Zawgyi ျဖင့္ဖတ္ရန္

ခ်စ္သူသမီးရည္းစား ပက္သက္ဆက္ႏြယ္မႈမွာ တစ္ေယာက္ေယာက္က လႊမ္းမိုးခ်ဳပ္ကိုင္လြန္းအားႀကီးပါက အဆုံးသတ္ မလွမပ ျဖစ္ရတတ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာေနထိုင္ရင္း တကၠသိုလ္ေက်ာင္းတက္ေနတဲ့ ဖိလစ္ပိုင္ေက်ာင္းသားတစ္ဦးဟာ သူရဲ႕ရည္းစား ေတာင္ကိုရီးယား မိန္းကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ကိုယ္ထိလက္ေရာက္ ျပဳမူေစာ္ကားခံရမႈ၊ လႊမ္းမိုးမႈေတြေၾကာင့္ ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားခဲ့ပါတယ္။

အဲဒီအတြက္ ေတာင္ကိုရီးယားႏိုင္ငံကို ျပန္ထြက္သြားတဲ့ မိန္းကေလးကို လာေရာက္အဖမ္းခံဖို႔ အေမရိကန္တရား႐ုံးက ဆင့္ေခၚေနပါတယ္။

ဖိလစ္ပိုင္လူမ်ိဳး Alexander Urtula အသက္ ၂၂ ႏွစ္ဟာ နယူးဂ်ာစီျပည္နယ္မွာ ေနထိုင္ၿပီး ေဘာ္စတြန္ေကာလိပ္မွာ ဇီဝေဗဒဘာသာရပ္အထူးျပဳနဲ႔ ေက်ာင္းတက္ေနခဲ့ပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ေတာင္ကိုရီးယားလူမ်ိဳး Inyoung You ဟာလည္း ေဘာ္စတြန္ေကာလိပ္မွာ စီးပြားေရးဘာသာရပ္နဲ႔ ေက်ာင္းတက္ေနစဥ္ ဆုံေတြ႕ၿပီး ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ ခ်စ္သူသက္တမ္း ၁၈ လ အတြင္းမွာ ကိုရီးယားမေလး You က Urtula အေပၚ ႐ိုင္း႐ိုင္းစိုင္းစိုင္း ျပဳမူဆက္ဆံခဲ့ပါတယ္။ ကိုယ္ထိလက္ေရာက္၊ ႏႈတ္ျဖင့္ေျပာဆိုၿပီး စိတ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစတဲ့ထိ သူ႔ရဲ႕ဘဝတစ္ခုလုံးကို လႊမ္းမိုးခ်ယ္လွယ္ခဲ့တယ္လို႔ ခ႐ိုင္အစိုးရေရွ႕ေနျဖစ္သူ Rachael Rollins က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

Urtula ကို သူ႔ရဲ႕မိဘအသိုင္းအဝိုင္း အေပါင္းအသင္းေတြနဲ႔ပါ ေဝးကြာေအာင္ You က လႊမ္းမိုးခ်ဳပ္ကိုင္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္လအတြင္းမွာ သူတို႔ႏွစ္ေယာက္ ျပႆနာေတြ ခဏခဏတက္ခဲ့ၾကၿပီး You က ေပးပို႔တဲ့ မက္ေဆ့ခ်္ေတြထဲမွာ “သြားေသလိုက္” “ကိုယ္ကိုယ္ကိုယ္သတ္ေသေလ” စသျဖင့္ အသုံးအႏႈန္းပါတဲ့ မက္ေဆ့ခ်္ေပါင္း ၄၇,၀၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒီျပႆနာေတြ ဖိအားေတြေၾကာင့္ Urtula ဟာ သူဘြဲ႕ယူရမယ့္ေန႔ ေမလ ၂၀ ရက္ေန႔မွာပဲ ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားခဲ့ပါတယ္။

ဒီမက္ေဆ့ခ်္ေတြကို ၾကည့္ျခင္းအားျဖင့္ You က Urtula ေပၚမွာ လႊမ္းမိုးႏိုင္တဲ့ အေနအထားကို သိႏိုင္ၿပီး တစ္ခ်ိန္လုံး ၿခိမ္းေျခာက္ေျပာဆို ေသခိုင္းေနတယ္လို႔ ေရွ႕ေနျဖစ္သူက ေျပာပါတယ္။

You ဟာလည္း ေမလမွာ ဘြဲယူဖို႔ရွိေပမယ့္ ၾသဂုတ္လကတည္းက ေက်ာင္းထြက္သြားခဲ့ၿပီး အခုဆိုရင္ ေတာင္ကိုရီးယားႏိုင္ငံကို ျပန္ေရာက္ေနပါတယ္။ အစိုးရေရွ႕ေနေတြကေတာ့ You ကို အေမရိကန္ႏိုင္ငံကို ျပန္လာၿပီး အမႈရင္ဆိုင္ဖို႔ ညႇိႏႈိင္းထားပါတယ္၊ အကယ္၍ ျပန္မလာဘူးဆိုခဲ့ရင္ေတာ့ ႏိုင္ငံတစ္ကာ အင္တာပိုနဲ႔ခ်ိပ္ဆက္ၿပီး အနီေရာင္အဆင့္ အခ်က္ျပကာ တရားခံေျပးအျဖစ္ ဝရမ္းထုတ္မွာျဖစ္ပါတယ္၊ ကိုရီးယားအစိုးရကို ထိန္းသိမ္းခိုင္းၿပီး အေမရိကန္ႏိုင္ငံကို တရားခံျပန္လည္လႊဲေျပာင္းေပးဖို႔ေတြကိုပါ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

အလာတူအျဖစ္မ်ိဳး ၂၀၁၄ ခုႏွစ္တုန္းက မန္ဆာခ်ဴးဆက္ျပည္နယ္မွာ ျဖစ္ပြားခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ အမ်ိဳးသမီးက အျပစ္ရွိေၾကာင္း ဝန္ခံခဲ့တဲ့အတြက္ ေထာင္ဒဏ္ ၁၅ လ က်ခံခဲ့ရဖူးပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ချစ်သူကောင်မလေးက နိုင်စားလွန်းလို့ ကောင်လေး မိမိကိုယ်ကိုယ် အဆုံးစီရင်

ချစ်သူသမီးရည်းစား ပက်သက်ဆက်နွယ်မှုမှာ တစ်ယောက်ယောက်က လွှမ်းမိုးချုပ်ကိုင်လွန်းအားကြီးပါက အဆုံးသတ် မလှမပ ဖြစ်ရတတ်ပါတယ်။ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း တက္ကသိုလ်ကျောင်းတက်နေတဲ့ ဖိလစ်ပိုင်ကျောင်းသားတစ်ဦးဟာ သူရဲ့ရည်းစား တောင်ကိုရီးယား မိန်းကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက် ပြုမူစော်ကားခံရမှု၊ လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

အဲဒီအတွက် တောင်ကိုရီးယားနိုင်ငံကို ပြန်ထွက်သွားတဲ့ မိန်းကလေးကို လာရောက်အဖမ်းခံဖို့ အမေရိကန်တရားရုံးက ဆင့်ခေါ်နေပါတယ်။

ဖိလစ်ပိုင်လူမျိုး Alexander Urtula အသက် ၂၂ နှစ်ဟာ နယူးဂျာစီပြည်နယ်မှာ နေထိုင်ပြီး ဘော်စတွန်ကောလိပ်မှာ ဇီဝဗေဒဘာသာရပ်အထူးပြုနဲ့ ကျောင်းတက်နေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ တောင်ကိုရီးယားလူမျိုး Inyoung You ဟာလည်း ဘော်စတွန်ကောလိပ်မှာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်းတက်နေစဉ် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၁၈ လ အတွင်းမှာ ကိုရီးယားမလေး You က Urtula အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံခဲ့ပါတယ်။ ကိုယ်ထိလက်ရောက်၊ နှုတ်ဖြင့်ပြောဆိုပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတဲ့ထိ သူ့ရဲ့ဘဝတစ်ခုလုံးကို လွှမ်းမိုးချယ်လှယ်ခဲ့တယ်လို့ ခရိုင်အစိုးရရှေ့နေဖြစ်သူ Rachael Rollins က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Urtula ကို သူ့ရဲ့မိဘအသိုင်းအဝိုင်း အပေါင်းအသင်းတွေနဲ့ပါ ဝေးကွာအောင် You က လွှမ်းမိုးချုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ သူတို့နှစ်ယောက် ပြဿနာတွေ ခဏခဏတက်ခဲ့ကြပြီး You က ပေးပို့တဲ့ မက်ဆေ့ချ်တွေထဲမှာ “သွားသေလိုက်” “ကိုယ်ကိုယ်ကိုယ်သတ်သေလေ” စသဖြင့် အသုံးအနှုန်းပါတဲ့ မက်ဆေ့ချ်ပေါင်း ၄၇,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြဿနာတွေ ဖိအားတွေကြောင့် Urtula ဟာ သူဘွဲ့ယူရမယ့်နေ့ မေလ ၂၀ ရက်နေ့မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

ဒီမက်ဆေ့ချ်တွေကို ကြည့်ခြင်းအားဖြင့် You က Urtula ပေါ်မှာ လွှမ်းမိုးနိုင်တဲ့ အနေအထားကို သိနိုင်ပြီး တစ်ချိန်လုံး ခြိမ်းခြောက်ပြောဆို သေခိုင်းနေတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

You ဟာလည်း မေလမှာ ဘွဲယူဖို့ရှိပေမယ့် သြဂုတ်လကတည်းက ကျောင်းထွက်သွားခဲ့ပြီး အခုဆိုရင် တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက်နေပါတယ်။ အစိုးရရှေ့နေတွေကတော့ You ကို အမေရိကန်နိုင်ငံကို ပြန်လာပြီး အမှုရင်ဆိုင်ဖို့ ညှိနှိုင်းထားပါတယ်၊ အကယ်၍ ပြန်မလာဘူးဆိုခဲ့ရင်တော့ နိုင်ငံတစ်ကာ အင်တာပိုနဲ့ချိပ်ဆက်ပြီး အနီရောင်အဆင့် အချက်ပြကာ တရားခံပြေးအဖြစ် ဝရမ်းထုတ်မှာဖြစ်ပါတယ်၊ ကိုရီးယားအစိုးရကို ထိန်းသိမ်းခိုင်းပြီး အမေရိကန်နိုင်ငံကို တရားခံပြန်လည်လွှဲပြောင်းပေးဖို့တွေကိုပါ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အလာတူအဖြစ်မျိုး ၂၀၁၄ ခုနှစ်တုန်းက မန်ဆာချူးဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အမျိုးသမီးက အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် ထောင်ဒဏ် ၁၅ လ ကျခံခဲ့ရဖူးပါတယ်။

Credit : popolay

LEAVE A REPLY