Zawgyi ဖြင့်ဖတ်ရန်

 


 


 

အောင်လအန်ဆန်း

တခြားနိုင်ငံကလူတွေကို သိပ်ပြီးတော့အထင်မကြီးပါနဲ့လို့ဆိုတဲ့ အာရှတိုက်ရဲ့ ပြိုင်ဘက်ကင်းဖိုက်တာ နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်း"ကိုယ်ဝါသနာပါတဲ့နေရာမှာ ကြိုးစားပါ။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးတော့ ပညာယူမယ်ဆိုရင်အောင်မြင်မှုရလိမ့်မယ်…."#AungLaNSang #BurmesePhython #OneLightHeavyweightChampion #OneMiddleweightChampion #PopularJournal

Posted by Popular Journal on Thursday, October 17, 2019



Unicode ဖြင့်ဖတ်ရန်

ဘာပဲဖြစ်ဖြစ်ကြိုးစားပြီး ပညာယူမယ်ဆို အောင်မြင်မှုရလိမ့်မယ် လို့ဆိုလာတဲ့ အောင်လအန်ဆန်း

ဗရန်ဒန်ဗီရာကို အနိုင်ထိုးသတ်ပြီး သူ့ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ တဲ့ အောင်လအန်ဆန်းဟာ ဒီလို အနိုင်ယူဖို့ အတွက် လေ့ကျင့်မှုတွေကို တစ်ရက်မှ မနားဘဲ လနဲ့ချီ ကြိုးစားခဲ့ရတာပါ….. အောင်လအန်ဆန်းဟာ ဝိတ်တန်း ၂ ခုရဲ့ ချန်ပီယံခါးပတ်ကို ရယူထားနိုင်ခဲ့ပြီး ချန်ပီယံ ကာကွယ်ပွဲတွေကိုလည်း လာရောက်စိန်ခေါ်သူတွေ ရှိတာကြောင့် ထိုးသတ်ခဲ့ရာမှာ အားလုံးကို အနိုင်ရရှိသူပဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ သူ့ထက် ဝိတ်တန်းကြီးသူတွေ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်ကြီးမားသန်မာသူတွေကို လုံးဝ ကြောက်ရွံထိတ်လန့်မှုမရှိဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်ထိုးသတ်ပြီး ချန်ပီယံခါးပတ်တွေကို ရရှိ ကာကွယ်နိုင်တာပါ ဒီလို နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတဲ့ ပြီး အောင်ပွဲတွေရရှိခဲ့တာနဲ့ ပတ်သတ်ပြီး အောင်လအန်ဆန်းက ထုတ်ဖော်ပြောဆိုခဲ့ရာမှာတော့ နိုင်ငံခြားသားတွေကို အထင်မကြီးဖို့ နဲ့ မိမိကိုယ်ကို အကောင်းဆုံးကြိုးစားပြီး အချိန်ပေးအားထုတ်မယ်ဆိုရင် ဘာမဆို အောင်မြင်နိုင်တဲ့အကြောင်း ကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူနာမည်မကြီးခင်ကတည်းက သူ့အပေါ် ထောက်ပံ့မှုတွေပေး ချစ်ပေးခဲ့တဲ့ သူ့ဇနီးကို အရမ်းချစ်တဲ့အကြောင်းနဲ့ သူ့သားလေးဟာလည်း ထိုးတာကန်တာတွေ ဝါသနာပါတဲ့အကြောင်းကိုပါ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းတွေကို အင်တာဗျူးထားတဲ့ အောင်လအန်ဆန်းဗီဒီယိုလေးကို ပရိသတ်တွေအတွက် အောက်မှာ ပြန်လည်မျှဝေပေးထားပါတယ်နော်…အောင်လအန်ဆန်းကို ချစ်တဲ့ပရိသတ်ကြီးတို့ အပြည့်အစုံကြည့်ရနားထောင်ရအောင်လို့ပါနော်။

share from : burmese.asia

LEAVE A REPLY