Zawgyi ျဖင့္ဖတ္ရန္

 

ေဟာင္ေကာင္မွ အမ်ိဳးသားတစ္ဦးဟာ ဘတ္စ္ကားစီးသူမ်ား အပ္စူးမိေစရန္ ရည္႐ြယ္ၿပီး ထိုင္ခုံ ဆိုဖာမ်ားအတြင္း လက္ခ်ဳပ္အပ္မ်ား စိုက္ထားခဲ့ျခင္းႏွင့္ အလားတူအမႈမ်ားအတြက္ ဖမ္းဆီးတရားစြဲဆိုခံထားရၿပီး စိတ္ပိုင္းဆိုင္ရာစစ္ေဆးမႈမ်ား ခံယူေနရသည္။

အသက္ ၃၂ ႏွစ္အ႐ြယ္ Mok Cham-sum ဆိုသူ အလုပ္လက္မဲ့ အမ်ိဳးသားကို တရား႐ုံးမ်ားတြင္ အမႈစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ခရီးသည္မ်ားအား နာက်င္ေစမႈနဲ႔ ယင္းလုပ္ရပ္ကို အျခားသူမ်ား အတုယူမွားကာ လိုက္လုပ္ေစခဲ့မႈတို႔အတြက္ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၇ ႏွစ္က်ခံရဖြယ္ရာရွိသည္။

 

 

Mok ကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လမွာ ဖမ္းဆီးရမိခဲ့ၿပီးေနာက္ စစ္ေဆးရာ ဘတ္စ္ကားေမာင္းသူေတြက သူကားေစာင့္ေနတဲ့ မွတ္တိုင္မွာ မရပ္ေပးပဲ ျဖတ္ေမာင္းသြားတဲ့အတြက္ လုပ္တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ဘတ္စ္ကားစီးအမ်ိဳးသမီးအခ်ိဳ႕ ထိုင္ခုံမွာ ထိုးသြင္းထားတဲ့ အပ္စူးၿပီး ေဆး႐ုံပို႔ခဲ့ရတဲ့ထိ ျဖစ္ခဲ့ပါတယ္။ ဘတ္စ္ကားေပၚမွ လုံၿခဳံေရးကင္မရာကို စစ္ေဆးၾကည့္ရာ Mok က အဆိုပါထိုင္ခုံေနရာကို ဦးစြာထိုင္ခဲ့ၿပီးမွ ထိုင္ခုံေျပာင္းထိုင္ခဲ့ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

 

ရဲေတြက သူ႔ရဲ႕ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာ ၃.၅ စင္တီမီတာ နဲ႔ ၅.၅ စင္တီမီတာရွည္တဲ့ အပ္ ၇ ေခ်ာင္းကို ေတြ႕ခဲ့ရပါတယ္။

အမႈကို ဆက္လက္ၾကားနာဖို႔ လာမယ့္ ႏိုဝင္ဘာလ ၁၂ ရက္ေန႔ကို ေျပာင္းေ႐ြ႕ရက္ခ်ိန္းေပးထားၿပီး ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၇ ႏွစ္ က်ခံရဖြယ္ရာရွိပါသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဘတ်စ်ကားထိုင်ခုံမှာ အပ်တွေ ထောင်စိုက်ထားသူ ထောင်ဒဏ် ၇ နှစ် ကျခံဖွယ်ရာရှိ

ဟောင်ကောင်မှ အမျိုးသားတစ်ဦးဟာ ဘတ်စ်ကားစီးသူများ အပ်စူးမိစေရန် ရည်ရွယ်ပြီး ထိုင်ခုံ ဆိုဖာများအတွင်း လက်ချုပ်အပ်များ စိုက်ထားခဲ့ခြင်းနှင့် အလားတူအမှုများအတွက် ဖမ်းဆီးတရားစွဲဆိုခံထားရပြီး စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ခံယူနေရသည်။

အသက် ၃၂ နှစ်အရွယ် Mok Cham-sum ဆိုသူ အလုပ်လက်မဲ့ အမျိုးသားကို တရားရုံးများတွင် အမှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ခရီးသည်များအား နာကျင်စေမှုနဲ့ ယင်းလုပ်ရပ်ကို အခြားသူများ အတုယူမှားကာ လိုက်လုပ်စေခဲ့မှုတို့အတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ်ကျခံရဖွယ်ရာရှိသည်။

Mok ကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးရာ ဘတ်စ်ကားမောင်းသူတွေက သူကားစောင့်နေတဲ့ မှတ်တိုင်မှာ မရပ်ပေးပဲ ဖြတ်မောင်းသွားတဲ့အတွက် လုပ်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ဘတ်စ်ကားစီးအမျိုးသမီးအချို့ ထိုင်ခုံမှာ ထိုးသွင်းထားတဲ့ အပ်စူးပြီး ဆေးရုံပို့ခဲ့ရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှ လုံခြုံရေးကင်မရာကို စစ်ဆေးကြည့်ရာ Mok က အဆိုပါထိုင်ခုံနေရာကို ဦးစွာထိုင်ခဲ့ပြီးမှ ထိုင်ခုံပြောင်းထိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

ရဲတွေက သူ့ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၃.၅ စင်တီမီတာ နဲ့ ၅.၅ စင်တီမီတာရှည်တဲ့ အပ် ၇ ချောင်းကို တွေ့ခဲ့ရပါတယ်။

အမှုကို ဆက်လက်ကြားနာဖို့ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့ကို ပြောင်းရွေ့ရက်ချိန်းပေးထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ် ကျခံရဖွယ်ရာရှိပါသည်။

Credit : popolay

LEAVE A REPLY