Zawgyi ဖြင့်ဖတ်ရန်

အာဇာနည်





Unicode ဖြင့်ဖတ်ရန်

အောင်လအန်ဆန်က ပေးတဲ့ သင်ခန်းစာ

အောင်လ ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်နေတဲ့ အချိန် ကြိုးဝိုင်းအပြင်မှာတော့ အယ်လ်လွန်းဝါ ဂွမ်မော်တို့ ကချင်တွေလည်း အောင်လ၊ ဟက်ကက်တို့ ကယားတွေလည်း အောင်လ၊ စောဖိုးခွား စောခူဆဲလ်တို့ ကရင်တွေလည်းအောင်လ၊ သက်မွန်မြင့် ဆုန်သင်းပါတို့ ချင်းတွေလည်း အောင်လ၊ မင်းကိုနိင် တို့ မွန်တွေလည်း အောင်လ၊ နေတိုး မင်းသွေးတို့ရခိုင်တွေလည်းအောင်လ။

အာဇာနည် တို့ ဗမာတွေလည်း အောင်လ၊ စိုင်းစိုင်း တို့ရှမ်းတွေလည်း အောင်လ၊ ခဝဲခြံ က ခရစ်ယာန်တွေလည်း အောင်လ၊ ၃၈ လမ်းက ဘာဘူတို့ ကိုကာစင်တို့လည်း အောင်လ၊ ကလေးတွေလည်း အောင်လ၊ လူကြီးတွေလည်း အောင်လ၊ ဘုန်းကြီးတွေ မယ်သီလတွေလည်း အောင်လ၊ ပျိုပျို အိုအို အောင်လ၊ တပ်မတော်သားအားလုံးကလည်း အောင်လ၊ တိုင်းရင်းသား လက်နက်ကိုင်အားလုံးကလည်း အောင်လ၊ NLD ပါတီကလည်း အောင်လ၊ ကြံ့ခိုင်ရေးပါတီကလည်း အောင်လ၊ တိုင်းရင်သားပါတီတွေကလည်း အောင်လ၊ လွှတ်တော်တခုလုံးကလည်း အောင်လ အောင်လ အရေးနိမ့်တိုင်း မြန်မာပြည်သားတွေအားလုံး အရေးနိမ့်သလိုခံစားရတယ်။

အောင်လ သွေးထွက်တိုင်း မြန်မာပြည်သားတွေ ကိုယ်တိုင် သွေးထွက် သလို ခံစားရတယ် အောင်လ နာကျင် သလို မြန်မာ ပြည်သား တွေနာ ကျင် ရတယ် အောင်လ အောင်ပွဲခံတော့ မြန်မာပြည်သားတွေလည်း တဒုန်းဒုန်းနဲ့ အောင်ပွဲခံကြပြန်တယ်

ဘာလို့လဲ ဆိုတော့ မြန်မာဆို တဲ့အသိ အားလုံးရင်ထဲ ရှိနေလို့ပဲ လူမျိုးတွေ ဘာသာတွေ အသွေးအရောင်တွေ ခံ့ယူချက်တွေ နေထိုင်ရာဒေသ ကွဲပြားနေပါစေ .. ခွဲခြား မှု့တွေ နိင်ငံ့ရေး ဘာသာရေး လူမျိုးရေး အလွဲသုံးစားမှု့တွေ ရှိပါစေ အားလုံးရင်ထဲမှာ အချိန်တန်ရင် ရင်ထဲက ပွင့်အန်လာမယ့် စကားလုံး တစ်ခု ရှိတယ် We are Myanmar အနိုင်ယူပေးပါ ။

share from : burmese.asia

LEAVE A REPLY