Zawgyi ျဖင့္ဖတ္ရန္

သတၱဝါတစ္ခု ကံတစ္ခု ဆိုသလို လူဆိုတာ ေသဖို႔ကံ ပါမလာေသးသ၍ေတာ့ အရွင္လတ္လတ္ ေျမျမဳတ္ခံခဲ့ရတာေတာင္ အသက္ရွင္သန္ခြင့္ ရသြားခဲ့ပါတယ္။

အရွင္လတ္လတ္ ေျမျမဳတ္သၿဂႋဳလ္ခံခဲ့ရတဲ့ ၄ ရက္သား ကေလးငယ္ေလးကို သမီးျဖစ္သူ ဆုံးသြားလို႔ ျမဳျမဳတ္သၿဂႋဳလ္ရန္ ေျမက်င္းတူးရာမွ အသက္ရွင္လွ်က္ ျပန္လည္ေတြ႕ခဲ့မႈတစ္ခု ေအာက္တိုဘာလ ၁၄ ရက္ေန႔က အိႏၵိယႏိုင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္။

အမ်ိဳးသားတစ္ဦးဟာ မီးဖြားၿပီး နာရီပိုင္းအတြင္းမွာပင္ ေသဆုံးခဲ့တဲ့ သူ႔ရဲ႕သမီးေလးကို ေျမျမဳတ္သၿဂႋဳလ္ဖို႔ ေဂၚျပားတစ္လက္နဲ႔ ေျမက်င္းတူးရာ တစ္ႀကိမ္တြင္ ေျမႀကီးထဲမွ မာေက်ာတဲ့ အရာတစ္ခုကို ထိုးမိခဲ့ပါတယ္။ တစ္ခ်ိန္ထဲမွာပင္ ကေလးငိုသံလည္း ၾကားလိုက္ရတာေၾကာင့္ ကနဦးတြင္ သူ႔သမီးေလး အသက္ျပန္ရွင္လာတယ္လို႔ ထင္မွတ္ခဲ့ပါတယ္။

ဒါေပမယ့္ ကေလးငိုသံက သူ႔သမီးေလးဆီကမဟုတ္ပဲ ေျမႀကီးတြင္းထဲက အိုးတစ္လုံးထဲကေန ထြက္လာတာျဖစ္ပါတယ္။ အိုးကို တူးေဖာ္ဆယ္ယူလိုက္တဲ့အခါမွာ အိုးထဲမွာ ေမြးကင္းစကေလးေလး ငိုေနတာကို အံ့ၾသထိတ္လန႔္စြာေတြ႕လိုက္ရပါတယ္။

 

အမ်ိဳးသားဟာ ခ်က္ျခင္းဆိုသလို ကေလးကို ေဆး႐ုံေခၚသြားခဲ့ပါတယ္။ ဆရာဝန္ေတြရဲ႕ စစ္ေဆးခ်က္အရ ကေလးဟာ ၄ ရက္သား မိန္းကေလးတစ္ဦးျဖစ္ၿပီး သူမကို ျပန္ရွာမေတြမီအခ်ိန္ထိ ၄ နာရီကေန ၆ နာရီေလာက္ၾကာ ေျမျမဳတ္ခံထားရေၾကာင္း သိရွိရပါတယ္။ ကိုယ္အေလးခ်ိန္ ၂.၄ ေပါင္သာရွိတာေၾကာင့္ ေအာက္ဆီဂ်င္ နည္းနည္းပဲလိုတာေၾကာင့္ အသက္ရွင္ေနႏိုင္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ကေလးရဲ႕ မိဘေတြ ဘယ္သူလဲဆိုတာကို တာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္၊ ကေလးအတြက္ ေဆးကုသမႈကုန္က်စရိတ္ကိုေတာ့ ေဆး႐ုံကပဲ စိုက္ထုတ္ကုန္က်ခံထားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

သြင်္ဂိုလ်ရန် ကျင်းတူးရာမှ အရှင်လတ်လတ် မြေမြုတ်ခံထားရတဲ့ ၄ ရက်သား ကလေးကို တွေ့ရှိ

သတ္တဝါတစ်ခု ကံတစ်ခု ဆိုသလို လူဆိုတာ သေဖို့ကံ ပါမလာသေးသ၍တော့ အရှင်လတ်လတ် မြေမြုတ်ခံခဲ့ရတာတောင် အသက်ရှင်သန်ခွင့် ရသွားခဲ့ပါတယ်။

အရှင်လတ်လတ် မြေမြုတ်သြင်္ဂိုလ်ခံခဲ့ရတဲ့ ၄ ရက်သား ကလေးငယ်လေးကို သမီးဖြစ်သူ ဆုံးသွားလို့ မြုမြုတ်သြင်္ဂိုလ်ရန် မြေကျင်းတူးရာမှ အသက်ရှင်လျှက် ပြန်လည်တွေ့ခဲ့မှုတစ်ခု အောက်တိုဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

အမျိုးသားတစ်ဦးဟာ မီးဖွားပြီး နာရီပိုင်းအတွင်းမှာပင် သေဆုံးခဲ့တဲ့ သူ့ရဲ့သမီးလေးကို မြေမြုတ်သြင်္ဂိုလ်ဖို့ ဂေါ်ပြားတစ်လက်နဲ့ မြေကျင်းတူးရာ တစ်ကြိမ်တွင် မြေကြီးထဲမှ မာကျောတဲ့ အရာတစ်ခုကို ထိုးမိခဲ့ပါတယ်။ တစ်ချိန်ထဲမှာပင် ကလေးငိုသံလည်း ကြားလိုက်ရတာကြောင့် ကနဦးတွင် သူ့သမီးလေး အသက်ပြန်ရှင်လာတယ်လို့ ထင်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ကလေးငိုသံက သူ့သမီးလေးဆီကမဟုတ်ပဲ မြေကြီးတွင်းထဲက အိုးတစ်လုံးထဲကနေ ထွက်လာတာဖြစ်ပါတယ်။ အိုးကို တူးဖော်ဆယ်ယူလိုက်တဲ့အခါမှာ အိုးထဲမှာ မွေးကင်းစကလေးလေး ငိုနေတာကို အံ့သြထိတ်လန့်စွာတွေ့လိုက်ရပါတယ်။

အမျိုးသားဟာ ချက်ခြင်းဆိုသလို ကလေးကို ဆေးရုံခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ကလေးဟာ ၄ ရက်သား မိန်းကလေးတစ်ဦးဖြစ်ပြီး သူမကို ပြန်ရှာမတွေမီအချိန်ထိ ၄ နာရီကနေ ၆ နာရီလောက်ကြာ မြေမြုတ်ခံထားရကြောင်း သိရှိရပါတယ်။ ကိုယ်အလေးချိန် ၂.၄ ပေါင်သာရှိတာကြောင့် အောက်ဆီဂျင် နည်းနည်းပဲလိုတာကြောင့် အသက်ရှင်နေနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး ကလေးရဲ့ မိဘတွေ ဘယ်သူလဲဆိုတာကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်၊ ကလေးအတွက် ဆေးကုသမှုကုန်ကျစရိတ်ကိုတော့ ဆေးရုံကပဲ စိုက်ထုတ်ကုန်ကျခံထားပါတယ်။

Credit : popolay

LEAVE A REPLY