Zawgyi ျဖင့္ဖတ္ရန္

ေျပာင္းလဲလာေနတဲ့ ေခတ္စနစ္နဲ႔ ေလွ်ာ္ညီစြာ လူေနမႈအဆင့္တန္းကို အၿမဲျမႇင့္တင္ေပးေနတဲ့ Apple ကုမၸဏီက သူ႔ရဲ႕ ႀကိဳးမဲ့နားၾကပ္အသစ္ AirPods Pro ကို တနလၤာေန႔က ထပ္မံမိတ္ဆက္လိုက္ျပန္ပါၿပီ။ လက္ရွိေစ်းကြက္ထဲမွာ ရွိႏွင့္ၿပီးျဖစ္တဲ့ Apple ရဲ႕ AirPods နားၾကပ္ေတြကို ၂၀၁၆ ခုႏွစ္က ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ အခုတစ္ခါ အသစ္ထြက္လာတဲ့ AirPods Pro ကေတာ့ AirPods ရဲ႕ ဒုတိယမ်ိဳးဆက္ျဖစ္တာနဲ႔အညီ ထူးျခားတဲ့ ခံစားမႈရသ အသစ္ေတြ ထပ္မံေပါင္းစပ္ထားပါတယ္။

AirPods Pro မွာ ဆူညံသံေတြကို ဖယ္ရွားေပးႏိုင္တဲ့လုပ္ေဆာင္ခ်က္အျပင္ ကိုယ္နားေထာင္ေနတဲ့ သီခ်င္းကိုလိုက္ၿပီး AirPods က အလိုေလွ်ာက္ အသံခ်ိန္ညႇိေပးႏိုင္တဲ့ Adaptive EQ စနစ္ပါဝင္ပါတယ္။ ဒါ့အျပင္ နားၾကပ္တပ္ထားခ်ိန္မွာ ပတ္ဝန္းက်င္ျပင္ပက အသံေတြကိုလည္း ၾကားေနခ်င္တယ္ဆိုရင္ တစ္ခ်က္ထိလိုက္တာနဲ႔ အားလုံးၾကားႏိုင္မယ့္ Transparency mode ပါဝင္ပါတယ္။

 

၂၀၁၆ ေမာ္ဒယ္ AirPods မွာ လူေတြသေဘာမက်တဲ့ အားနည္းခ်က္ကို ျပင္ဆင္ထားၿပီး AirPods ရဲ႕ အဆို႔ကို ကိုယ့္နားနဲ႔ ကိုက္ညီေအာင္ စိတ္ႀကိဳက္ ခ်ိန္ညႇိႏိုင္သြားပါၿပီ။

အားလုံးထဲမွာ အႀကိဳက္ဆုံးကေတာ့ AirPods Pro ဟာ ေရစိုခံတယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ Apple က အားကစားသမားေတြအတြက္လည္း စီစဥ္ေပးထားတာျဖစ္ပါတယ္။ အရင္ AirPods ေမာ္ဒယ္လ္မွာေတာ့ အားသြင္းတဲ့ ဗူးေလးကို ထပ္မံဝယ္ယူရၿပီး ယခု AirPods Pro မွာေတာ့ အားသြင္းဗူးပါ တြဲလ်က္ပါဝင္မွာျဖစ္ပါတယ္။

 

အခုေအာက္တိုဘာလကုန္မွာ စတင္ တင္ပို႔ျဖန႔္ျဖဴးသြားမယ္လို႔ Apple က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ သုံးစြဲသူေတြရဲ႕ လက္ထဲကိုေတာ့ လာမယ့္ မတ္လမွာ ေရာက္လာမွာျဖစ္တဲ့ AirPods Pro ရဲ႕ ေစ်းႏႈန္းက အေမရိကန္ေဒၚလာ $249 ျဖစ္ပါတယ္။

 

 

လက္ရွိေစ်းကြက္ထဲက AirPods ရဲ႕ ေစ်းႏႈန္း $159 ထပ္စာရင္ ေစ်းျမင့္တယ္ဆိုေပမယ့္ ပိုၿပီးစတိုင္က် သပ္ရပ္လွပတဲ့ဒီဇိုင္း၊ လုပ္ေဆာင္ခ်က္အသစ္ေတြ၊ ေရစိုခံတာနဲ႔ အားသြင္းဗူးေလးပါ တစ္ပါတည္းရမွာဆိုေတာ့လည္း Apple ခ်စ္သူေတြ သေဘာက်ႏွစ္ၿခိဳက္ဦးမယ့္ ဝတ္ဆင္စရာ ပစၥည္းသစ္ေလးတစ္ခု ျဖစ္လာမွာ မလြဲပါဘူး။ အားသြင္းႏႈန္း ျမန္ခ်က္ကလည္း ၅ မိနစ္ အားသြင္း႐ုံနဲ႔ တစ္နာရီစာ ဆက္တိုက္နားေထာင္လို႔ရမွာျဖစ္ၿပီး တစ္ခါအားသြင္းရင္ အနည္းဆုံး ၅ နာရီနီးပါး ဝတ္ဆင္အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

လကုန်ရင်ထွက်မယ့် Apple ရဲ့ AirPods Pro အသစ် ဘာတွေထူးခြားလဲ..?

ပြောင်းလဲလာနေတဲ့ ခေတ်စနစ်နဲ့ လျှော်ညီစွာ လူနေမှုအဆင့်တန်းကို အမြဲမြှင့်တင်ပေးနေတဲ့ Apple ကုမ္ပဏီက သူ့ရဲ့ ကြိုးမဲ့နားကြပ်အသစ် AirPods Pro ကို တနင်္လာနေ့က ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ လက်ရှိဈေးကွက်ထဲမှာ ရှိနှင့်ပြီးဖြစ်တဲ့ Apple ရဲ့ AirPods နားကြပ်တွေကို ၂၀၁၆ ခုနှစ်က ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတစ်ခါ အသစ်ထွက်လာတဲ့ AirPods Pro ကတော့ AirPods ရဲ့ ဒုတိယမျိုးဆက်ဖြစ်တာနဲ့အညီ ထူးခြားတဲ့ ခံစားမှုရသ အသစ်တွေ ထပ်မံပေါင်းစပ်ထားပါတယ်။

AirPods Pro မှာ ဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့လုပ်ဆောင်ချက်အပြင် ကိုယ်နားထောင်နေတဲ့ သီချင်းကိုလိုက်ပြီး AirPods က အလိုလျှောက် အသံချိန်ညှိပေးနိုင်တဲ့ Adaptive EQ စနစ်ပါဝင်ပါတယ်။ ဒါ့အပြင် နားကြပ်တပ်ထားချိန်မှာ ပတ်ဝန်းကျင်ပြင်ပက အသံတွေကိုလည်း ကြားနေချင်တယ်ဆိုရင် တစ်ချက်ထိလိုက်တာနဲ့ အားလုံးကြားနိုင်မယ့် Transparency mode ပါဝင်ပါတယ်။

၂၀၁၆ မော်ဒယ် AirPods မှာ လူတွေသဘောမကျတဲ့ အားနည်းချက်ကို ပြင်ဆင်ထားပြီး AirPods ရဲ့ အဆို့ကို ကိုယ့်နားနဲ့ ကိုက်ညီအောင် စိတ်ကြိုက် ချိန်ညှိနိုင်သွားပါပြီ။

အားလုံးထဲမှာ အကြိုက်ဆုံးကတော့ AirPods Pro ဟာ ရေစိုခံတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ Apple က အားကစားသမားတွေအတွက်လည်း စီစဉ်ပေးထားတာဖြစ်ပါတယ်။ အရင် AirPods မော်ဒယ်လ်မှာတော့ အားသွင်းတဲ့ ဗူးလေးကို ထပ်မံဝယ်ယူရပြီး ယခု AirPods Pro မှာတော့ အားသွင်းဗူးပါ တွဲလျက်ပါဝင်မှာဖြစ်ပါတယ်။

အခုအောက်တိုဘာလကုန်မှာ စတင် တင်ပို့ဖြန့်ဖြူးသွားမယ်လို့ Apple က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သုံးစွဲသူတွေရဲ့ လက်ထဲကိုတော့ လာမယ့် မတ်လမှာ ရောက်လာမှာဖြစ်တဲ့ AirPods Pro ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ $249 ဖြစ်ပါတယ်။

လက်ရှိဈေးကွက်ထဲက AirPods ရဲ့ ဈေးနှုန်း $159 ထပ်စာရင် ဈေးမြင့်တယ်ဆိုပေမယ့် ပိုပြီးစတိုင်ကျ သပ်ရပ်လှပတဲ့ဒီဇိုင်း၊ လုပ်ဆောင်ချက်အသစ်တွေ၊ ရေစိုခံတာနဲ့ အားသွင်းဗူးလေးပါ တစ်ပါတည်းရမှာဆိုတော့လည်း Apple ချစ်သူတွေ သဘောကျနှစ်ခြိုက်ဦးမယ့် ဝတ်ဆင်စရာ ပစ္စည်းသစ်လေးတစ်ခု ဖြစ်လာမှာ မလွဲပါဘူး။ အားသွင်းနှုန်း မြန်ချက်ကလည်း ၅ မိနစ် အားသွင်းရုံနဲ့ တစ်နာရီစာ ဆက်တိုက်နားထောင်လို့ရမှာဖြစ်ပြီး တစ်ခါအားသွင်းရင် အနည်းဆုံး ၅ နာရီနီးပါး ဝတ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY