Zawgyi ျဖင့္ဖတ္ရန္

ေအာင္လအန္ဆန္ကို လြယ္လြယ္ကူကူနဲ႔ အႏိုင္ရဖို႔ မျဖစ္ႏိုင္ဘူးလို႔ ေအာင္လအန္ဆန္နဲ႔ စိန္ေခၚထိုးသတ္မယ့္ ONE Championship ဟဲဗီးဝိတ္ခ်န္ပီယံ ဘရန္ဒန္ဗီရာက ေျပာၾကား လိုက္ပါတယ္။

ONE CENTURY လို႔အမည္ေပးထားတဲ့ ONE Championship ႏိုင္ငံတကာက ကိုယ္ခံပညာသိုင္းေပါင္းစုံခ်န္ပီယံဆုရသူေတြ ယွဥ္ၿပိဳင္ထိုးသတ္ၾကမယ့္ အႀကိမ္ ၁၀၀ ေျမာက္ ၿပိဳင္ပြဲအတြက္ သတင္းစာရွင္းလင္းပြဲကို ေအာက္တိုဘာ ၁၀ ရက္ေန႔က ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ ရွင္ဂ်ဴခု Park Towerမွာ ျပဳလုပ္ရာမွာ ေျပာသြားတာပါ။

သတင္းစာရွင္းလင္းပြဲမွာ ဟဲဗီးဝိတ္ခ်န္ပီယံ ဘရန္ဒန္ဗီရာက “ခ်န္ပီယံဆု ႏွစ္ခုကို သိမ္းပိုက္ခ်င္တဲ့ အိပ္မက္ကို အေကာင္အထည္ေဖာ္တာျဖစ္တယ္။ တန္ဖိုးထား ေလးစားရတဲ့ ေအာင္လအန္ဆန္ဟာ ဆရာတူၿပိဳင္ဘက္ေတြျဖစ္လို႔ လြယ္လြယ္ကူကူေတာ့မျဖစ္ႏိုင္ဘူး” လို႔ေျပာပါတယ္။

ျမန္မာ့ဂုဏ္ေဆာင္ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံေအာင္လအန္ဆန္ကလည္း သူဟာ ငယ္႐ြယ္စဥ္က ဗီရာရဲ႕ပရိသတ္တေယာက္ျဖစ္ၿပီး အားက်ခဲ့ရသူျဖစ္ေၾကာင္း၊ ေနာက္ပိုင္း အသင္း တခုထဲမွာ အတူတူ ေလ့က်င့္ကစားခဲ့ရေၾကာင္း၊ အခုအခ်ိန္မွာ သူအေနနဲ႔ ၆ လေလာက္ အျပင္းအထန္ေလ့က်င့္ထားလို႔ ကိုယ္ကိုယ္ကိုယ္ယုံၾကည္မႈ အျပည့္အဝရွိလို႔ လာမယ့္ တနဂၤေႏြမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ျပသႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ျပန္လည္ေျပာသြားပါတယ္။

ONE CENTURY ၿပိဳင္ပြဲကို တိုက်ိဳၿမိဳ႕မွာ ေအာက္တိုဘာလ ၁၃ ရက္ေန႔ မနက္ ၉ နာရီက စတင္က်င္းပမွာျဖစ္ၿပီး အပိုင္း ၂ ပိုင္းခြဲ က်င္းပမွာပါ။

အဓိကပြဲစဥ္အျဖစ္ ဒုတိယပိုင္းမွ ေအာင္လအန္ဆန္က ဖိလစ္ပိုင္ႏိုင္ငံသား ဟဲဗီးဝိတ္ခ်န္ပီယံ ဘရန္ဒန္ဗီရာရဲ႕စိန္ေခၚမႈကို ခ်န္ပီယံကာကြယ္ပြဲအျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္မွာ ျဖစ္ပါတယ္။

အသက္ ၄၃ ႏွစ္အ႐ြယ္ရွိ ဗီရာဟာ ၿပိဳင္ပြဲေတြနဲ႔ ကင္းကြာေနတာၾကာၿပီမို႔ ေအာင္လအန္ဆန္ကို အႏိုင္ရပါ့မလားလို႔သုံးသပ္သူေတြရွိသလို ဗီရာဟာ အရပ္အေမာင္းနဲ႔ အေတြ႕အႀကဳံရင့္က်က္မႈမွာ ပိုသာတာေၾကာင့္ ေအာင္လအန္ဆန္အေနနဲ႔ ခ်န္ပီယံ ခါးပတ္ကို ဆက္လက္ထိမ္းႏိုင္ပါ့မလားလို႔ သုံးသပ္ေျပာဆိုေနသူေတြလည္း ရွိပါတယ္။

ေအာင္လအန္ဆန္ကေတာ့ ျမန္မာပရိသတ္ေတြ ဂုဏ္ယူႏိုင္ေအာင္ အေကာင္ဆုံးျပသ သြားမယ္လို႔ ဒီဗြီဘီ သတင္းဌာနကို သီးသန႔္ ေျပာပါတယ္။

Credit : DVB

Unicode ဖြင့်ဖတ်ရန်

အောင်လအန်ဆန်ကို အလွယ်တကူအနိုင်ရရန် မဖြစ်နိုင်ဟု ဘရန်ဒန်ဗီရာပြော

အောင်လအန်ဆန်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ အောင်လအန်ဆန်နဲ့ စိန်ခေါ်ထိုးသတ်မယ့် ONE Championship ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက ပြောကြား လိုက်ပါတယ်။

ONE CENTURY လို့အမည်ပေးထားတဲ့ ONE Championship နိုင်ငံတကာက ကိုယ်ခံပညာသိုင်းပေါင်းစုံချန်ပီယံဆုရသူတွေ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် အကြိမ် ၁၀၀ မြောက် ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၀ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှင်ဂျူခု Park Towerမှာ ပြုလုပ်ရာမှာ ပြောသွားတာပါ။

သတင်းစာရှင်းလင်းပွဲမှာ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက “ချန်ပီယံဆု နှစ်ခုကို သိမ်းပိုက်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်တာဖြစ်တယ်။ တန်ဖိုးထား လေးစားရတဲ့ အောင်လအန်ဆန်ဟာ ဆရာတူပြိုင်ဘက်တွေဖြစ်လို့ လွယ်လွယ်ကူကူတော့မဖြစ်နိုင်ဘူး” လို့ပြောပါတယ်။

မြန်မာ့ဂုဏ်ဆောင် လိုက်ဟဲဗီးဝိတ်ချန်ပီယံအောင်လအန်ဆန်ကလည်း သူဟာ ငယ်ရွယ်စဉ်က ဗီရာရဲ့ပရိသတ်တယောက်ဖြစ်ပြီး အားကျခဲ့ရသူဖြစ်ကြောင်း၊ နောက်ပိုင်း အသင်း တခုထဲမှာ အတူတူ လေ့ကျင့်ကစားခဲ့ရကြောင်း၊ အခုအချိန်မှာ သူအနေနဲ့ ၆ လလောက် အပြင်းအထန်လေ့ကျင့်ထားလို့ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိလို့ လာမယ့် တနင်္ဂနွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ပြန်လည်ပြောသွားပါတယ်။

ONE CENTURY ပြိုင်ပွဲကို တိုကျိုမြို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီက စတင်ကျင်းပမှာဖြစ်ပြီး အပိုင်း ၂ ပိုင်းခွဲ ကျင်းပမှာပါ။

အဓိကပွဲစဉ်အဖြစ် ဒုတိယပိုင်းမှ အောင်လအန်ဆန်က ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာရဲ့စိန်ခေါ်မှုကို ချန်ပီယံကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ ဗီရာဟာ ပြိုင်ပွဲတွေနဲ့ ကင်းကွာနေတာကြာပြီမို့ အောင်လအန်ဆန်ကို အနိုင်ရပါ့မလားလို့သုံးသပ်သူတွေရှိသလို ဗီရာဟာ အရပ်အမောင်းနဲ့ အတွေ့အကြုံရင့်ကျက်မှုမှာ ပိုသာတာကြောင့် အောင်လအန်ဆန်အနေနဲ့ ချန်ပီယံ ခါးပတ်ကို ဆက်လက်ထိမ်းနိုင်ပါ့မလားလို့ သုံးသပ်ပြောဆိုနေသူတွေလည်း ရှိပါတယ်။

အောင်လအန်ဆန်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူနိုင်အောင် အကောင်ဆုံးပြသ သွားမယ်လို့ ဒီဗွီဘီ သတင်းဌာနကို သီးသန့် ပြောပါတယ်။

Credit : DVB

LEAVE A REPLY