Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယား နာမည္ေက်ာ္ အဆိုေတာ္ သ႐ုပ္ေဆာင္ Sulli ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၄ ရက္ေန႔ ေနအိမ္မွာ မိမိကိုယ္ကိုယ္ အဆုံးစီရင္ၿပီး ဘဝတစ္ပါးသို႔ကူးေျပာင္းသြားခဲ့ပါတယ္။ Sulli ဟာ အႏုပညာေလာကထဲကို အသက္ ၁၂ ႏွစ္အ႐ြယ္ကတည္းက ဝင္ေရာက္ခဲ့ သူတစ္ဦးပါ။

Sulli ေသဆုံးသြားၿပီးေနာက္ မ်ားစြာေသာ အႏုပညာရွင္ေတြနဲ႔ ပရိတ္သတ္ေတြ စိတ္မေကာင္းျခင္းႀကီးစြာျဖစ္ေန လ်က္ရွိပါတယ္။ Sulli နဲ႔ ခင္မင္သူ အႏုပညာမိတ္ေဆြ ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ သ႐ုပ္ေဆာင္ Yoo Ah In က သူမရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို လူမႈကြန္ယက္ အင္စတာဂရမ္ကေန ေအာက္ပါအတိုင္းေျပာျပလာပါတယ္။

“Sulli ဆုံးပါးသြားခဲ့ၿပီ။ သူ႔ရဲ႕ နာမည္အရင္းက Jin Ri , Choi Jinri ပါ။ အလုပ္ကိစၥနဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ္တို႔ မၾကာမၾကာဆုံျဖစ္ၾကတယ္။ ကြၽန္ေတာ္ကေတာ့ သူမကို အမ်ားေခၚသလို Sulli လို႔မေခၚဘဲ နာမည္အရင္းျဖစ္တဲ့ Jinri ကိုသာတြင္တြင္ ေခၚျဖစ္တယ္။

 

သူမက ျပယုဂ္တစ္ခုပါ။ သူမကို မႀကိဳက္မႏွစ္သက္တဲ့ သူေတြကို တြန္းလွန္ဖို႔ ႀကိဳးစားေနတဲ့ ျပယုဂ္တစ္ခု၊ တကယ္ေတာ့ သူမက ဟီး႐ိုးတစ္ေယာက္ပါပဲ။ ေရွး႐ိုးစြဲအေတြးအေခၚေတြထဲကေန ေအာင္ျမင္စြာ ႐ုန္းထြက္ႏိုင္ခဲ့သူတစ္ဦး၊ ထိရွလြယ္တဲ့စိတ္နဲ႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းတတ္တဲ့ အသိစိတ္ၾကားမွာ လမ္းေပ်ာက္ေနသူတစ္ဦး သူမက အဲ့လို မိန္းကေလးတစ္ေယာက္ပါ။

သူမနဲ႔ ပတ္သတ္လို႔ ေတာ္ေတာ္မ်ားမ်ားကို သေဘာက် ႀကိဳက္ႏွစ္သက္မိတယ္။ သူမၿပဳံးလိုက္တိုင္း အျပစ္ကင္းစင္တဲ့ အရိပ္အေယာင္တစ္ခု မ်က္ႏွာမွာေပၚေပၚလာတတ္တယ္။ သူမမွာ ကြၽန္ေတာ္ အရမ္းသေဘာက်တဲ့ အခ်က္တစ္ခ်က္ကေတာ့ ယုံၾကည္ခ်က္အျပည့္ရွိတာပဲ။ သတင္းမီဒီယာေတြ အမ်ားအျပားရွိတဲ့ ပြဲတစ္ခုမွာ သူမက mask တပ္ထားဖို႔ ျငင္းဆိုခဲ့တယ္။ လူရႈပ္လူေပြပါလို႔ နာမည္ႀကီးေနတဲ့ ကြၽန္ေတာ္၊ သတင္းဆိုး မၾကာခဏ ထြက္ေလ့ရွိတဲ့ ကြၽန္ေတာ့္နားလာၿပီး ခါးကို ဖက္ၿပီး ပို႔စ္ေတြ ေပးေနခဲ့တာ။ သူမက အဲ့လို မေၾကာက္တတ္တဲ့ မိန္းကေလးတစ္ေယာက္ပဲ။ ၿပီးေတာ့ ပြင့္လင္းတယ္။ ေဖာ္ေ႐ြတယ္။ ၿပီးေတာ့ သူမမွာ Sulli ဆိုတဲ့ mask တစ္ခုကို တပ္ထားရတယ္။

Sulli ဆိုတဲ့ ျပယုဂ္တစ္ခုဟာ သူမရဲ႕ အမွန္တကယ္ ပုံစံမဟုတ္ခဲ့ဘူး။ ဒါေပမဲ့ သူမ ဒီနာမည္နဲ႔အတူ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားခဲ့တယ္။ သူမက ခင္ဗ်ားတို႔ ကြၽန္ေတာ္တို႔ ယွဥ္လို႔မရတဲ့ အရဲရင့္ဆုံး လူသားတစ္ဦးပါ။

ၿပီးေတာ့ အႀကိမ္ေပါင္းမ်ားစြာ သူမကို လွည့္စားခဲ့ဖူးတယ္။ သူမ ဒီလို ျဖစ္ရတဲ့ အေၾကာင္းအရာေတြထဲ ခင္ဗ်ားတို႔ ကြၽန္ေတာ္တို႔ အားလုံးပါဝင္ပတ္သတ္လို႔ေနတယ္။ ကြၽန္ေတာ္ သူ႔ကို အထင္လြဲခဲ့ဖူးၿပီး သူ႔ျဖစ္တည္မႈကို ေဝဖန္ခဲ့ေသးတာ၊ အဲ့လို ေဝဖန္လိုက္လို႔ ကြၽန္ေတာ္ ကိုယ္တိုင္က ေကာင္းတဲ့ လူတစ္ေယာက္ ဟုတ္လားဆိုေတာ့လည္း ဟုတ္မေနျပန္ဘူး။

သူမကို ကြၽန္ေတာ္တို႔ လူနာတစ္ေယာက္လို ဆက္ဆံစရာလဲမလိုသလို ဟီး႐ိုး တစ္ေယာက္အေနနဲ႔ သတ္မွတ္ေပးဖို႔လဲ မလိုအပ္ပါဘူး။ အဲ့ဒါက ဘာျဖစ္လို႔လဲဆိုေတာ့ သူမက သူမျဖစ္ေနလို႔ပဲ။ သူမဟာ ဒီကမာၻေလာကႀကီးမွာ ဘယ္သူနဲ႔မွမတူတဲ့ ျဖစ္တည္မႈမ်ိဳး၊ သူမရဲ႕ ပင္ကိုယ္မူလ ပုံစံ၊ သူမရဲ႕ စိတ္သေဘာထားေတြ သူမဘာသာ သူမ လြတ္လပ္စြာျဖစ္တည္ခြင့္ရွိတယ္။

ဒါနဲ႔ သူမေသသြားၿပီဆိုတာ တကယ္ေရာမွန္ရဲ႕လား? အခုထိ ကြၽန္ေတာ္ မယုံႏိုင္ေသးဘူး။ စခရင္ေပၚက သတင္းေတြကို ျမင္ၿပီး ကြၽန္ေတာ္လဲ စခရင္ေပၚမွာပဲ ျပန္လည္ေရးသားျဖစ္ေနတယ္” ဆိုၿပီးေရးသားထားပါတယ္။

Sulli ဟာ ပရိတ္သတ္ ခ်စ္ခင္တဲ့ အႏုပညာရွင္ျဖစ္႐ုံသာမက တျခားအႏုပညာရွင္ေတြ ညီမအရင္းေလးလို ခ်စ္ၾကရတဲ့ သူတစ္ဦးလည္းျဖစ္ပါတယ္။ သူမ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားတာနဲ႔ ပတ္သတ္လို႔ သူမကို ခ်စ္ခင္တဲ့ အႏုပညာရွင္ေတြအေနနဲ႔ ေသာကေရာက္ေနၾကမွာအမွန္ပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ပရိတ်သတ် သတိမထားမိခဲ့တဲ့ မျက်နှာဖုံးအောက်က Sulli

တောင်ကိုးရီးယား နာမည်ကျော် အဆိုတော် သရုပ်ဆောင် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ပါတယ်။ Sulli ဟာ အနုပညာလောကထဲကို အသက် ၁၂ နှစ်အရွယ်ကတည်းက ဝင်ရောက်ခဲ့ သူတစ်ဦးပါ။

Sulli သေဆုံးသွားပြီးနောက် များစွာသော အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေ စိတ်မကောင်းခြင်းကြီးစွာဖြစ်နေ လျက်ရှိပါတယ်။ Sulli နဲ့ ခင်မင်သူ အနုပညာမိတ်ဆွေ တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် Yoo Ah In က သူမရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လူမှုကွန်ယက် အင်စတာဂရမ်ကနေ အောက်ပါအတိုင်းပြောပြလာပါတယ်။

“Sulli ဆုံးပါးသွားခဲ့ပြီ။ သူ့ရဲ့ နာမည်အရင်းက Jin Ri , Choi Jinri ပါ။ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ မကြာမကြာဆုံဖြစ်ကြတယ်။ ကျွန်တော်ကတော့ သူမကို အများခေါ်သလို Sulli လို့မခေါ်ဘဲ နာမည်အရင်းဖြစ်တဲ့ Jinri ကိုသာတွင်တွင် ခေါ်ဖြစ်တယ်။

သူမက ပြယုဂ်တစ်ခုပါ။ သူမကို မကြိုက်မနှစ်သက်တဲ့ သူတွေကို တွန်းလှန်ဖို့ ကြိုးစားနေတဲ့ ပြယုဂ်တစ်ခု၊ တကယ်တော့ သူမက ဟီးရိုးတစ်ယောက်ပါပဲ။ ရှေးရိုးစွဲအတွေးအခေါ်တွေထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့သူတစ်ဦး၊ ထိရှလွယ်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်တဲ့ အသိစိတ်ကြားမှာ လမ်းပျောက်နေသူတစ်ဦး သူမက အဲ့လို မိန်းကလေးတစ်ယောက်ပါ။

သူမနဲ့ ပတ်သတ်လို့ တော်တော်များများကို သဘောကျ ကြိုက်နှစ်သက်မိတယ်။ သူမပြုံးလိုက်တိုင်း အပြစ်ကင်းစင်တဲ့ အရိပ်အယောင်တစ်ခု မျက်နှာမှာပေါ်ပေါ်လာတတ်တယ်။ သူမမှာ ကျွန်တော် အရမ်းသဘောကျတဲ့ အချက်တစ်ချက်ကတော့ ယုံကြည်ချက်အပြည့်ရှိတာပဲ။ သတင်းမီဒီယာတွေ အများအပြားရှိတဲ့ ပွဲတစ်ခုမှာ သူမက mask တပ်ထားဖို့ ငြင်းဆိုခဲ့တယ်။ လူရှုပ်လူပွေပါလို့ နာမည်ကြီးနေတဲ့ ကျွန်တော်၊ သတင်းဆိုး မကြာခဏ ထွက်လေ့ရှိတဲ့ ကျွန်တော့်နားလာပြီး ခါးကို ဖက်ပြီး ပို့စ်တွေ ပေးနေခဲ့တာ။ သူမက အဲ့လို မကြောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ပြီးတော့ ပွင့်လင်းတယ်။ ဖော်ရွေတယ်။ ပြီးတော့ သူမမှာ Sulli ဆိုတဲ့ mask တစ်ခုကို တပ်ထားရတယ်။

Sulli ဆိုတဲ့ ပြယုဂ်တစ်ခုဟာ သူမရဲ့ အမှန်တကယ် ပုံစံမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူမ ဒီနာမည်နဲ့အတူ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ သူမက ခင်ဗျားတို့ ကျွန်တော်တို့ ယှဉ်လို့မရတဲ့ အရဲရင့်ဆုံး လူသားတစ်ဦးပါ။

ပြီးတော့ အကြိမ်ပေါင်းများစွာ သူမကို လှည့်စားခဲ့ဖူးတယ်။ သူမ ဒီလို ဖြစ်ရတဲ့ အကြောင်းအရာတွေထဲ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးပါဝင်ပတ်သတ်လို့နေတယ်။ ကျွန်တော် သူ့ကို အထင်လွဲခဲ့ဖူးပြီး သူ့ဖြစ်တည်မှုကို ဝေဖန်ခဲ့သေးတာ၊ အဲ့လို ဝေဖန်လိုက်လို့ ကျွန်တော် ကိုယ်တိုင်က ကောင်းတဲ့ လူတစ်ယောက် ဟုတ်လားဆိုတော့လည်း ဟုတ်မနေပြန်ဘူး။

သူမကို ကျွန်တော်တို့ လူနာတစ်ယောက်လို ဆက်ဆံစရာလဲမလိုသလို ဟီးရိုး တစ်ယောက်အနေနဲ့ သတ်မှတ်ပေးဖို့လဲ မလိုအပ်ပါဘူး။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ သူမက သူမဖြစ်နေလို့ပဲ။ သူမဟာ ဒီကမ္ဘာလောကကြီးမှာ ဘယ်သူနဲ့မှမတူတဲ့ ဖြစ်တည်မှုမျိုး၊ သူမရဲ့ ပင်ကိုယ်မူလ ပုံစံ၊ သူမရဲ့ စိတ်သဘောထားတွေ သူမဘာသာ သူမ လွတ်လပ်စွာဖြစ်တည်ခွင့်ရှိတယ်။

ဒါနဲ့ သူမသေသွားပြီဆိုတာ တကယ်ရောမှန်ရဲ့လား? အခုထိ ကျွန်တော် မယုံနိုင်သေးဘူး။ စခရင်ပေါ်က သတင်းတွေကို မြင်ပြီး ကျွန်တော်လဲ စခရင်ပေါ်မှာပဲ ပြန်လည်ရေးသားဖြစ်နေတယ်” ဆိုပြီးရေးသားထားပါတယ်။

Sulli ဟာ ပရိတ်သတ် ချစ်ခင်တဲ့ အနုပညာရှင်ဖြစ်ရုံသာမက တခြားအနုပညာရှင်တွေ ညီမအရင်းလေးလို ချစ်ကြရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာနဲ့ ပတ်သတ်လို့ သူမကို ချစ်ခင်တဲ့ အနုပညာရှင်တွေအနေနဲ့ သောကရောက်နေကြမှာအမှန်ပါပဲ။

Credit : popolay

 

LEAVE A REPLY