Zawgyi ျဖင့္ဖတ္ရန္

 

ဝိုး.. အေတာ္ေၾကာက္စရာေကာင္းတာပါလား။သားဖြားနဲ႔ မီးယပ္ဆရာဝန္ရဲ႕ မဆင္မျခင္ေပါ့ေလ်ာ့မႈေၾကာင့္ အသက္ ၂၂ ႏွစ္အ႐ြယ္ မိခင္ဟာ သမီးေလးကို မီးဖြားၿပီးၿပီးျခင္းမွာ အခ်ိမဆံ့ေဝဒနာခံစားရၿပီး ေသဆုံးသြားခဲ့ပါတယ္။

႐ုရွားႏိုင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဆရာဝန္ဟာ ကေလးေမြးၿပီးၿပီးျခင္းမွာ ဗိုက္ထဲကေန အခ်င္းကို ဆြဲထုတ္ယူရမယ့္အစား မွားယြင္းၿပီး သားအိမ္ကို ေစာင့္ဆြဲထုတ္ယူမိခဲ့ရာ လူနာျဖစ္တဲ့ Alisa Tepikina က မခ်ိမဆံ့ေအာ္ဟစ္ခဲ့ၿပီးေနာက္ ခ်က္ျခင္းပဲ သတိလစ္ေမ့ေျမာကာ (ကိုမာ)ရသြားခဲ့ပါတယ္။ အဲဒီေနာက္ ႏွလုံးကိုသြားေဆာင့္ၿပီး ေသဆုံးသြားခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ဆရာဝန္ကို ၆ လၾကာမွ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီး ျပစ္မႈထင္ရွားရင္ေတာ့ သူ႔အေနနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္က်ခံဖြယ္ရာရွိပါတယ္။ အဆိုပါေဆး႐ုံမွ ဦးစီးဦးေဆာင္ ဆရာဝန္ႀကီးက ဒီလိုျဖစ္ရတာဟာ အလြန္အင္မတန္မွ ျဖစ္ခဲလွတဲ့ သားအိမ္ေျပာင္းျပန္လွန္ျခင္းေၾကာင့္ ျဖစ္ရတယ္လို႔ ခုခံေျပာဆိုပါတယ္။

Alisa ရဲ႕ အမႈမွာ ဆရာဝန္အေနနဲ႔ ေမ့ေဆးေပးထားတဲ့ အေျခအေနမွာ အခ်င္းကို ကိုယ္တိုင္လက္နဲ႔ ဆြဲထုတ္ဖို႔ လိုအပ္ခဲ့ပါတယ္ ဒါေပမယ့္ ေသေသခ်ာခ်ာ မလုပ္တဲ့အတြက္ ခ်က္ႀကိဳးကေနတစ္ဆင့္ သားအိမ္ကို ေျပာင္ျပန္လွန္သြားေစခဲ့တာျဖစ္ေၾကာင္း ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္သူေတြက ေျပာဆိုခဲ့ပါတယ္။

 

အမ်ိဳးသမီးရဲ႕ အတြင္းကလီစာေတြကို ဆြဲထုတ္မိၿပီး ျပန္ထည့္သြင္းဖို႔ အခ်ိန္ေနာက္က်ခဲ့ပါတယ္။ ေသြးေတြအလြန္အကြၽံထြက္ေနတာရယ္ လူနာက ေရွာ့ခ္ရေနတာရယ္နဲ႔ ႏွလုံးေဖာ္ျပန္မႈေတြကို ကုသေနရတာေၾကာင့္ အခ်ိန္ ၄ နာရီနဲ႔ ၁၅ မိနစ္ၾကာၿပီးမွ သားအိမ္ကို သူ႔ေနရာနဲ႔သူ ေနသားတက်ျဖစ္ေအာင္ ျပန္ထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အခ်ိန္အလြန္ေႏွာင္းသြားခဲ့ပါၿပီ။

Alisa Tepikina ရဲ႕ သမီးေလးကေတာ့ က်န္းက်န္းမာမာရွိၿပီး အခုဆိုရင္ အဖိုးအဖြားေတြ လက္ထဲမွာ ႀကီးျပင္းရေတာ့မွာျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကလေးမီးဖွားစဉ် ဆရာဝန်က အချင်းနဲ့ သားအိမ် မှားဆွဲထုတ်မိလို့ မိခင်သေဆုံး

ဝိုး.. အတော်ကြောက်စရာကောင်းတာပါလား။သားဖွားနဲ့ မီးယပ်ဆရာဝန်ရဲ့ မဆင်မခြင်ပေါ့လျော့မှုကြောင့် အသက် ၂၂ နှစ်အရွယ် မိခင်ဟာ သမီးလေးကို မီးဖွားပြီးပြီးခြင်းမှာ အချိမဆံ့ဝေဒနာခံစားရပြီး သေဆုံးသွားခဲ့ပါတယ်။

ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆရာဝန်ဟာ ကလေးမွေးပြီးပြီးခြင်းမှာ ဗိုက်ထဲကနေ အချင်းကို ဆွဲထုတ်ယူရမယ့်အစား မှားယွင်းပြီး သားအိမ်ကို စောင့်ဆွဲထုတ်ယူမိခဲ့ရာ လူနာဖြစ်တဲ့ Alisa Tepikina က မချိမဆံ့အော်ဟစ်ခဲ့ပြီးနောက် ချက်ခြင်းပဲ သတိလစ်မေ့မြောကာ (ကိုမာ)ရသွားခဲ့ပါတယ်။ အဲဒီနောက် နှလုံးကိုသွားဆောင့်ပြီး သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆရာဝန်ကို ၆ လကြာမှ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ပြစ်မှုထင်ရှားရင်တော့ သူ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ကျခံဖွယ်ရာရှိပါတယ်။ အဆိုပါဆေးရုံမှ ဦးစီးဦးဆောင် ဆရာဝန်ကြီးက ဒီလိုဖြစ်ရတာဟာ အလွန်အင်မတန်မှ ဖြစ်ခဲလှတဲ့ သားအိမ်ပြောင်းပြန်လှန်ခြင်းကြောင့် ဖြစ်ရတယ်လို့ ခုခံပြောဆိုပါတယ်။

Alisa ရဲ့ အမှုမှာ ဆရာဝန်အနေနဲ့ မေ့ဆေးပေးထားတဲ့ အခြေအနေမှာ အချင်းကို ကိုယ်တိုင်လက်နဲ့ ဆွဲထုတ်ဖို့ လိုအပ်ခဲ့ပါတယ် ဒါပေမယ့် သေသေချာချာ မလုပ်တဲ့အတွက် ချက်ကြိုးကနေတစ်ဆင့် သားအိမ်ကို ပြောင်ပြန်လှန်သွားစေခဲ့တာဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးရဲ့ အတွင်းကလီစာတွေကို ဆွဲထုတ်မိပြီး ပြန်ထည့်သွင်းဖို့ အချိန်နောက်ကျခဲ့ပါတယ်။ သွေးတွေအလွန်အကျွံထွက်နေတာရယ် လူနာက ရှော့ခ်ရနေတာရယ်နဲ့ နှလုံးဖော်ပြန်မှုတွေကို ကုသနေရတာကြောင့် အချိန် ၄ နာရီနဲ့ ၁၅ မိနစ်ကြာပြီးမှ သားအိမ်ကို သူ့နေရာနဲ့သူ နေသားတကျဖြစ်အောင် ပြန်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်အလွန်နှောင်းသွားခဲ့ပါပြီ။

Alisa Tepikina ရဲ့ သမီးလေးကတော့ ကျန်းကျန်းမာမာရှိပြီး အခုဆိုရင် အဖိုးအဖွားတွေ လက်ထဲမှာ ကြီးပြင်းရတော့မှာဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY