Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
“အောက်တိုဘာလမှာ အောင်ဘာလေထီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်ရေချမ်း
အောင်ရေချမ်းကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ “ပျားရည်အိုင်”၊”ကျွန်မက မဟေသီ”စတဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အောင်ရေချမ်းကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေက သူရဲ့ “အောင်ရေချမ်း”ဆိုတဲ့ နာမည်အရင်ထက် “ကိုတင်ဖေ”၊”မင်းမျိုးနွယ်”ဆိုပြီး ချစ်စနိုးနဲ့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။
ရိုးသားဖြူစင်ပြီး မာန်မာနမရှိဟန်ဆောင်မှုကင်းတဲ့ သူဖြစ်တဲ့အောင်ရေချမ်းကတော့ သူကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကို ရင်းရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံတဲ့ ချစ်စရာကောင်းတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
အောင်ရေချမ်းဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစားလုပ်ကိုင်လာတာကြောင့် အချိန်တိုတိုအတွင်းပရိသတ်အများအပြားရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်
။ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကထွက်ရှိခဲ့တဲ့ အဆိုတော် ချယ်ရီသင်းရဲ့ “ပိုးစိုးပက်စက် အသည်းကွဲနေသည်”သီချင်းလေးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဒီနေ့အောက်တိုဘာလ (၁)ရက်နေ့မှာတော့ အောင်ရေချမ်းဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ
“မျှော်နေတဲ့ ဖုန်းလာပါပြီ။အနှစ်နှစ်အလလ မျှော်ခဲ့ရတဲ့ဖုန်း။အခု့တော့လာပါပြီ။ပေါက်ပါတယ်။ထီ ၅သောင်းပေါက်ကြောင်း ဖုန်းဆက်အကြောင်းကြားတာပါတဲ့တဲ့တဲ့”လို့ အောင်ဘာလေ ထီ(၅)သောင်းဆု ပေါက်ခဲ့တဲ့ အကြောင်းကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေထဲက အောင်ရေချမ်းရဲ့ ပရိသတ်တွေအတွက် ဒီလို ဝမ်းသာစရာ သတင်းလေးကို သိရှိရအောင်မျှဝေပေးလိုက်ပါတယ်။ပရိသတ်တွေထဲက ဘယ်သူတွေထီပေါက်ကြလဲဆိုတာလည်း ဖြေသွားပေးဦးနော်။
share from : burmese.asia
LEAVE A REPLY