Zawgyi ဖြင့်ဖတ်ရန်


 


 



Unicode ဖြင့်ဖတ်ရန်

ရုပ်ရှင်သက်ကြီးပူဇော်ပွဲ မလာတဲ့သရုပ်ဆောင်တွေကို ဒဲ့ဝေဖန်လိုက်တဲ့သားညီ

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယ ဟာဆိုရင် မြန်မာလူမျိုးတွေ အတွက် ၊ ဗုဒ္ဓဘာသာဝင်တွေ အတွက် အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့မှာ ရပ်ဝေးရောက်နေသူတွေကလည်း မိဘ အဖိုးအဘွားတွေဆီသွားရောက်ကန်တော့ကြပြီးတော့ မိသားစုတွေ စုံစုံလင်လင်ရှိကြသလို ၊ ဘာသာရေးအယူအဆအားဖြင့်လည်း တာဝတိ ံသာနတ်ပြည်ကနေ ဗုဒ္ဓမြတ်စွာဘုရားဟာ ဓမ္မစြင်္ကာတရားတော် များ ဟောကြားပြီးလို့ လူပြည့်သို့ ပတ္တမြားစောင်းတန်းကနေ ပြန်ကြွမြန်းတဲ့နေ့မို့ လူနတ်ဗြဟ္မာသတ္တဝါအားလုံးက ဆီမီးတွေထွန်းညှိပူဇော်ကြတဲ့နေ့လည်း ဖြစ်ပါတယ်။

ကန်တော့ကြတဲ့ နေ့လည်းဖြစ်ပါတယ်။ မိမိတို့ထက် သရုပ်ဆောင်လောကမှာ အသက်ရော ဝါရောကြီးရင့်ကြီးတဲ့ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေကို လက်အုပ်စုံမိုးပြီးရှိခိုးကန်တော့ကြတဲ့ ပွဲလေးပဲ ဖြစ်ပါတယ်။ ဒီပွဲကို နှစ်စဉ်ကျင်းပလာခဲ့တာဟာ တော်တော်လေး ခရီးရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုနေ့မျိုးကို မလာတဲ့ သရုပ်ဆောင်တွေလည်း ရှိတာကြောင့် သရုပ်ဆောင်ဒါရိုက်တာ သားညီကတော့ အတော်လေး ဒေါပွနေပါတယ်။ သူရဲ့ လူမှုကွန်ရက်မှာလည်း ဒီအကြောင်းကို ရေးသားထားပြီးတော့ အခုလို သက်ကြီးရွယ်အို ပူဇော်ပွဲတောင် မလာနိုင်ကြတာ အံသြတဲ့အကြောင်းနဲ့ ခရီးထွက်နေသူတွေကို ခွင့်လွှတ်နိုင်ပေမယ့် EDM ပွဲတွေမှာတော့ မြင်မကောင်းအောင် ဒွန့်နေကြပြီး အင်တာဗျူးရင် အနုပညာ ကိုဘယ်လို မြတ်နိုးတယ်ဆိုတာမျိုး ပြောကြပါဦးမယ်။ အဲ့ဒီလို လူတွေဆို ဒဲ့ရွံတယ်ဆိုပြီးပြောဆိုလာပါတယ်။ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ သရုပ်ဆောင် ဒါရိုက်တာ သားကြီးရဲ့ပြောဆိုမှုဟာမှန်ကန်မှု ရှိမရှိ ပရိသတ်တွေ အနေနဲ့ ဝေဖန်ပေးပါဦးနော်။

share from : burmese.asia

LEAVE A REPLY