Zawgyi ျဖင့္ဖတ္ရန္

 

ကမာၻ႔အႀကီးဆုံး ကိုယ္ခံပညာသိုင္းေပါင္းစုံအဖြဲ႕အစည္း ONE Championship သည္ ၎တို႔၏ ၿပိဳင္ပြဲ ၁၀၀ ျပည့္အထိမ္းအမွတ္အျဖစ္ ကိုယ္ခံပညာသိုင္းေပါင္းစုံ အားကစားသမိုင္းတစ္ေလွ်ာက္ တစ္ခါမွမရွိဖူးသည့္ တြဲဆိုင္း ၂၂ ဆိုင္းပါဝင္ေသာ ONE: CENTURY ၿပိဳင္ပြဲအား ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ ၁၃ ရက္တြင္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ Ryogoku Kokugikan အားကစား႐ုံ၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ သည္။ တြဲဆိုင္းမ်ားျပားလြန္းေသာေၾကာင့္ တစ္ခ်ိန္တည္းက်င္းပရန္မျဖစ္ႏိုင္ရာ တြဲဆိုင္း ၁၁ ဆိုင္းစီအား ONE: CENTURY PART-1 ႏွင့္ ONE: CENTURY PART-2 ဟူ၍ ႏွစ္ပိုင္းခြဲကာ နံနက္ပိုင္းႏွင့္ ညေနပိုင္းတြင္ က်င္းပသြားမည္ျဖစ္သည္။ညေနပိုင္းက်င္းပမည့္ PART-2 ၏ အဓိကတြဲဆိုင္းမွာ ONE ဝိတ္တန္းႏွစ္ခုခ်န္ပီယံ “ျမန္မာ့စပါးအုံး” ေအာင္လအန္ဆန္ႏွင့္ ONE ဟဲဗီးဝိတ္တန္းခ်န္ပီယံ ဖိလစ္ပိုင္-အေမရိကန္အားကစားသမား Brandon “The Truth” Vera တို႔ တြဲဆိုင္းျဖစ္သည္။ ONE မစ္ဒယ္ဝိတ္ တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္၏ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံခါးပတ္အတြက္ Vera က စိန္ေခၚထိုး သတ္ျခင္းလည္းျဖစ္သည္။

၎တို႔ႏွစ္ဦး၏တြဲဆိုင္းမွာ ကိုယ္ခံပညာသိုင္းေပါင္းစုံ အားကစားသမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္အခမ္းနားဆုံးႏွင့္ ၿပိဳင္ဆိုင္မႈအျပင္းထန္ ဆုံးတြဲဆိုင္းျဖစ္လာမည္ဟု သုံးသပ္ခံထားရသည္။ ဝိတ္တန္းႀကီးသလို ႏွစ္ဦးစလုံးက အေကာင္းဆုံးပြဲသိမ္းတိုက္ကြက္မ်ား ပိုင္ဆိုင္ထား ေသာေၾကာင့္ မည္သူအႏိုင္ရမည္ဆိုသည္ကို တပ္အပ္ေျပာရန္ မျဖစ္ႏိုင္ပါ။ သာမန္ပရိသတ္မ်ား မဆိုထားႏွင့္ ၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္လ်က္ရွိေသာ ကိုယ္ခံပညာသိုင္းေပါင္းစုံအားကစားသမားမ်ားၾကားတြင္ပင္ အႏိုင္ရ မည့္သူကို ခန႔္မွန္းရာ၌ အျမင္အမ်ိဳးမ်ိဳး၊ ရႈေထာင့္အမ်ိဳးမ်ိဳးျဖစ္ကာ ကြဲျပားလ်က္ရွိသည္။ ၿပိဳင္ပြဲယွဥ္ၿပိဳင္ရန္ တျဖည္းျဖည္းနီးကပ္လာခ်ိန္ တြင္ ေအာင္လအန္ဆန္ႏွင့္ Vera တို႔တြဲဆိုင္းအေပၚ ၎တို႔၏ရႈျမင္ပုံကို ေျပာၾကားလာေသာ ထိပ္တန္းကိုယ္ခံပညာသိုင္းေပါင္းစုံ အားကစားသမားမ်ား ထြက္ေပၚလာသည္။ ထို႔ေၾကာင့္ အဆိုပါအားကစားသမားမ်ားအနက္ ၄ ဦး၏အျမင္မ်ားကို ေဖာ္ျပလိုက္ပါသည္။

Martin Nguyen (ONE ဖယ္သာဝိတ္တန္း ကမာၻ႔ခ်န္ပီယံ)

ONE Championship ၏ ကမာၻ႔ခ်န္ပီယံမ်ားထဲတြင္ ဗီယက္နမ္-ၾသစေၾတးလ်အားကစားသမား Martin “The Situ-Asian” Nguyen လည္း တစ္ဦးအပါအဝင္ျဖစ္သည္။ ၎သည္ Hard Knocks 365 အသင္းသား ေအာင္လအန္ဆန္ႏွင့္ ခင္မင္ရင္းႏွီးေသာဆက္ဆံေရးရွိ ၿပီး ညီအစ္ကိုအရင္းလို ခ်စ္ခင္ၾကသူမ်ားျဖစ္သည္။၎က ေအာင္လအန္ဆန္ႏွင့္ Vera တို႔ႏွစ္ဦးစလုံး၏ ေျခကန္ခ်က္မ်ားမွာ အလြန္တရာျပင္းထန္အားပါၿပီး ၿပိဳင္ဘက္မ်ားအား လဲၿပိဳႏိုင္စြမ္း ရွိသည္ဟု သုံးသပ္သည္။ သို႔ေသာ္လည္း ေအာင္လအန္ဆန္က တိုက္စစ္ဖြင့္ယွဥ္ၿပိဳင္တတ္သူျဖစ္ၿပီး Vera ကမူ တိုက္စစ္ဖြင့္ဖို႔ထက္ တန္ျပန္တိုက္စစ္ဗ်ဴဟာကိုသာ အသုံးျပဳတတ္သည္ဟု Nguyen က ဆိုသည္။ႏွစ္ဦးစလုံးမွာ ၿပိဳင္ပြဲအေတြ႕အႀကဳံရင့္က်က္သူမ်ားျဖစ္သလို ျမန္မာအားကစားသမားႏွင့္အတူေလ့က်င့္ဖူးေသာ Nguyen က ေအာင္လ အန္ဆန္၏ လက္သီးထိုးခ်က္ႏွင့္ ေျခကန္ခ်က္မ်ားေၾကာင့္ ပခုံးမ်ားစုတ္ၿပဲကာ ထိခိုက္ဒဏ္ရာမ်ားပင္ရခဲ့ဖူးသည္ဟု ဖြင့္ဟသည္။ ထို႔အ ျပင္ ေအာင္လအန္ဆန္မွာ ေအာင္ျမင္မႈဆာေလာင္သလို စိတ္ဓာတ္ႀကံ့ခိုင္ကာ ယခုပြဲအတြက္ စိတ္ပိုင္းျဖတ္ထားၿပီးျဖစ္ေသာေၾကာင့္ မီး ရထားတစ္စီးလို ေရွ႕သို႔သာ ဆက္လက္ေလွ်ာက္လွမ္းသြားလိမ့္မည္ဟု ၎က သုံးသပ္သည္။Vera ႏွင့္ပါ ရင္းႏွီးေသာဆက္ဆံေရးရွိသည့္ Nguyen က ေအာင္လအန္ဆန္အေနျဖင့္ လက္သီးထိုးခ်က္မ်ားကို အဆက္မျပတ္အသုံးခ် ကာ Alliance Training Center အသင္းသားကို ထိခိုက္နာက်င္ေစလိမ့္မည္ဟု ဆိုသည္။ ေနာက္ဆုံးအေနျဖင့္ ONE: CENTURY PART-2 ၏ အဓိကတြဲဆိုင္းတြင္ “ျမန္မာ့စပါးအုံး” က Vera ကို ဒိုင္ပြဲရပ္အႏိုင္ယူသြားလိမ့္မည္ဟု သုံးသပ္သည္။

Danny Kingad

နံနက္ပိုင္းက်င္းပမည့္ ONE: CENTURY PART-1 တြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ အားကစားသမားမ်ားအနက္ ဖိလစ္ပိုင္အားကစားသမား Danny “The King” Kingad မွာ ONE ဖလိုင္းဝိတ္တန္း ဂရင္းပရီဗိုလ္လုပြဲတြဲဆိုင္းအျဖစ္ အေမရိကန္အားကစားသမား Demetrious “Mighty Mouse” Johnson ႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ Kingad က ေအာင္လအန္ဆန္ႏွင့္ Vera တို႔ႏွစ္ဦးစလုံးမွာ တိုက္စစ္ဖြင့္ယွဥ္ ၿပိဳင္တတ္သူမ်ားျဖစ္ၿပီး Vera က လူေကာင္ပိုႀကီးသည္ဟု ၎၏အျမင္ကို ေျပာသည္။ပြဲအႏိုင္အရႈံးကိုသုံးသပ္ရန္ ခက္ခဲေသာ္လည္း ၿပိဳင္ပြဲအေတြ႕အႀကဳံရင့္က်က္ေသာ Vera က ၿပိဳင္ဘက္မ်ားအား လက္သီးထိုးခ်က္မ်ားျဖင့္ ၿပိဳလဲႏိုင္စြမ္းရွိသလို ႀကီးမားေသာခြန္အားက ၿပိဳင္ဘက္မ်ားကို အႀကီးအက်ယ္ ဒုကၡေပးေလ့ရွိသည္ဟု ၎က ဖြင့္ဟသည္။ ထို႔အျပင္ ဖိလစ္ပိုင္သားအခ်င္းခ်င္း ျဖစ္ေနျခင္းကလည္း ခိုင္မာသည့္သံေယာဇဥ္ႀကိဳးတစ္ေခ်ာင္းလိုျဖစ္ေနေသာေၾကာင့္ Vera ကိုသာ အားေပး သြားမည္ဟု Kingad က ဝန္ခံသည္။Vera အေနျဖင့္ ေအာင္လအန္ဆန္ကို အလဲထိုးအႏိုင္ယူကာ ၎ရည္မွန္းထားေသာ ကမာၻ႔ခ်န္ပီယံခါးပတ္ႏွစ္ခု ရယူႏိုင္မည့္ စိတ္ ကူး အိပ္မက္ကို လက္ေတြ႕ျဖစ္လာေအာင္ အေကာင္အထည္ေဖာ္ႏိုင္လိမ့္မည္ဟု Kingad က သုံးသပ္သည္။

 

စင္ကာပူႏိုင္ငံကိုယ္စားျပဳကာ ONE လိုက္ဝိတ္တန္းတြင္ ၿပိဳင္ပြဲမ်ားဝင္ေရာက္ယွဥ္ၿပိဳင္ေနေသာ Amir Khan က လိုက္ဟဲဗီးဝိတ္တန္းတြဲ ဆိုင္း၌ မည္သူအႏိုင္ရမည္ဆိုသည္ကိုခန႔္မွန္းရန္မွာ အလြန္ခက္ခဲေသာ္လည္း Vera ထက္စာလွ်င္ ေအာင္လအန္ဆန္က ပိုေကာင္းသည့္ ဖိုက္တာတစ္ေယာက္ဟု သုံးသပ္သည္။ “ျမန္မာ့စပါးအုံး” မွာ တက္တက္ႂကြႂကြရွိလြန္းသူျဖစ္ၿပီး လူမႈကြန္ရက္တြင္လည္း ေလ့က်င့္မႈ မ်ားကို မနားတမ္းျပဳလုပ္ေနသည္ကို ေတြ႕ေနရသည္ဟု Amir Khan က ေျပာသည္။Amir Khan က ၎မွာ ေအာင္လအန္ဆန္၏ ပရိသတ္တစ္ေယာက္ျဖစ္ေသာ္လည္း ျမန္မာအားကစားသမား ယွဥ္ၿပိဳင္ထားသမွ်ၿပိဳင္ပြဲမ်ား အား ဗီဒီယိုမွတစ္ဆင့္ မည္သည့္အခါကမွ မၾကည့္ဖူးေသာေၾကာင့္ Vera ႏွင့္ယွဥ္ၿပိဳင္သည့္အခါ မည္သို႔စြမ္းေဆာင္ျပႏိုင္မလဲဆိုသည္ကို မခန႔္မ်န္းႏိုင္ဟု ဝန္ခံသည္။ သို႔ေသာ္ ျမန္မာအားကစားသမား အသာစီးမွယွဥ္ၿပိဳင္ႏိုင္မည္ဟု ခံစားမိသလို တတိယအခ်ီ သို႔မဟုတ္ စတုတၳအခ်ီတြင္ အႏိုင္ရႏိုင္သည္ဟု Amir Khan က ဖြင့္ဟသည္။ဘယ္လိုပုံစံျဖင့္ အႏိုင္ယူမလဲဟုေမးလာပါက ဒိုင္ပြဲရပ္ျဖင့္ ေအာင္လအန္ဆန္ႏိုင္မည္ဟု ေျဖရလိမ့္မည္ဟု စင္ကာပူအားကစားသမားက ကမာၻ႔အသန္မာဆုံးလူသားႏွစ္ေယာက္၏တြဲဆိုင္းႏွင့္ပတ္သက္၍ ၎၏အျမင္ကို ပြင့္ပြင့္လင္းလင္း ေျပာသည္။

Kevin Belingon

ONE: CENTURY PART-2 တြင္ ဘင္တန္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲအျဖစ္ လက္ရွိခ်န္ပီယံ ဘရာဇီးလ္အားကစားသမား Bibiano “The Flash” Fernandes ကို စိန္ေခၚထိုးသတ္မည့္ ဖိလစ္ပိုင္အားကစားသမား Kevin Belingon က လိုက္ဟဲဗီးဝိတ္တန္းတြဲဆိုင္းမွာ အံ့ အားသင့္စရာေကာင္းေသာတြဲဆိုင္းဟု ဆိုသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေအာင္လအန္ဆန္ေရာ၊ Vera ပါ အထုံပါရမီပါေသာ အားက စားသမားမ်ားျဖစ္ေနျခင္းေၾကာင့္ဟု ONE ဘင္တန္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံေဟာင္း Belingon က ၎၏အျမင္ကို ေျပာျပသည္။ ႏွစ္ဦးစလုံးမွာ ပါရမီအျပည့္ရွိသည့္ ဖိုက္တာေကာင္းမ်ားျဖစ္သလို ေအာင္ပြဲရႏိုင္မည့္ စြမ္းေဆာင္ရည္ေကာင္းမ်ားကို ကိုယ္စီပိုင္ဆိုင္ထား သူမ်ားျဖစ္ေနေသာေၾကာင့္ မည္သူအႏိုင္ရမလဲဆိုသည္ကို ေစာင့္ၾကည့္သြားရမည္ဟု ၎က ဆိုသည္။ သို႔ေသာ္လည္း ခႏၶာကိုယ္အ႐ြယ္ အစားႏွင့္ ေျခတံလက္တံပိုရွည္ေသာ Vera အတြက္ အားသားမႈမ်ားရရွိလာႏိုင္သည္ဟု Belingon က ဖြင့္ဟသည္။ ထို႔အျပင္ Vera မွာ ဖိလစ္ပိုင္အားကစားသမားျဖစ္ေနေသာေၾကာင့္ ၎ကိုသာ အျပည့္အဝ အားေပးေထာက္ခံသြားမည္ဟုလည္း Team Lakay အသင္းသားျဖစ္သူ Belingon က သုံးသပ္သည္။
ONE: CENTURY သည္ သမိုင္းတစ္ေလွ်ာက္အထူးျခားဆုံး ကိုယ္ခံပညာအားကစား ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲႀကီးျဖစ္ၿပီး ကိုယ္ခံပညာအားကစားအသီးသီးမွ ကမာၻ႔ခ်န္ပီယံေပါင္း ၂၈ဦး ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ မည္သည့္အဖြဲ႕အစည္းမွ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲ ႏွစ္ပြဲကို တစ္ရက္ တည္းက်င္းပသည္ဟူ၍ မရွိဖူးေသးပါ။ONE Championship သည္ ကမာၻ႔ခ်န္ပီယံဘြဲ႕ၿပိဳင္ပြဲေပါင္းစုံကို တစ္ရက္တည္း၌ က်င္းပယွဥ္ၿပိဳင္ေစျခင္းျဖင့္ နယ္ပယ္အသစ္တစ္ခုကို ေဖာ္ထုတ္ခဲ့ၿပီ ျဖစ္သည္။ လာမည့္ေအာက္တိုဘာ ၁၃ရက္၌ ဂ်ပန္ႏိုင္ငံ၊တိုက်ိဳၿမိဳ႕ရွိ နာမည္ေက်ာ္ Ryogoku Kokugikan အားကစား႐ုံ တြင္ ကမာၻ႔ဂရင္းပရီခ်န္ပီယံရွစ္ဗိုလ္လုပြဲသုံးပြဲ၊ ကမာၻ႔ခ်န္ပီယံခ်င္း ယွဥ္ၿပိဳင္မည့္ပြဲမ်ားစြာပါဝင္ က်င္းပသြားမည္ျဖစ္သည္။ ONE: CENTURY I ၿပိဳင္ပြဲကို ေအာက္တိုဘာ ၁၃ ရက္ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၆ နာရီခြဲတြင္ ေရွ႕ထြက္တြဲဆိုင္းမ်ားကို Skynet Sports 3 မွ တိုက္႐ိုက္ထုတ္လႊင့္ျပသ သြားမည္ျဖစ္သည္။ အဓိကေခါင္တြဲဆိုင္းမ်ားကိုေတာ့ Skynet Sports 3 အျပင္ အခမဲ့႐ုပ္သံလိုင္း MNTV မွလည္း နံနက္ ၉ နာရီခြဲတြင္ တိုက္႐ိုက္ျပသေပးသြားမည္ျဖစ္သည္။

ONE: CENTURY II ၿပိဳင္ပြဲကို ေအာက္တိုဘာလ ၁၃ ရက္ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ ၂ နာရီခြဲအခ်ိန္မွစတင္ကာ Skynet Sports 3 မွ ျပသမည္ျဖစ္သလို အဓိကတြဲဆိုင္း မ်ားကိုလည္း အဆိုပါ႐ုပ္သံလိုင္းမွ ဆက္လက္ျပသမည္ျဖစ္သည္။ ထို႔အျပင္ အခမဲ့႐ုပ္သံလိုင္း MRTV Entertainment မွလည္း ေဒသစံ ေတာ္ခ်ိန္ ညေန ၅ နာရီတြင္ တိုက္႐ိုက္ထုတ္လႊင့္ေပးမည္ျဖစ္သည္။

share from: burmese.asia

Unicode ဖြင့်ဖတ်ရန်

အောင်လအန်ဆန်နှင့် ဘရန်ဒန် ဗီရာ တို့တွဲဆိုင်းအပေါ် ONE စူပါစတားတွေ ဘယ်လိုသုံးသပ်သလဲ

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၎င်းတို့၏ ပြိုင်ပွဲ ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမိုင်းတစ်လျှောက် တစ်ခါမှမရှိဖူးသည့် တွဲဆိုင်း ၂၂ ဆိုင်းပါဝင်သော ONE: CENTURY ပြိုင်ပွဲအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။ တွဲဆိုင်းများပြားလွန်းသောကြောင့် တစ်ချိန်တည်းကျင်းပရန်မဖြစ်နိုင်ရာ တွဲဆိုင်း ၁၁ ဆိုင်းစီအား ONE: CENTURY PART-1 နှင့် ONE: CENTURY PART-2 ဟူ၍ နှစ်ပိုင်းခွဲကာ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ညနေပိုင်းကျင်းပမည့် PART-2 ၏ အဓိကတွဲဆိုင်းမှာ ONE ဝိတ်တန်းနှစ်ခုချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နှင့် ONE ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်-အမေရိကန်အားကစားသမား Brandon “The Truth” Vera တို့ တွဲဆိုင်းဖြစ်သည်။ ONE မစ်ဒယ်ဝိတ် တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်အတွက် Vera က စိန်ခေါ်ထိုး သတ်ခြင်းလည်းဖြစ်သည်။

၎င်းတို့နှစ်ဦး၏တွဲဆိုင်းမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံးနှင့် ပြိုင်ဆိုင်မှုအပြင်းထန် ဆုံးတွဲဆိုင်းဖြစ်လာမည်ဟု သုံးသပ်ခံထားရသည်။ ဝိတ်တန်းကြီးသလို နှစ်ဦးစလုံးက အကောင်းဆုံးပွဲသိမ်းတိုက်ကွက်များ ပိုင်ဆိုင်ထား သောကြောင့် မည်သူအနိုင်ရမည်ဆိုသည်ကို တပ်အပ်ပြောရန် မဖြစ်နိုင်ပါ။ သာမန်ပရိသတ်များ မဆိုထားနှင့် ပြိုင်ပွဲများယှဉ်ပြိုင်လျက်ရှိသော ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများကြားတွင်ပင် အနိုင်ရ မည့်သူကို ခန့်မှန်းရာ၌ အမြင်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးဖြစ်ကာ ကွဲပြားလျက်ရှိသည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် တဖြည်းဖြည်းနီးကပ်လာချိန် တွင် အောင်လအန်ဆန်နှင့် Vera တို့တွဲဆိုင်းအပေါ် ၎င်းတို့၏ရှုမြင်ပုံကို ပြောကြားလာသော ထိပ်တန်းကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများ ထွက်ပေါ်လာသည်။ ထို့ကြောင့် အဆိုပါအားကစားသမားများအနက် ၄ ဦး၏အမြင်များကို ဖော်ပြလိုက်ပါသည်။

Martin Nguyen (ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ)

ONE Championship ၏ ကမ္ဘာ့ချန်ပီယံများထဲတွင် ဗီယက်နမ်-သြစတြေးလျအားကစားသမား Martin “The Situ-Asian” Nguyen လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်းသည် Hard Knocks 365 အသင်းသား အောင်လအန်ဆန်နှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေးရှိ ပြီး ညီအစ်ကိုအရင်းလို ချစ်ခင်ကြသူများဖြစ်သည်။၎င်းက အောင်လအန်ဆန်နှင့် Vera တို့နှစ်ဦးစလုံး၏ ခြေကန်ချက်များမှာ အလွန်တရာပြင်းထန်အားပါပြီး ပြိုင်ဘက်များအား လဲပြိုနိုင်စွမ်း ရှိသည်ဟု သုံးသပ်သည်။ သို့သော်လည်း အောင်လအန်ဆန်က တိုက်စစ်ဖွင့်ယှဉ်ပြိုင်တတ်သူဖြစ်ပြီး Vera ကမူ တိုက်စစ်ဖွင့်ဖို့ထက် တန်ပြန်တိုက်စစ်ဗျူဟာကိုသာ အသုံးပြုတတ်သည်ဟု Nguyen က ဆိုသည်။နှစ်ဦးစလုံးမှာ ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သူများဖြစ်သလို မြန်မာအားကစားသမားနှင့်အတူလေ့ကျင့်ဖူးသော Nguyen က အောင်လ အန်ဆန်၏ လက်သီးထိုးချက်နှင့် ခြေကန်ချက်များကြောင့် ပခုံးများစုတ်ပြဲကာ ထိခိုက်ဒဏ်ရာများပင်ရခဲ့ဖူးသည်ဟု ဖွင့်ဟသည်။ ထို့အ ပြင် အောင်လအန်ဆန်မှာ အောင်မြင်မှုဆာလောင်သလို စိတ်ဓာတ်ကြံ့ခိုင်ကာ ယခုပွဲအတွက် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သောကြောင့် မီး ရထားတစ်စီးလို ရှေ့သို့သာ ဆက်လက်လျှောက်လှမ်းသွားလိမ့်မည်ဟု ၎င်းက သုံးသပ်သည်။Vera နှင့်ပါ ရင်းနှီးသောဆက်ဆံရေးရှိသည့် Nguyen က အောင်လအန်ဆန်အနေဖြင့် လက်သီးထိုးချက်များကို အဆက်မပြတ်အသုံးချ ကာ Alliance Training Center အသင်းသားကို ထိခိုက်နာကျင်စေလိမ့်မည်ဟု ဆိုသည်။ နောက်ဆုံးအနေဖြင့် ONE: CENTURY PART-2 ၏ အဓိကတွဲဆိုင်းတွင် “မြန်မာ့စပါးအုံး” က Vera ကို ဒိုင်ပွဲရပ်အနိုင်ယူသွားလိမ့်မည်ဟု သုံးသပ်သည်။

Danny Kingad

နံနက်ပိုင်းကျင်းပမည့် ONE: CENTURY PART-1 တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအနက် ဖိလစ်ပိုင်အားကစားသမား Danny “The King” Kingad မှာ ONE ဖလိုင်းဝိတ်တန်း ဂရင်းပရီဗိုလ်လုပွဲတွဲဆိုင်းအဖြစ် အမေရိကန်အားကစားသမား Demetrious “Mighty Mouse” Johnson နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Kingad က အောင်လအန်ဆန်နှင့် Vera တို့နှစ်ဦးစလုံးမှာ တိုက်စစ်ဖွင့်ယှဉ် ပြိုင်တတ်သူများဖြစ်ပြီး Vera က လူကောင်ပိုကြီးသည်ဟု ၎င်း၏အမြင်ကို ပြောသည်။ပွဲအနိုင်အရှုံးကိုသုံးသပ်ရန် ခက်ခဲသော်လည်း ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သော Vera က ပြိုင်ဘက်များအား လက်သီးထိုးချက်များဖြင့် ပြိုလဲနိုင်စွမ်းရှိသလို ကြီးမားသောခွန်အားက ပြိုင်ဘက်များကို အကြီးအကျယ် ဒုက္ခပေးလေ့ရှိသည်ဟု ၎င်းက ဖွင့်ဟသည်။ ထို့အပြင် ဖိလစ်ပိုင်သားအချင်းချင်း ဖြစ်နေခြင်းကလည်း ခိုင်မာသည့်သံယောဇဉ်ကြိုးတစ်ချောင်းလိုဖြစ်နေသောကြောင့် Vera ကိုသာ အားပေး သွားမည်ဟု Kingad က ဝန်ခံသည်။Vera အနေဖြင့် အောင်လအန်ဆန်ကို အလဲထိုးအနိုင်ယူကာ ၎င်းရည်မှန်းထားသော ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ရယူနိုင်မည့် စိတ် ကူး အိပ်မက်ကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု Kingad က သုံးသပ်သည်။

Amir Khan

စင်ကာပူနိုင်ငံကိုယ်စားပြုကာ ONE လိုက်ဝိတ်တန်းတွင် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နေသော Amir Khan က လိုက်ဟဲဗီးဝိတ်တန်းတွဲ ဆိုင်း၌ မည်သူအနိုင်ရမည်ဆိုသည်ကိုခန့်မှန်းရန်မှာ အလွန်ခက်ခဲသော်လည်း Vera ထက်စာလျှင် အောင်လအန်ဆန်က ပိုကောင်းသည့် ဖိုက်တာတစ်ယောက်ဟု သုံးသပ်သည်။ “မြန်မာ့စပါးအုံး” မှာ တက်တက်ကြွကြွရှိလွန်းသူဖြစ်ပြီး လူမှုကွန်ရက်တွင်လည်း လေ့ကျင့်မှု များကို မနားတမ်းပြုလုပ်နေသည်ကို တွေ့နေရသည်ဟု Amir Khan က ပြောသည်။Amir Khan က ၎င်းမှာ အောင်လအန်ဆန်၏ ပရိသတ်တစ်ယောက်ဖြစ်သော်လည်း မြန်မာအားကစားသမား ယှဉ်ပြိုင်ထားသမျှပြိုင်ပွဲများ အား ဗီဒီယိုမှတစ်ဆင့် မည်သည့်အခါကမှ မကြည့်ဖူးသောကြောင့် Vera နှင့်ယှဉ်ပြိုင်သည့်အခါ မည်သို့စွမ်းဆောင်ပြနိုင်မလဲဆိုသည်ကို မခန့်မျန်းနိုင်ဟု ဝန်ခံသည်။ သို့သော် မြန်မာအားကစားသမား အသာစီးမှယှဉ်ပြိုင်နိုင်မည်ဟု ခံစားမိသလို တတိယအချီ သို့မဟုတ် စတုတ္ထအချီတွင် အနိုင်ရနိုင်သည်ဟု Amir Khan က ဖွင့်ဟသည်။ဘယ်လိုပုံစံဖြင့် အနိုင်ယူမလဲဟုမေးလာပါက ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန်နိုင်မည်ဟု ဖြေရလိမ့်မည်ဟု စင်ကာပူအားကစားသမားက ကမ္ဘာ့အသန်မာဆုံးလူသားနှစ်ယောက်၏တွဲဆိုင်းနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသည်။

Kevin Belingon

ONE: CENTURY PART-2 တွင် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးလ်အားကစားသမား Bibiano “The Flash” Fernandes ကို စိန်ခေါ်ထိုးသတ်မည့် ဖိလစ်ပိုင်အားကစားသမား Kevin Belingon က လိုက်ဟဲဗီးဝိတ်တန်းတွဲဆိုင်းမှာ အံ့ အားသင့်စရာကောင်းသောတွဲဆိုင်းဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အောင်လအန်ဆန်ရော၊ Vera ပါ အထုံပါရမီပါသော အားက စားသမားများဖြစ်နေခြင်းကြောင့်ဟု ONE ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Belingon က ၎င်း၏အမြင်ကို ပြောပြသည်။ နှစ်ဦးစလုံးမှာ ပါရမီအပြည့်ရှိသည့် ဖိုက်တာကောင်းများဖြစ်သလို အောင်ပွဲရနိုင်မည့် စွမ်းဆောင်ရည်ကောင်းများကို ကိုယ်စီပိုင်ဆိုင်ထား သူများဖြစ်နေသောကြောင့် မည်သူအနိုင်ရမလဲဆိုသည်ကို စောင့်ကြည့်သွားရမည်ဟု ၎င်းက ဆိုသည်။ သို့သော်လည်း ခန္ဓာကိုယ်အရွယ် အစားနှင့် ခြေတံလက်တံပိုရှည်သော Vera အတွက် အားသားမှုများရရှိလာနိုင်သည်ဟု Belingon က ဖွင့်ဟသည်။ ထို့အပြင် Vera မှာ ဖိလစ်ပိုင်အားကစားသမားဖြစ်နေသောကြောင့် ၎င်းကိုသာ အပြည့်အဝ အားပေးထောက်ခံသွားမည်ဟုလည်း Team Lakay အသင်းသားဖြစ်သူ Belingon က သုံးသပ်သည်။
ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားကစားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်း ယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။ ONE: CENTURY I ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရှေ့ထွက်တွဲဆိုင်းများကို Skynet Sports 3 မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ အဓိကခေါင်တွဲဆိုင်းများကိုတော့ Skynet Sports 3 အပြင် အခမဲ့ရုပ်သံလိုင်း MNTV မှလည်း နံနက် ၉ နာရီခွဲတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

ONE: CENTURY II ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲအချိန်မှစတင်ကာ Skynet Sports 3 မှ ပြသမည်ဖြစ်သလို အဓိကတွဲဆိုင်း များကိုလည်း အဆိုပါရုပ်သံလိုင်းမှ ဆက်လက်ပြသမည်ဖြစ်သည်။ ထို့အပြင် အခမဲ့ရုပ်သံလိုင်း MRTV Entertainment မှလည်း ဒေသစံ တော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

share from: burmese.asia

LEAVE A REPLY