Zawgyi ျဖင့္ဖတ္ရန္

ေအာင္လအအန္ဆန္အတြက္ေတာ့ ပ်ားရည္ဆမ္းေန႔ရက္ေတြပါပဲ။ ျမန္မာ့စပါးအုံးေႁမြရဲ႕ ႏွလုံးသားဟာ ဒီအခ်ိန္မွာ အလင္းလက္ဆုံး၊ အေတာက္ပဆုံး ျဖစ္ေနမလား။ ေအာင္လအန္ဆန္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ (၁၃) ရက္ေန႔က ဖီလစ္ပိုင္ႏိုင္ငံသားဗီရာကို အလဲထိုးအႏိုင္ယူၿပီး လိုက္ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲက ေအာင္လအန္ဆန္အတြက္ MMA မွာ ေနာက္ထပ္ မွတ္ေက်ာက္တစ္ခုတင္ႏိုင္ခဲ့တဲ့ပြဲပါ။

အဲဒီပြဲၿပီးေနာက္ အာရွထိပ္သီးမီဒီယာေတြကလည္း ေအာင္လရဲ႕ေအာင္ပြဲကို အက်ယ္အဝင့္ေဖာ္ျပခဲ့တာမ်ိဳးေတြ ရွိခဲ့ပါတယ္။ သူရဲေကာင္းတစ္ဦးရဲ႕ စိန္စီေသာရက္စြဲေတြပါပဲ။ လက္ရွိအခ်ိန္မွာေတာ့ ေအာင္လအန္ဆန္ဟာ မိသားစုနဲ႔အတူ ဂ်ပန္ႏိုင္ငံမွာ အပန္းေျဖခရီးထြက္လ်က္ရွိေနပါတယ္။

ဂ်ပန္ႏိုင္ငံက ေကမဂ်ီဂ်င္ဂုဘရားေက်ာင္း၊ က်ိဳတိုၿမိဳ႕ စတဲ့ေနရာေတြ အပါအဝင္ ေအာင္လအန္ဆန္ဟာ ဂ်ပန္ႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတာပါ။ အခ်စ္ထက္ဆုံးခ်စ္ရလြန္းတဲ့ဇနီးကက္သရင္း၊ ရင္ႏွစ္သည္းခ်ာသားေလးအဒီးတို႔နဲ႔ ေအာင္လတစ္ေယာက္ ၾကည္ႏူးစရာေကာင္းတဲ့ အခ်ိန္ကာလေတြကို ျဖတ္သန္းေနရတာပါပဲ။

 

ဂ်ပန္႐ိုးရာဝတ္စုံကို ဟန္ပါပါဝတ္ဆင္ရင္း ၿပဳံးေပ်ာ္႐ႊင္ေနတဲ့ ေအာင္လအန္ဆန္ဟာရဲ႕ပုံရိပ္ေတြဟာ ေအးခ်မ္းလြန္းေနတာေတာ့ အမွန္ပါပဲ။ ႀကိဳးဝိုင္းထဲမွာ မာေက်ာသေလာက္၊ ခက္ထန္သေလာက္ မိသားစုနဲ႔အတူ ရွိေနတဲ့အခ်ိန္မွာေတာ့ ျမန္မာျပည္သူရဲေကာင္းဟာ ႏူးညံ့သိမ္ေမြ႕လြန္းတဲ့ ေယာက္်ားတစ္ေယာက္ ျဖစ္ေနျပန္ပါတယ္။

ေအာင္လအန္ဆန္ရဲ႕ႏွလုံးသားအတြင္း အနက္ရႈိင္းဆုံးေနရာက တျဗစ္ျဗစ္ျမည္သံေတြဟာ ဘယ္ေလာင္ေတာင္ခ်ိဳၿမိန္ေနလိုက္မလဲ။ အျပင္းအထန္ တိုက္ပြဲဝင္ၿပီးေနာက္ပိုင္း မိသားစုရဲ႕အၿပဳံးေတြဟာ ေအာင္လအန္ဆန္အတြက္ အေကာင္းဆုံးအားေဆးတစ္ခြက္ျဖစ္ေနမလား။

share from:burmese.asia

Unicode ဖြင့်ဖတ်ရန်

အပြင်းအထန်တိုက်ပွဲဝင်ပြီး ဖခင်ကောင်းပီပီ မိသားစုကို နွေးထွေးမှုမေတ္တာပေးနေပြန်တဲ့ အောင်လအန်ဆန်

အောင်လ
အောင်လအအန်ဆန်အတွက်တော့ ပျားရည်ဆမ်းနေ့ရက်တွေပါပဲ။ မြန်မာ့စပါးအုံးမြွေရဲ့ နှလုံးသားဟာ ဒီအချိန်မှာ အလင်းလက်ဆုံး၊ အတောက်ပဆုံး ဖြစ်နေမလား။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၃) ရက်နေ့က ဖီလစ်ပိုင်နိုင်ငံသားဗီရာကို အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲက အောင်လအန်ဆန်အတွက် MMA မှာ နောက်ထပ် မှတ်ကျောက်တစ်ခုတင်နိုင်ခဲ့တဲ့ပွဲပါ။

အဲဒီပွဲပြီးနောက် အာရှထိပ်သီးမီဒီယာတွေကလည်း အောင်လရဲ့အောင်ပွဲကို အကျယ်အဝင့်ဖော်ပြခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ သူရဲကောင်းတစ်ဦးရဲ့ စိန်စီသောရက်စွဲတွေပါပဲ။ လက်ရှိအချိန်မှာတော့ အောင်လအန်ဆန်ဟာ မိသားစုနဲ့အတူ ဂျပန်နိုင်ငံမှာ အပန်းဖြေခရီးထွက်လျက်ရှိနေပါတယ်။

ဂျပန်နိုင်ငံက ကေမဂျီဂျင်ဂုဘရားကျောင်း၊ ကျိုတိုမြို့ စတဲ့နေရာတွေ အပါအဝင် အောင်လအန်ဆန်ဟာ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာပါ။ အချစ်ထက်ဆုံးချစ်ရလွန်းတဲ့ဇနီးကက်သရင်း၊ ရင်နှစ်သည်းချာသားလေးအဒီးတို့နဲ့ အောင်လတစ်ယောက် ကြည်နူးစရာကောင်းတဲ့ အချိန်ကာလတွေကို ဖြတ်သန်းနေရတာပါပဲ။

ဂျပန်ရိုးရာဝတ်စုံကို ဟန်ပါပါဝတ်ဆင်ရင်း ပြုံးပျော်ရွှင်နေတဲ့ အောင်လအန်ဆန်ဟာရဲ့ပုံရိပ်တွေဟာ အေးချမ်းလွန်းနေတာတော့ အမှန်ပါပဲ။ ကြိုးဝိုင်းထဲမှာ မာကျောသလောက်၊ ခက်ထန်သလောက် မိသားစုနဲ့အတူ ရှိနေတဲ့အချိန်မှာတော့ မြန်မာပြည်သူရဲကောင်းဟာ နူးညံ့သိမ်မွေ့လွန်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေပြန်ပါတယ်။

အောင်လအန်ဆန်ရဲ့နှလုံးသားအတွင်း အနက်ရှိုင်းဆုံးနေရာက တဗြစ်ဗြစ်မြည်သံတွေဟာ ဘယ်လောင်တောင်ချိုမြိန်နေလိုက်မလဲ။ အပြင်းအထန် တိုက်ပွဲဝင်ပြီးနောက်ပိုင်း မိသားစုရဲ့အပြုံးတွေဟာ အောင်လအန်ဆန်အတွက် အကောင်းဆုံးအားဆေးတစ်ခွက်ဖြစ်နေမလား။

share from:burmese.asia

LEAVE A REPLY