Zawgyi ျဖင့္ဖတ္ရန္

 

Samuel Little ဆိုတာ နာမည္ေသးသေလာက္ လူ႔ဘီလူး လူေကာင္ထြားႀကီးပါ။ ယခင္က ေၾကးစားလက္ေဝွ႔ထိုးစားခဲ့တဲ့ Little ဟာ အရပ္ (၆)ေပ(၃)လက္မအထိရွိၿပီး၊ အခုဆိုရင္ အသက္(၇၉)ႏွစ္ေတာင္ ရွိေနပါၿပီ။ သူဟာ ပုံစံမတူတဲ့ ျပစ္မႈေပါင္း ဒါဇင္နဲ႔ခ်ီ က်ဴးလြန္ခဲ့ၿပီး၊ လူသတ္မႈေပါင္း (၉၃)ဦးအထိ ရွိခဲ့တယ္လို႔ သိရပါတယ္။ သူဟာ အားလုံးကို လိင္ပိုင္းေစာ္ကားၿပီး ေရႏွစ္သတ္ျခင္း၊ လည္ပင္းညႇစ္သတ္ျခင္းေတြ က်ဴးလြန္ခဲ့ပါတယ္။

Little ဟာ လူသတ္မႈမ်ားစြာအတြက္ ေထာင္ဒဏ္လြတ္ရက္မရွိ က်ခံေနရခ်ိန္၊ မၾကာေသးခင္က သူဟာ ဒီထက္ပိုမ်ားတဲ့ လူသတ္မႈေတြကို က်ဴးလြန္ခဲ့ေၾကာင္း ေပ်ာ္ေပ်ာ္ႀကီး ေျဖာင့္ခ်က္ေပးခဲ့ပါတယ္။ သူဟာ အမ်ိဳးသမီး (၉၃)ဦးကို သတ္တယ္ဆိုေသာ္လည္း ေလာေလာဆယ္ လူသတ္မႈ (၅၇)မႈကိုသာ သက္ဆိုင္ရာက အတည္ျပဳႏိုင္ေသးတာပါ။ တကယ္လို႔ သူ ေျဖာင့္ခ်က္ေပးထားတဲ့ လူသတ္မႈေတြသာ အတည္ျဖစ္ခဲ့ရင္ တစ္ခ်ိန္က ဖိမ့္ဖိမ့္တုန္ေအာင္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားခဲ့တဲ့ လူသတ္ရာဇာ Ted Bundy သတ္ခဲ့တဲ့အေရအတြက္ထက္ (၂)ဆ ျဖစ္သြားမွာပါ။ ဒီလိုပဲ Green River Killer လို႔ နာမည္ႀကီးခဲ့တဲ့ လူသတ္ရာဇာ Gary Ridgway သတ္ခဲ့တဲ့လူစာရင္းထက္ (၄၄)ေယာက္ ပိုမ်ားသြားမယ္လို႔ ေျပာပါတယ္။ Little ရဲ႕ ေျဖာင့္ခ်က္ထဲမွာ သူသတ္ခဲ့တဲ့သူေတြက ဘယ္လိုပုံစံရွိတယ္ဆိုတာကို ပန္းခ်ီဆရာက ပုံေဖာ္ေရးဆြဲခဲ့ပါတယ္။

အဲဒီပုံေတြကို FBI ရဲ႕ တရားဝင္ Web မွာ ေဖာ္ျပခဲ့ၿပီး၊ သက္ဆိုင္ရာ မိသားစုဝင္ေတြအေနနဲ႔ မိမိတို႔ မိသားစုေတြထဲမွာ ဒီပန္းခ်ီပုံေတြနဲ႔တူတဲ့ လူေပ်ာက္ဆုံးမႈမ်ိဳးရွိရင္ ရဲတပ္ဖြဲ႕ထံကို အျမန္ဆုံးအေၾကာင္းၾကားဖို႔ အသိေပးႏႈိးေဆာ္ထားပါတယ္။ Little ျပစ္ဒဏ္က်ဴးလြန္တဲ့ ကာလကေတာ့ (၁၉၇၀)ခုႏွစ္ကေန (၂၀၀၅)ခုႏွစ္ အေတာအတြင္းျဖစ္ၿပီး ႏွစ္ေပါင္း (၃၅)အေတာအတြင္းမွာ လူေတြ စိတ္ရွိလက္ရွိ သတ္ခဲ့တာပါ။

Little ရဲ႕အဆိုအရ သူဟာ ေပ်ာ့ကြက္ အားနည္းကြက္ရွိတဲ့ အမ်ိးသမီးငယ္ေတြ၊ မူးယစ္ေဆးစြဲေနတဲ့ အမ်ိဳးသမီးငယ္ေတြ၊ ျပည့္တန္ဆာအမ်ိဳးသမီးေတြကို ခ်ဥ္းကပ္ၿပီး သတ္ျဖတ္ေလ့ရွိပါသတဲ့။ သူဟာ မသတ္ခင္ လိင္ပိုင္းေစာ္ကားတာေတြ ဘာေတြလည္း လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ (၁၉၇၀)ခု သူပထမဆုံးက်ဴးလြန္တဲ့ လူသတ္မႈက မီယာမီက အမ်ိဳးသမီးငယ္တစ္ဦးျဖစ္ၿပီး စေတာ္ဘယ္ရီ-ေ႐ႊေရာင္ဆံပင္ပိုင္ရွင္ပါတဲ့။

ေနာက္ဆုံးသတ္ခဲ့တဲ့ လူသတ္မႈကေတာ့ Tupelo, Mississippi, က အသက္(၄၆)ႏွစ္အ႐ြယ္ Nancy Stevens လို႔ ဖြင့္ဟခဲ့ပါတယ္။ သူက ရဲတပ္ဖြဲ႕အာ႐ုံမစိုက္ႏိုင္တဲ့ လူမ်ိဳးကို သတ္ပစ္တာလို႔ ေျပာပါတယ္။ သူ႔ဆီ အၿမဲတမ္းလာၿပီးသတင္းယူတဲ့ ဂ်ာနယ္လစ္တစ္ဦးကို “ ခင္ဗ်ားကို က်ဳပ္က သတ္လိုက္မယ္ဆိုရင္ မနက္ျဖန္ ေသခ်ာေပါက္ သတင္းထဲ ပါလာမွာေပါ့ … ကြၽန္ေတာ္က အဲဒီလိုနည္းကို ေရွာင္ပါတယ္ ”လို႔ ေျပာခဲ့ပါတယ္။

သူဟာ အေမရိကန္ ျပည္နယ္ေပါင္း (၁၉)ျပည္နယ္မွာ လူသတ္မႈေတြကို ရည္႐ြယ္ခ်က္ရွိရွိ လွည့္လည္က်ဴးလြန္ခဲ့တာျဖစ္ၿပီး၊ သူသတ္ခဲ့တဲ့ လူသတ္မႈေတြဟာ သပ္ရပ္လြန္းၿပီး၊ ဓားထိုးတဲ့အရာ၊ ႐ိုက္ႏွက္တဲ့အရာေတြ မေတြ႕ရဘဲ၊ သာမန္လူေသမႈလိုလို၊ မူးယစ္ေဆးသုံးၿပီး ေသဆုံးခဲ့သလိုလို အထင္အျမင္ေရာက္ေစတယ္လို႔ ဆိုပါတယ္။ Little ဟာ ငယ္ငယ္ကတည္းက စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခဲ့သူပါ။

(၁၉၄၀)ခုႏွစ္ ေဂ်ာဂ်ီယာမွာ ေမြးဖြားခဲ့ၿပီး၊ သူရဲ႕ဆယ္ေက်ာ္သက္အ႐ြယ္သာရွိေသးတဲ့ မိခင္ကလည္း ျပည့္တန္ဆာလုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳပါတယ္။ သူဟာ ငယ္ငယ္ကတည္းက မိခင္ရဲ႕ လမ္းေဘးမွာ စြန႔္ပစ္ျခင္းကို ခံခဲ့ရၿပီး၊ အိုဟိုင္းယိုးက အဖြားက တာဝန္ယူေစာင့္ေရွာက္ခဲ့ရပါတယ္။ အဲဒီေနာက္ ဆယ္ေက်ာ္သက္အ႐ြယ္မွာပဲ ခိုးမႈ၊ မူးယစ္ေဆးမႈ၊ လိင္ပိုင္းေစာ္ကားမႈေတြနဲ႔ ရဲခဏခဏဖမ္းခံခဲ့ရပါတယ္။ အခု ဝန္ခံမႈေတြက သူ႔ကို ေသဒဏ္အျဖစ္ ေျပာင္းလဲဖို႔မရွိဘူးလို႔ ကြၽမ္းက်င္ေရွ႕ေနက ေျပာပါတယ္။

CREDIT TO SWEMOM

Unicode ဖြင့်ဖတ်ရန်

အမျိုးသမီး(၉၃)ဦးကိုသတ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး စံချိန်တင်လူသတ်ရာဇာ

Samuel Little ဆိုတာ နာမည်သေးသလောက် လူ့ဘီလူး လူကောင်ထွားကြီးပါ။ ယခင်က ကြေးစားလက်ဝှေ့ထိုးစားခဲ့တဲ့ Little ဟာ အရပ် (၆)ပေ(၃)လက်မအထိရှိပြီး၊ အခုဆိုရင် အသက်(၇၉)နှစ်တောင် ရှိနေပါပြီ။ သူဟာ ပုံစံမတူတဲ့ ပြစ်မှုပေါင်း ဒါဇင်နဲ့ချီ ကျူးလွန်ခဲ့ပြီး၊ လူသတ်မှုပေါင်း (၉၃)ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ သူဟာ အားလုံးကို လိင်ပိုင်းစော်ကားပြီး ရေနှစ်သတ်ခြင်း၊ လည်ပင်းညှစ်သတ်ခြင်းတွေ ကျူးလွန်ခဲ့ပါတယ်။

Little ဟာ လူသတ်မှုများစွာအတွက် ထောင်ဒဏ်လွတ်ရက်မရှိ ကျခံနေရချိန်၊ မကြာသေးခင်က သူဟာ ဒီထက်ပိုများတဲ့ လူသတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ပျော်ပျော်ကြီး ဖြောင့်ချက်ပေးခဲ့ပါတယ်။ သူဟာ အမျိုးသမီး (၉၃)ဦးကို သတ်တယ်ဆိုသော်လည်း လောလောဆယ် လူသတ်မှု (၅၇)မှုကိုသာ သက်ဆိုင်ရာက အတည်ပြုနိုင်သေးတာပါ။ တကယ်လို့ သူ ဖြောင့်ချက်ပေးထားတဲ့ လူသတ်မှုတွေသာ အတည်ဖြစ်ခဲ့ရင် တစ်ချိန်က ဖိမ့်ဖိမ့်တုန်အောင် နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ လူသတ်ရာဇာ Ted Bundy သတ်ခဲ့တဲ့အရေအတွက်ထက် (၂)ဆ ဖြစ်သွားမှာပါ။ ဒီလိုပဲ Green River Killer လို့ နာမည်ကြီးခဲ့တဲ့ လူသတ်ရာဇာ Gary Ridgway သတ်ခဲ့တဲ့လူစာရင်းထက် (၄၄)ယောက် ပိုများသွားမယ်လို့ ပြောပါတယ်။ Little ရဲ့ ဖြောင့်ချက်ထဲမှာ သူသတ်ခဲ့တဲ့သူတွေက ဘယ်လိုပုံစံရှိတယ်ဆိုတာကို ပန်းချီဆရာက ပုံဖော်ရေးဆွဲခဲ့ပါတယ်။

အဲဒီပုံတွေကို FBI ရဲ့ တရားဝင် Web မှာ ဖော်ပြခဲ့ပြီး၊ သက်ဆိုင်ရာ မိသားစုဝင်တွေအနေနဲ့ မိမိတို့ မိသားစုတွေထဲမှာ ဒီပန်းချီပုံတွေနဲ့တူတဲ့ လူပျောက်ဆုံးမှုမျိုးရှိရင် ရဲတပ်ဖွဲ့ထံကို အမြန်ဆုံးအကြောင်းကြားဖို့ အသိပေးနှိုးဆော်ထားပါတယ်။ Little ပြစ်ဒဏ်ကျူးလွန်တဲ့ ကာလကတော့ (၁၉၇၀)ခုနှစ်ကနေ (၂၀၀၅)ခုနှစ် အတောအတွင်းဖြစ်ပြီး နှစ်ပေါင်း (၃၅)အတောအတွင်းမှာ လူတွေ စိတ်ရှိလက်ရှိ သတ်ခဲ့တာပါ။

Little ရဲ့အဆိုအရ သူဟာ ပျော့ကွက် အားနည်းကွက်ရှိတဲ့ အမျိးသမီးငယ်တွေ၊ မူးယစ်ဆေးစွဲနေတဲ့ အမျိုးသမီးငယ်တွေ၊ ပြည့်တန်ဆာအမျိုးသမီးတွေကို ချဉ်းကပ်ပြီး သတ်ဖြတ်လေ့ရှိပါသတဲ့။ သူဟာ မသတ်ခင် လိင်ပိုင်းစော်ကားတာတွေ ဘာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ (၁၉၇၀)ခု သူပထမဆုံးကျူးလွန်တဲ့ လူသတ်မှုက မီယာမီက အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး စတော်ဘယ်ရီ-ရွှေရောင်ဆံပင်ပိုင်ရှင်ပါတဲ့။

နောက်ဆုံးသတ်ခဲ့တဲ့ လူသတ်မှုကတော့ Tupelo, Mississippi, က အသက်(၄၆)နှစ်အရွယ် Nancy Stevens လို့ ဖွင့်ဟခဲ့ပါတယ်။ သူက ရဲတပ်ဖွဲ့အာရုံမစိုက်နိုင်တဲ့ လူမျိုးကို သတ်ပစ်တာလို့ ပြောပါတယ်။ သူ့ဆီ အမြဲတမ်းလာပြီးသတင်းယူတဲ့ ဂျာနယ်လစ်တစ်ဦးကို “ ခင်ဗျားကို ကျုပ်က သတ်လိုက်မယ်ဆိုရင် မနက်ဖြန် သေချာပေါက် သတင်းထဲ ပါလာမှာပေါ့ … ကျွန်တော်က အဲဒီလိုနည်းကို ရှောင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

သူဟာ အမေရိကန် ပြည်နယ်ပေါင်း (၁၉)ပြည်နယ်မှာ လူသတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လှည့်လည်ကျူးလွန်ခဲ့တာဖြစ်ပြီး၊ သူသတ်ခဲ့တဲ့ လူသတ်မှုတွေဟာ သပ်ရပ်လွန်းပြီး၊ ဓားထိုးတဲ့အရာ၊ ရိုက်နှက်တဲ့အရာတွေ မတွေ့ရဘဲ၊ သာမန်လူသေမှုလိုလို၊ မူးယစ်ဆေးသုံးပြီး သေဆုံးခဲ့သလိုလို အထင်အမြင်ရောက်စေတယ်လို့ ဆိုပါတယ်။ Little ဟာ ငယ်ငယ်ကတည်းက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခဲ့သူပါ။

(၁၉၄၀)ခုနှစ် ဂျောဂျီယာမှာ မွေးဖွားခဲ့ပြီး၊ သူရဲ့ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မိခင်ကလည်း ပြည့်တန်ဆာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုပါတယ်။ သူဟာ ငယ်ငယ်ကတည်းက မိခင်ရဲ့ လမ်းဘေးမှာ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး၊ အိုဟိုင်းယိုးက အဖွားက တာဝန်ယူစောင့်ရှောက်ခဲ့ရပါတယ်။ အဲဒီနောက် ဆယ်ကျော်သက်အရွယ်မှာပဲ ခိုးမှု၊ မူးယစ်ဆေးမှု၊ လိင်ပိုင်းစော်ကားမှုတွေနဲ့ ရဲခဏခဏဖမ်းခံခဲ့ရပါတယ်။ အခု ဝန်ခံမှုတွေက သူ့ကို သေဒဏ်အဖြစ် ပြောင်းလဲဖို့မရှိဘူးလို့ ကျွမ်းကျင်ရှေ့နေက ပြောပါတယ်။

CREDIT TO SWEMOM

LEAVE A REPLY