Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
(၁၃) နှစ်အရွယ် ရှစ်တန်းကျောင်းသူကို ခိုးယူထွက်ပြေးသည့် ကျောင်းထိုင်ဆရာတော် ကို ဖမ်းမိပြီ
အောက်တိုဘာ(၂)ရက် ၂၀၁၉ခုနှစ် ဥသျှစ်ပင်ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၂.၁၀.၂၀၁၉. ၀၂၁၃၀ နာရီအချိန်တွင် ဥသျှစ်ပင်နယ်မြေတာဝန်ခံ စရဖ ကျော်မင်းထွန်းနှင့်နယ်မြေခံရဲစခန်းမှစခန်းမှူးရဲအုပ်သန်းလှနှင့်အဖွဲ့များကပူးပေါင်း၍ခိုးယူထွက်ပြေးသွားသောဘုန်းကြီးအားကျောက်ဖူးကျေးရွှာအုပ်စု၊ဆင်လူးရွှာတွင်ဖမ်းဆီးရမိခဲ့ပါသည်။
ဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မရှမ်းကန်တော်ရကျောင်း၊အသက်(၄၀)နှစ်(ဘ)ဦးဘမောင်(အမိ)၊ဒေါ်ေးအးနန်း၇/ပမန(နိုင်)၀၀၃၈၅၀ ရှမ်း/ဗမာ ပညာအရည်အချင်း(၄)တန်း၊နောင်ချိုကြီးကျေးရွှာ၊ညဏ်တော်ရပ်၊နောင်ချိုးမြို့သူသည် မမြတ်ဆုမွန်(ဘ)ဦးမြင့်ဦး၊(၈)တန်းကျောင်းသူ၊ညောင်ကုန်းရွှာ၊သူဌေးအုပ်စု၊ပေါင်တလည်နေသူအား၊ခိုးယူထွက်ပြေးသွားသည်ဟုသတင်းအရနယ်မြေတာဝန်ခံစရဖ၊နယ်မြေခံရဲစခန်းမှစခန်းမှူးရဲအုပ်သန်းလှနှင့်အဖွဲ့များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ကျောက်ဖူးကျေးရွှာအုပ်စု၊ဆင်လူးရွှာရှိဦးနိုင်ဝင်းဒေါ်နန်းခန့်ဝါနေအိမ်အားသွားရောက်ရှာဖွေရာဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မအားတွေ့ရှိ၍ဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်။
ဦးအဂ္ဂဓမ္မကျောင်းထိုင်သည့် ကျောင်းတိုက်တွင် သတင်းသုံးနေသည့် ဦပဉ္ဖင်း ဦးအရိယာဝံသက “ခါတိုင်းသူခရီးသွားရင် ပြောဆိုပြီးမှသွားတယ်။ သူ့ကားနဲ့ မနက်အစောကြီး ထွက်သွားတာ၊ သူပြန်မလာလို့ သူ့အခန်းထဲဝင်ကြည့်တော့ လပ်တော့တွေရော အခန်းထဲမှာမရှိတော့ဘူး။ အခုဆိုပြန်မလာတာ ၂ ရက်ရှိပြီ အဲနေ့က ပြည်ကိုကြွဦးမယ်ဆိုပြီးတော့ပဲထွက်သွားတာ”ဟု မိန့်သည်။
နှောကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဇာဂရ ကလည်း “ဒီမှာကျောင်းထိုင်ဖို့ ဦးဇင်းပဲ တင်ပေးခဲ့တာ။ နောင်ချိုဇာတိ။ သူယိုးဒယားမှာနေနေတာ။ လှမ်းဆက်သွယ်ပြီး ကျောင်းထိုင်ဖို့ လာခဲ့ဆိုပြီး လှမ်းခေါ်လိုက်တာ။ အဖြစ်အပျက် ဆိုးတယ်လို့ပဲ ပြောရမှာပေါ့။ သာသနာလည်းထိခိုက်တယ်။ သူက ဆက်သွယ်လို့ မရအောင်ကို လုပ်ပစ်ခဲ့တာ။ ဖုန်းကိုပိတ်ပစ်တယ် ဖုန်းကိုအမြဲခေါ်နေတာ” ဟု မိန့်သည်။ ထိုသို့ခိုးယူထွက်ပြေးသွားသောဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မအား (၀၂၁၃၀)နာရီအချိန်တွင်ဥသျှစ်ပင်နယ်မြေခံ စခန်းမှူးရဲအုပ်သန်းလှမှပေါင်တလည်စခန်းမှူးရဲအုပ်ဇော်မင်းနှင့်အဖွဲ့အားလွဲပြောင်းပေးလိုက်သည်ဟုသိရှိရပါသည်။ ခိုးယူထွက်ပြေးသွားသေားဦးစိုင်းအောင်မိုး(ဘွဲ့)ဦးအဂ္ဂဓမ္မအား ပေါင်တလည်ရဲစခန်းမှပ/၃၉/၁၉ပုဒ်မ-၃၆၃ ဖြင့်အမှု့ဖွင့်အရေးယူထားကြောင်းသတင်းရရှိပါသည်။
share from : burmese.asia
LEAVE A REPLY