Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

မွေးကတည်းက ဆံပင်အထူကြီးနဲ့မွေးလာတဲ့ ကလေးအကြောင်း

ဂျပန်နိုင်ငံက Cancoဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ မွေးထဲက ထူထဲနက်မှောင်တဲ့ဆံပင်ရှည်ကြီးတွေနဲ့ မွေးဖွားလာသူဖြစ်ပါတယ်။ သာမန်ကလေးတွေဟာ မွေးကင်းစမှာ ဆံပင်နည်းငယ်သာ ပေါက်တတ်ကြပြီး သူမဟာ မွေးကတည်းက ဆံပင်ရှည်တွေနဲ့မွေးလာခဲ့တာကြောင့် အားလုံးက ထူးဆန်းတယ်လို့ တွေးခဲ့ကြပါတယ်။

ဒါ့ကြောင့် သူ့ကိုဆရာဝန်များက သာမန်မဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ချိန်မှာတော့ သူ့ဆီမှာ သာမန်မဟုတ်တာ ဘာမှမတွေ့ခဲ့ရပါဘူး။ သူဟာ သူ့မိဘတွေရဲ့ ပထမဆုံးကလေးဖြစ်ပြီးသူ့ကို အာထရာဆောင်းရိုက်ချိန်မှာ ဆံပင်တွေကိုပါမြင်ခဲ့ရတယ်လို့ သူ့အမေကပြောပါတယ်။

သူမဟာ နက်မှောင်တဲ့ဆံကေသာကြီးတွေကိုပိုင်ဆိုင်ရုံသာမက တောက်ပတဲ့အပြုံးနဲ့ ချစ်စဖွယ်မျက်နှာထားလေးကိုပါ ပိုင်ဆိုင်ထားသူလေးမို့ ခေါင်းလျှော်ရည်ကုမ္ပဏီတွေက သူမကို မော်ဒယ်အဖြစ်ကြေညာချင်ကြတယ်လို့လည်း သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )

LEAVE A REPLY