွစ္ ေကာလိပ္ေက်ာင္းသား ျဖစ္ေနၿပီျဖစ္သည္။

တ႐ုတ္ႏိုင္ငံရဲ႕ ဥပေဒအရ သားသမီးႏွစ္ဦးထက္ပိုမယူရ ျပဌါန္းခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာေတာ့ တစ္အိမ္ေထာင္ ကေလးတစ္ေယာက္ စီမံခ်က္ကို ျပဌါန္းခဲ့ပါတယ္။ ဒါေပမယ့္လည္း သတင္းဆိုးနဲ႔ ေက်ာ္ၾကားတဲ့ အဆိုပါစီမံခ်က္ကို အစိုးရက တင္းက်ပ္မႈေတြ ေလ်ာ့ခ်ခဲ့ရပါတယ္။ အမ်ိဳးသမီးႀကီး ‘တီယန္’ ကေတာ့ သူ႔အေနနဲ႔ ကေလးေမြးႏိုင္ေသးတယ္ဆိုတာကို သိခဲ့ေပမယ့္ တစ္ကယ္ေမြးတဲ့အခါ စိတ္ဖိစီးမႈခံရၿပီး အင္မတန္မွလည္း နာက်င္ေၾကာင္း သတင္းေထာက္ေတြကို ေျဖၾကားခဲ့ပါတယ္။

“အရမ္း အရမ္းနာတာ၊ ကြၽန္မ မ်က္လုံးေတြေတာင္ မဖြင့္ႏိုင္ေလာက္ေအာင္ပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။ သူမကိုယ္ဝန္ေဆာင္ခ်ိန္တစ္ေလ်ာက္လုံး ဆရာဝန္ေတြက အနီးကပ္ေစာင့္ၾကည့္ခဲ့ၾကၿပီး ၿပီးခဲ့တဲ့ေသာၾကာေန႔မွာေတာ့ ဗိုက္ခြဲေမြးဖို႔ ဆုံးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီအခ်ိန္က ကိုယ္ဝန္ ၃၆ ပတ္သားရွိေနၿပီး ေသြးတိုးေဝဒနာလည္း ခံစားခဲ့ရပါတယ္။ ကေလးဟာ ကိုယ္အေလးခ်ိန္ ၅ ေပါင္ ၁၁ ေအာင္စရွိၿပီး အထူးၾကပ္မတ္ ေစာင့္ၾကည့္မႈ ခံယူေနရတယ္လို႔ သိရပါတယ္။

ဒီသတင္း အြန္လိုင္းေပၚကေန ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ဒီအသက္အ႐ြယ္မွာ ကေလးေမြးတာနဲ႔ ပက္သက္ၿပီး ျငင္းခုန္ေဆြးေႏြးမႈေတြ ျဖစ္ခဲ့ပါတယ္။

ကမာၻေပၚမွာ အသက္အႀကီးဆုံး ကေလးမီးဖြားသူအျဖစ္ အသက္ ၇၄ ႏွစ္မွာ ကေလးေမြးတဲ့ အိႏၵိယအမ်ိဳးသမီးႀကီး Erramatti Mangayamma က စံခ်ိန္တင္ထားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အသက် ၆၇ နှစ် အမျိုးသမီးကြီး အောင်မြင်စွာ ကလေးမီးဖွား

တရုတ်နိုင်ငံက အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကလေးမီးဖွားနိုင်ခဲ့ပြီး တရုတ်နိုင်ငံမှာ အသက်အကြီးဆုံး မိခင်အဖြစ် မှတ်တမ်းဝင်စံချိန်တင်သွားခဲ့ပါတယ်။

ရှန်ဒေါင်းပြည်နယ်က “တီယန်” လို့သာ ဖော်ပြထားတဲ့ အမျိုးသမီးကြီးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က ကျိုကျောင်းမိခင်နဲ့ ကလေးဆေးရုံမှာ ဆရာဝန် နှစ်ဦးရဲ့ အကူအညီနဲ့ မီးဖွားနိုင်ခဲ့ပါတယ်။ “တီယန်” ရဲ့ ခင်ပွန်း အသက် ၆၈ နှစ်အရွယ် အမျိုးသားကြီးက ဒီကလေးလေးဟာ သူတို့မျှော်လင့်မထားပဲ ရလာတာဖြစ်လို့ ကောင်းကင်ဘုံက လွှတ်လိုက်တဲ့ ကလေးအဖြစ် သတင်းမီဒီယာတွေကို တင်စားပြောဆိုခဲ့ပါတယ်။ ကလေးရဲ့အမည်ကိုလည်း “ဘုရားရှင်ချီးမြှင့်ခြင်း” လို့ အဓိပ္ပါယ်ရတဲ့ “တီယန်စီ” လို့ လင်မယားနှစ်ယောက်စလုံး သဘောတူပြီး မှည့်လိုက်ပါတယ်။

အမျိုးသားကြီး ‘ဟူအန်း’ ဟာ ရှေ့နေတစ်ဦးဖြစ်ပြီး ‘တီယန်’ ကတော့ အငြိမ်းစား သူနာပြုဆရာမတစ်ဦးဖြစ်ပါတယ်။ သူတို့မှာ ကနဦးကတည်းက သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး မြေးတွေလည်း ရှိကာ မြေးအကြီးဆုံးပင်လျှင် အသက် ၁၈ နှစ် ကောလိပ်ကျောင်းသား ဖြစ်နေပြီဖြစ်သည်။

တရုတ်နိုင်ငံရဲ့ ဥပဒေအရ သားသမီးနှစ်ဦးထက်ပိုမယူရ ပြဌါန်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ တစ်အိမ်ထောင် ကလေးတစ်ယောက် စီမံချက်ကို ပြဌါန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းဆိုးနဲ့ ကျော်ကြားတဲ့ အဆိုပါစီမံချက်ကို အစိုးရက တင်းကျပ်မှုတွေ လျော့ချခဲ့ရပါတယ်။ အမျိုးသမီးကြီး ‘တီယန်’ ကတော့ သူ့အနေနဲ့ ကလေးမွေးနိုင်သေးတယ်ဆိုတာကို သိခဲ့ပေမယ့် တစ်ကယ်မွေးတဲ့အခါ စိတ်ဖိစီးမှုခံရပြီး အင်မတန်မှလည်း နာကျင်ကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

“အရမ်း အရမ်းနာတာ၊ ကျွန်မ မျက်လုံးတွေတောင် မဖွင့်နိုင်လောက်အောင်ပဲ” လို့ ပြောဆိုခဲ့ပါတယ်။ သူမကိုယ်ဝန်ဆောင်ချိန်တစ်လျောက်လုံး ဆရာဝန်တွေက အနီးကပ်စောင့်ကြည့်ခဲ့ကြပြီး ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်က ကိုယ်ဝန် ၃၆ ပတ်သားရှိနေပြီး သွေးတိုးဝေဒနာလည်း ခံစားခဲ့ရပါတယ်။ ကလေးဟာ ကိုယ်အလေးချိန် ၅ ပေါင် ၁၁ အောင်စရှိပြီး အထူးကြပ်မတ် စောင့်ကြည့်မှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒီသတင်း အွန်လိုင်းပေါ်ကနေ ပျံ့နှံ့သွားခဲ့ပြီးနောက် ဒီအသက်အရွယ်မှာ ကလေးမွေးတာနဲ့ ပက်သက်ပြီး ငြင်းခုန်ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ကလေးမီးဖွားသူအဖြစ် အသက် ၇၄ နှစ်မှာ ကလေးမွေးတဲ့ အိန္ဒိယအမျိုးသမီးကြီး Erramatti Mangayamma က စံချိန်တင်ထားပါတယ်။

Credit : popolay

LEAVE A REPLY