Zawgyi ျဖင့္ဖတ္ရန္

 

မ်က္ႏွာေပၚမွာ ေပါက္တတ္တဲ့ ‘ဝက္ၿခံ’ ဖုေလးေတြဟာ မ်ားေသာအားျဖင့္ ပ်ိဳေဖာ္ဝင္စ၊ ဆယ္ေက်ာ္သက္ေတြ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ထြက္လာတတ္တာ သဘာဝျဖစ္ပါတယ္။ အသက္ ၃၀ ဝန္းက်င္ေလာက္ထိ ထြက္တတ္ၿပီး ရံဖန္ရံခါ အိပ္ေရးပ်က္တာ၊ အစားအေသာက္မွားတာ၊ စိတ္ဖိဆီးမႈမ်ားတာေတြေၾကာင့္ကလြဲရင္ အသက္ႀကီးလာတာနဲ႔အမွ် တစ္ျဖည္းျဖည္းနဲ႔ ေလွ်ာ့ပါးသြားတတ္ပါတယ္။

ျမန္မာစကားမွာ ‘ႀကီးမွ ဝက္သက္ေပါက္တယ္’ ဆိုတာ ဂုဏ္ယူစရာေကာင္းေပမယ့္ ႀကီးမွဝက္ၿခံေပါက္ရင္ေတာ့ အႏၲရာယ္ရွိလို႔ သတိထားဖို႔လိုပါလိမ့္မယ္။

တ႐ုတ္ႏိုင္ငံ ဂြမ္ေဒါင္းက အသက္ ၅၁ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးက သူ႔ရဲ႕နဖူးျပင္မွာ စူထြက္လာတဲ့ အဖုေလးကို ဝက္ၿခံေပါက္တာပဲထင္ၿပီး ညႇစ္ထုတ္ပစ္လိုက္မိပါတယ္။ ဒါေပမယ့္ တစ္ရက္ႏွစ္ရက္ေလာက္ ၾကာတဲ့အခါ အဲဒီေနရာ အနာဝက မဲလိုက္လာၿပီး ထူလပ်စ္ႀကီး ျဖစ္လာပါတယ္။

ေဆး႐ုံမွာ သြားေရာက္စစ္ေဆးတဲ့အခါမွာေတာ့ အင္မတန္ျဖစ္ခဲလွတဲ့ အေရျပားကင္ဆာျဖစ္ေနတာကို သိလိုက္ရပါတယ္။ သူညႇစ္ထုတ္လိုက္တဲ့အရာက ကင္ဆာအက်ိတ္တည္ကာစ အလုံးျဖစ္ေနပါတယ္။ အသားအစားထိုး ခြဲစိပ္ကုသတဲ့ နည္းလမ္းတစ္ခုနဲ႔သာ ဆက္ၿပီးမျပန႔္ေအာင္ တားႏိုင္မယ္လို႔ ဆရာဝန္ေတြက အႀကံေပးပါတယ္။

ဆရာဝန္ေတြက သူ႔ရဲ႕ သေဘာတူညီခ်က္အရ လက္ေမာင္းကအသားကို ယူၿပီး နဖူးျပင္မွာ အစားထိုးခြဲစိတ္မႈ ၅ နာရီၾကာေအာင္ ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အႏၲရာယ္ကင္းကင္းနဲ႔ ေဆး႐ုံက ဆင္းႏိုင္ခဲ့ေၾကာင္း Oriental Daily သတင္းမွာ ေဖာ္ျပထားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အသက်ကြီးမှ “ဝက်ခြံ”ပေါက်ရင် သတိထားပါ

မျက်နှာပေါ်မှာ ပေါက်တတ်တဲ့ ‘ဝက်ခြံ’ ဖုလေးတွေဟာ များသောအားဖြင့် ပျိုဖော်ဝင်စ၊ ဆယ်ကျော်သက်တွေ ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်လာတတ်တာ သဘာဝဖြစ်ပါတယ်။ အသက် ၃၀ ဝန်းကျင်လောက်ထိ ထွက်တတ်ပြီး ရံဖန်ရံခါ အိပ်ရေးပျက်တာ၊ အစားအသောက်မှားတာ၊ စိတ်ဖိဆီးမှုများတာတွေကြောင့်ကလွဲရင် အသက်ကြီးလာတာနဲ့အမျှ တစ်ဖြည်းဖြည်းနဲ့ လျှော့ပါးသွားတတ်ပါတယ်။

မြန်မာစကားမှာ ‘ကြီးမှ ဝက်သက်ပေါက်တယ်’ ဆိုတာ ဂုဏ်ယူစရာကောင်းပေမယ့် ကြီးမှဝက်ခြံပေါက်ရင်တော့ အန္တရာယ်ရှိလို့ သတိထားဖို့လိုပါလိမ့်မယ်။

တရုတ်နိုင်ငံ ဂွမ်ဒေါင်းက အသက် ၅၁ နှစ်အရွယ် အမျိုးသားကြီးက သူ့ရဲ့နဖူးပြင်မှာ စူထွက်လာတဲ့ အဖုလေးကို ဝက်ခြံပေါက်တာပဲထင်ပြီး ညှစ်ထုတ်ပစ်လိုက်မိပါတယ်။ ဒါပေမယ့် တစ်ရက်နှစ်ရက်လောက် ကြာတဲ့အခါ အဲဒီနေရာ အနာဝက မဲလိုက်လာပြီး ထူလပျစ်ကြီး ဖြစ်လာပါတယ်။

ဆေးရုံမှာ သွားရောက်စစ်ဆေးတဲ့အခါမှာတော့ အင်မတန်ဖြစ်ခဲလှတဲ့ အရေပြားကင်ဆာဖြစ်နေတာကို သိလိုက်ရပါတယ်။ သူညှစ်ထုတ်လိုက်တဲ့အရာက ကင်ဆာအကျိတ်တည်ကာစ အလုံးဖြစ်နေပါတယ်။ အသားအစားထိုး ခွဲစိပ်ကုသတဲ့ နည်းလမ်းတစ်ခုနဲ့သာ ဆက်ပြီးမပြန့်အောင် တားနိုင်မယ်လို့ ဆရာဝန်တွေက အကြံပေးပါတယ်။

ဆရာဝန်တွေက သူ့ရဲ့ သဘောတူညီချက်အရ လက်မောင်းကအသားကို ယူပြီး နဖူးပြင်မှာ အစားထိုးခွဲစိတ်မှု ၅ နာရီကြာအောင် ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အန္တရာယ်ကင်းကင်းနဲ့ ဆေးရုံက ဆင်းနိုင်ခဲ့ကြောင်း Oriental Daily သတင်းမှာ ဖော်ပြထားပါတယ်။

Credit : popolay

LEAVE A REPLY