Zawgyi ျဖင့္ဖတ္ရန္

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ One Championship ရဲ႕ 100 Century ပြဲစဥ္ေတြကေတာ့ တကယ့္ကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္၊ အႀကိတ္အနယ္ရွိစြာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ၾကရင္း ၿပီးဆုံးသြားခဲ့ပါၿပီ။ ၿပိဳင္ပြဲရဲ႕ Main Event ျဖစ္တဲ့ ျမန္မာ MMA ကစားသမားေအာင္လအန္ဆန္နဲ႔ စိန္ေခၚသူ ဘရန္ဒန္ဗီရာတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ေအာင္လအန္ဆန္က ဗီရာကို (၂) ခ်ီအတြင္းမွာပဲ အလဲထိုးရင္း ျပတ္ျပတ္သားသား အႏိုင္ယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဗီရာက ဒီပြဲစဥ္မွာ ေအာင္လအန္ဆန္ကို အေကာင္းဆုံးတုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သက္လုံပိုင္းအရ ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့ဘဲ ေအာင္လအန္ဆန္ရဲ႕ အလဲထိုးမႈကို ခံခဲ့ရတာပါတယ္။ ဒီအတြက္ ဗီရာဟာ ပြဲအၿပီးမွာ ဝွီးခ်ဲနဲ႔ေတာင္ ထြက္ခြာသြားခဲ့တာကို ေတြ႕ရပါတယ္။

 

ဗီရာဟာ ေအာင္လအန္ဆန္ရဲ႕ လက္သီးခ်က္ေတြေၾကာင့္ ေတာ္ေတာ္ေလး အထိနာသြားပုံရၿပီး ဝွီးခ်ဲေပၚမွာပဲ ဒီပြဲစဥ္မွာ ရႈံးနိမ့္သြားခဲ့ရျခင္းနဲ႔ ပတ္သက္ၿပီး ရင္ဖြင့္သြားခဲ့ပါတယ္။ ရႈံးနိမ့္မႈအတြက္ ဝမ္းနည္းေပမယ့္ ေအာင္လအန္ဆန္ဟာ အႏိုင္နဲ႔ ထိုက္တန္ေၾကာင္း ဗီရာက ဆိုခဲ့တာပါ။ “တစ္ခါတေလမွာ ဘဝက ထင္မွတ္ထားသလို ျဖစ္မလာပါဘူး။ ဘယ္ေလာက္ပဲ ေလ့က်င့္ေလ့က်င့္ ျဖစ္လာခ်င္မွျဖစ္လာတာ။ ဒီရႈံးနိမ့္မႈအတြက္ ကြၽန္ေတာ္မေပ်ာ္႐ႊင္ပါဘူး။ ေဒါသလည္း ထြက္မိတယ္။ ဒါေပမဲ့ ေအာင္လအန္ဆန္ဟာ အႏိုင္နဲ႔ ထိုက္တန္ပါတယ္။ သူဟာ တကယ့္ကိုျပင္းျပင္းထန္ထန္ႀကိဳးစားၿပီး အႏိုင္ယူသြားခဲ့တာပါ။ ကြၽန္ေတာ့္က လက္ရွိအခ်ိန္အထိ ဟဲဗီးဝိတ္ခ်န္ပီယံအျဖစ္ ရွိေနတုန္းပဲ။ ဘဝဆိုတာ ေမွ်ာ္လင့္ထားသလိုျဖစ္မလာဘဲ အိပ္မက္ဆိုတာလည္း လက္ေလွ်ာ့လိုက္ဖို႔ မဟုတ္ပါဘူး။ ႀကိဳးဝိုင္းထဲကို ကြၽန္ေတာ္ျပန္လာဦးမွာပါ”လို႔ ဗီရာက ရင္ဖြင့္သြားခဲ့တာပါ။

 

ဝွီးခ်ဲေလးေပၚမွာ ရင္ဖြင့္ေနရွာတဲ့ ဗီရာ

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ရှုံးနိမ့်မှုအတွက် ဒေါသထွက်ခဲ့ရပေမယ့် အောင်လဟာအနိုင်နဲ့ထိုက်တန်တဲ့သူတစ်ယောက်ပါလို့ ရင်ဖွင့်လာတဲ့ ဗီရာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championship ရဲ့ 100 Century ပွဲစဉ်တွေကတော့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်၊ အကြိတ်အနယ်ရှိစွာနဲ့ ယှဉ်ပြိုင်ထိုးသတ်ကြရင်း ပြီးဆုံးသွားခဲ့ပါပြီ။ ပြိုင်ပွဲရဲ့ Main Event ဖြစ်တဲ့ မြန်မာ MMA ကစားသမားအောင်လအန်ဆန်နဲ့ စိန်ခေါ်သူ ဘရန်ဒန်ဗီရာတို့ရဲ့ ပွဲစဉ်မှာတော့ အောင်လအန်ဆန်က ဗီရာကို (၂) ချီအတွင်းမှာပဲ အလဲထိုးရင်း ပြတ်ပြတ်သားသား အနိုင်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီရာက ဒီပွဲစဉ်မှာ အောင်လအန်ဆန်ကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သက်လုံပိုင်းအရ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ အောင်လအန်ဆန်ရဲ့ အလဲထိုးမှုကို ခံခဲ့ရတာပါတယ်။ ဒီအတွက် ဗီရာဟာ ပွဲအပြီးမှာ ဝှီးချဲနဲ့တောင် ထွက်ခွာသွားခဲ့တာကို တွေ့ရပါတယ်။

ဗီရာဟာ အောင်လအန်ဆန်ရဲ့ လက်သီးချက်တွေကြောင့် တော်တော်လေး အထိနာသွားပုံရပြီး ဝှီးချဲပေါ်မှာပဲ ဒီပွဲစဉ်မှာ ရှုံးနိမ့်သွားခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ရင်ဖွင့်သွားခဲ့ပါတယ်။ ရှုံးနိမ့်မှုအတွက် ဝမ်းနည်းပေမယ့် အောင်လအန်ဆန်ဟာ အနိုင်နဲ့ ထိုက်တန်ကြောင်း ဗီရာက ဆိုခဲ့တာပါ။ “တစ်ခါတလေမှာ ဘဝက ထင်မှတ်ထားသလို ဖြစ်မလာပါဘူး။ ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် ဖြစ်လာချင်မှဖြစ်လာတာ။ ဒီရှုံးနိမ့်မှုအတွက် ကျွန်တော်မပျော်ရွှင်ပါဘူး။ ဒေါသလည်း ထွက်မိတယ်။ ဒါပေမဲ့ အောင်လအန်ဆန်ဟာ အနိုင်နဲ့ ထိုက်တန်ပါတယ်။ သူဟာ တကယ့်ကိုပြင်းပြင်းထန်ထန်ကြိုးစားပြီး အနိုင်ယူသွားခဲ့တာပါ။ ကျွန်တော့်က လက်ရှိအချိန်အထိ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရှိနေတုန်းပဲ။ ဘဝဆိုတာ မျှော်လင့်ထားသလိုဖြစ်မလာဘဲ အိပ်မက်ဆိုတာလည်း လက်လျှော့လိုက်ဖို့ မဟုတ်ပါဘူး။ ကြိုးဝိုင်းထဲကို ကျွန်တော်ပြန်လာဦးမှာပါ”လို့ ဗီရာက ရင်ဖွင့်သွားခဲ့တာပါ။

ဝှီးချဲလေးပေါ်မှာ ရင်ဖွင့်နေရှာတဲ့ ဗီရာ

share from : burmese.asia

LEAVE A REPLY