Zawgyi ျဖင့္ဖတ္ရန္

 

နယ္သာလန္ႏိုင္ငံက အာဏာပိုင္ေတြဟာ ယာေတာေလးတစ္ခုမွာ သီးျခားေနၾကတဲ့ မိသားစု ၇ေယာက္ကို စုံစမ္းရွာေဖြမႈအေၾကာင္း ထုတ္ျပန္ခဲ့ၾကၿပီး ထိုမိသားစု၇ေယာက္ကို ကမာၻပ်က္မယ့္အခ်ိန္ကို ေစာင့္ေနၾကသူေတြလို႔ ဆိုၾကပါတယ္။ထိုယာေတာထဲကို ရဲေတြဝင္ေရာက္စစ္ေဆးခ်ိန္မွာ အသက္ ၁၈ႏွစ္ကေန ၂၅ႏွစ္အ႐ြယ္ လူငယ္၆ေယာက္နဲ႔ ၅၈ႏွစ္အ႐ြယ္ လူႀကီးတစ္ေယာက္ကို ေတြ႕ရွိခဲ့ပါတယ္။

သူတို႔ဟာ စုံစမ္းစစ္ေဆးေရးမွာ ပူးေပါင္းပါဝင္ခ်င္ၾကပုံမရဘဲ အသက္၅၀ေက်ာ္လူႀကီးနဲ႔ လူငယ္ေတြဟာ ဘယ္လိုေတာ္စပ္ၾကတယ္ဆိုတာကိုလည္း ေရေရာရာရာမသိခဲ့ၾကရပါဘူး။သူတို႔ဟာ တျခားသူေတြနဲ႔ အဆက္အသြယ္မလုပ္ဘဲ သီးျခားေနၾကတယ္လို႔ အိမ္နီးခ်င္းေတြကဆိုပါတယ္။ သူတို႔ဟာ ျပင္ပေလာကနဲ႔ ဘယ္ေလာက္ထိေတာင္ အဆက္အသြယ္ျဖတ္ၿပီးေနၾကလဲဆိုရင္ အိမ္မွာ ႐ုပ္ျမင္သံၾကားစက္ေတာင္ မထားဘူးလို႔ သိရပါတယ္။

 

 

သူတို႔ရဲ႕ ယာေတာရွိရာေနရာကေတာ့ နယ္သာလန္ေျမာက္ပိုင္းက ယူနာေဝါ ဆိုတဲ့ ေဒသခံ ၄ေထာင္ခန႔္ေနထိုင္ရာ ၿမိဳ႕ေလးမွာပဲျဖစ္ပါတယ္။

ရဲေတြကေတာ့ ယာေတာအေၾကာင္း ဆက္လက္စုံစမ္းေနၾကၿပီး ထိုယာေတာမွာ ႀကီးမားတဲ့ ဟင္းသီးဟင္း႐ြက္ေတြစိုက္ပ်ိဳးထားတဲ့ ဥယ်ာဥ္နဲ႔ သစ္ပင္သစ္ရိပ္ေတြ အမ်ားႀကီးရွိၿပီး ရႈပ္ယွက္ခတ္ေနတယ္လို႔ သတင္းစာတိုက္က ေရးသားေဖာ္ျပထားပါတယ္။ RTV ရဲ႕တင္ျပခ်က္အရေတာာ သူတို႔မိသားစုဟာ ဟင္းသီးဟင္း႐ြက္ဥယ်ာဥ္ ဆိတ္တစ္ေကာင္နဲ႔ ၿခိဳးၿခိဳးၿခံၿခံေနထိုင္ၾကတယ္လို႔ ဆိုပါတယ္။

Writer -LLA ( Shwe Yaung Lan )

Unicode ဖြင့်ဖတ်ရန်

ကမ္ဘာပျက်မယ့်နေ့ကို နှစ်ပေါင်းများစွာစောင့်ဆိုင်းနေကြတဲ့ မိသားစု ၇ ယောက်တို့နေရာ

နယ်သာလန်နိုင်ငံက အာဏာပိုင်တွေဟာ ယာတောလေးတစ်ခုမှာ သီးခြားနေကြတဲ့ မိသားစု ၇ယောက်ကို စုံစမ်းရှာဖွေမှုအကြောင်း ထုတ်ပြန်ခဲ့ကြပြီး ထိုမိသားစု၇ယောက်ကို ကမ္ဘာပျက်မယ့်အချိန်ကို စောင့်နေကြသူတွေလို့ ဆိုကြပါတယ်။ထိုယာတောထဲကို ရဲတွေဝင်ရောက်စစ်ဆေးချိန်မှာ အသက် ၁၈နှစ်ကနေ ၂၅နှစ်အရွယ် လူငယ်၆ယောက်နဲ့ ၅၈နှစ်အရွယ် လူကြီးတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။

သူတို့ဟာ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပါဝင်ချင်ကြပုံမရဘဲ အသက်၅၀ကျော်လူကြီးနဲ့ လူငယ်တွေဟာ ဘယ်လိုတော်စပ်ကြတယ်ဆိုတာကိုလည်း ရေရောရာရာမသိခဲ့ကြရပါဘူး။သူတို့ဟာ တခြားသူတွေနဲ့ အဆက်အသွယ်မလုပ်ဘဲ သီးခြားနေကြတယ်လို့ အိမ်နီးချင်းတွေကဆိုပါတယ်။ သူတို့ဟာ ပြင်ပလောကနဲ့ ဘယ်လောက်ထိတောင် အဆက်အသွယ်ဖြတ်ပြီးနေကြလဲဆိုရင် အိမ်မှာ ရုပ်မြင်သံကြားစက်တောင် မထားဘူးလို့ သိရပါတယ်။

သူတို့ရဲ့ ယာတောရှိရာနေရာကတော့ နယ်သာလန်မြောက်ပိုင်းက ယူနာဝေါ ဆိုတဲ့ ဒေသခံ ၄ထောင်ခန့်နေထိုင်ရာ မြို့လေးမှာပဲဖြစ်ပါတယ်။

ရဲတွေကတော့ ယာတောအကြောင်း ဆက်လက်စုံစမ်းနေကြပြီး ထိုယာတောမှာ ကြီးမားတဲ့ ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးထားတဲ့ ဥယျာဉ်နဲ့ သစ်ပင်သစ်ရိပ်တွေ အများကြီးရှိပြီး ရှုပ်ယှက်ခတ်နေတယ်လို့ သတင်းစာတိုက်က ရေးသားဖော်ပြထားပါတယ်။ RTV ရဲ့တင်ပြချက်အရတောာ သူတို့မိသားစုဟာ ဟင်းသီးဟင်းရွက်ဥယျာဉ် ဆိတ်တစ်ကောင်နဲ့ ခြိုးခြိုးခြံခြံနေထိုင်ကြတယ်လို့ ဆိုပါတယ်။

Writer -LLA ( Shwe Yaung Lan )

LEAVE A REPLY