Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယားႏိုင္ငံ၊ ဘူဆန္ၿမိဳ႕တြင္ အသက္ ၁၄ ႏွစ္အ႐ြယ္အလယ္တန္းေက်ာင္းသူကို အသက္ ၁၃ ႏွစ္အ႐ြယ္ ေက်ာင္းသူက ေသလုနီးပါး ႐ိုက္သတ္မႈ ျဖစ္ပြားခဲ့ပါတယ္။

အႏိုင္က်င့္ ႏွိပ္စက္ခံရသူ၏ မိခင္မွ လူမႈကြန္ယက္ ေဖ့ဘြတ္ခ္မွာ ဒဏ္ရာေတြဗရပြနဲ႔ သမီးျဖစ္သူရဲ႕ ဓာတ္ပုံကို တင္ခဲ့ပါတယ္။

“ကြၽန္မ သမီးေလး ႐ိုက္ႏွက္ခံလိုက္ရတာပါ၊ အခုဆိုရင္ မ်က္ႏွာက ရစရာေတာင္ မရွိေတာ့ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္လက သမီးကို သူသိတဲ့ ေကာင္ေလးတစ္ေယာက္က ဆက္သြယ္ပါတယ္။ အဲ့ေကာင္ေလးက အခု ဒီလိုျဖစ္ေအာင္ ႐ိုက္လိုက္တဲ့ ေကာင္မေလးရဲ႕ ခ်စ္သူပါ။ အဲ့ကတည္းက ကြၽန္မသမီးေလး ႐ိုက္ႏွက္ႏွိပ္စက္ခံခဲ့ရလို႔ ရဲကို တိုင္ခဲ့ပါတယ္။ ခုလဲ ရဲကို တိုင္လို႔ဆိုၿပီး ကြၽန္မကေလးကို အုပ္စုဖြဲ႕ ထပ္အႏိုင္က်င့္ပါတယ္။

 

မီဒီယာေတြ မဟုတ္မမွန္ သတင္းေတြ ေရးဖို႔ မႀကိဳးစားပါနဲ႔။ ကြၽန္မမွာ အသံဖိုင္ေတြေရာ က်န္တဲ့သက္ေသေတြပါ အကုန္ရွိပါတယ္။ သမီးက အခု ဆန္ျပဳတ္ေတာင္ မေသာက္ႏိုင္တဲ့ အေျခအေနမို႔ ၿငိမ္ေနတာပါ။

မိဘတစ္ေယာက္အေနနဲ႔ သူမ်ားကေလးေတြ ကိုယ့္ကေလးလို မျဖစ္ရေအာင္ အသိေပးတဲ့အေနနဲ႔ ကြၽန္မ ဒီပို႔စ္ကို တင္လိုက္တာပါ။ မိဘေတြ သတိထားၾကပါ။ ကြၽန္မသမီးေလးလို အျဖစ္ဆိုးမ်ိဳး မႀကဳံရေအာင္ ကိုယ့္ကေလးကို နည္းလမ္းမ်ိဳးစုံနဲ႔ ကာကြယ္ေပးၾကပါ။” ဆိုၿပီးေရးသားထားပါတယ္။

 

ရဲမ်ား ထြက္ဆိုခ်က္အရ Jeong Yumi နာမည္နဲ႔ မိန္းကေလး ဦးေဆာင္ၿပီး ၅ ေယာက္အဖြဲ႕ဟာ အသက္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးကို ညအခ်ိန္ လမ္းမထက္မွာ အႏိုင္က်င့္ေနခဲ့ေၾကာင္း သိရပါတယ္။ လမ္းေလွ်ာက္ထြက္လာတဲ့ အေဒၚႀကီးတစ္ဦးက ေသြးသံရဲရဲနဲ႔ ေျမျပင္ေပၚ လဲက်ေနတဲ့ မိန္းကေလးကို ျမင္ၿပီး ရဲကို ဖုန္းဆက္ခဲ့ပါတယ္။

 

CCTV မွတ္တမ္းအရ အလယ္တန္းေက်ာင္းသူေတြ အုပ္စုဖြဲ႕ အႏိုင္က်င့္ေနတာကို အတိုင္းသား ျမင္ေတြ႕ရပါတယ္။

Jeong Yumi နဲ႔ အေပါင္းအပါေတြကို ဘူဆန္ၿမိဳ႕နယ္၊ ကေလးတရားစီရင္ေရးဆိုင္ရာ တရား႐ုံးသို႔ ပို႔လိုက္ၿပီး အစစ္ေဆးခံေစခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး အမႈက်ဴးလြန္သူ Jeong Yu Mi ရဲ႕ ဖခင္က “ကြၽန္ေတာ္ သတင္းကို ျမင္ျမင္ခ်င္း အံ့အားသင့္သြားတယ္။ CCTV က ဗြီဒီယိုကိုလဲ ၾကည့္လိုက္ရတဲ့ လူက ေျခေတာင္ မခိုင္ေတာ့ဘူး။ ကြၽန္ေတာ့္ သမီးက သူမ်ားကို ဒီလို အႏိုင္က်င့္ ေနလိမ့္မယ္လို႔လဲ မထင္ခဲ့ဘူး။ နစ္နာသူ ကေလးနဲ႔ သူ႔မိဘေတြကို ကြၽန္ေတာ္ လူခ်င္းေတြ႕ၿပီး ေတာင္းပန္ၿပီးပါၿပီ။ ေလ်ာ္ေၾကးေငြကိုလည္း ထိုက္သင့္သေလာက္ ေပးသြားမွာပါ၊ အခုလို ျဖစ္သြားရတဲ့အတြက္ စိတ္မေကာင္းပါဘူး။ အားလုံးကို ေတာင္းပန္ပါတယ္” ဆိုၿပီး ေျပာျပလာပါတယ္။

ဒီအမႈ ျဖစ္ပြားၿပီးေနာက္ ေတာင္ကိုးရီးယား ျပည္သူေတြဟာ အိမ္ျပာေတာ္ကို “ကေလးသူငယ္ အခြင့္အေရး ဥပေဒ” ကို ေျပာင္းလဲ ျပ႒ာန္းဖို႔ ေတာင္းဆိုစာေတြ ေပးပို႔ခဲ့ၾကပါတယ္။ ေတာင္ကိုးရီးယားႏိုင္ငံ ျပ႒ာန္းဥပေဒအရ အသက္မျပည့္ေသးတဲ့ ကေလးေတြ ျပစ္မႈ က်ဴးလြန္ထားရင္ေတာင္ အ႐ြယ္ေရာက္ၿပီးသားလူေတြလို တရားဥပေဒအတိုင္း ေဆာင္႐ြက္ခြင့္မရွိပါဘူး။ ဒီအခြင့္အေရးကို အသုံးခ်ၿပီး ကေလးေတြဟာ ဘာကိုမွ ဂ႐ုမစိုက္ေတာ့ဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ႏိုင္ထက္စီးနင္းေတြ ျပဳလုပ္လာၾကတာျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

တောင်ကိုးရီးယား၊ ဘူဆန်တွင် အလယ်တန်းကျောင်းသူအချင်းချင်း အနိုင်ကျင့်နှိပ်စက်မှုဖြစ်ပွား

တောင်ကိုးရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် အသက် ၁၄ နှစ်အရွယ်အလယ်တန်းကျောင်းသူကို အသက် ၁၃ နှစ်အရွယ် ကျောင်းသူက သေလုနီးပါး ရိုက်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အနိုင်ကျင့် နှိပ်စက်ခံရသူ၏ မိခင်မှ လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှာ ဒဏ်ရာတွေဗရပွနဲ့ သမီးဖြစ်သူရဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။

“ကျွန်မ သမီးလေး ရိုက်နှက်ခံလိုက်ရတာပါ၊ အခုဆိုရင် မျက်နှာက ရစရာတောင် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်လက သမီးကို သူသိတဲ့ ကောင်လေးတစ်ယောက်က ဆက်သွယ်ပါတယ်။ အဲ့ကောင်လေးက အခု ဒီလိုဖြစ်အောင် ရိုက်လိုက်တဲ့ ကောင်မလေးရဲ့ ချစ်သူပါ။ အဲ့ကတည်းက ကျွန်မသမီးလေး ရိုက်နှက်နှိပ်စက်ခံခဲ့ရလို့ ရဲကို တိုင်ခဲ့ပါတယ်။ ခုလဲ ရဲကို တိုင်လို့ဆိုပြီး ကျွန်မကလေးကို အုပ်စုဖွဲ့ ထပ်အနိုင်ကျင့်ပါတယ်။

မီဒီယာတွေ မဟုတ်မမှန် သတင်းတွေ ရေးဖို့ မကြိုးစားပါနဲ့။ ကျွန်မမှာ အသံဖိုင်တွေရော ကျန်တဲ့သက်သေတွေပါ အကုန်ရှိပါတယ်။ သမီးက အခု ဆန်ပြုတ်တောင် မသောက်နိုင်တဲ့ အခြေအနေမို့ ငြိမ်နေတာပါ။

မိဘတစ်ယောက်အနေနဲ့ သူများကလေးတွေ ကိုယ့်ကလေးလို မဖြစ်ရအောင် အသိပေးတဲ့အနေနဲ့ ကျွန်မ ဒီပို့စ်ကို တင်လိုက်တာပါ။ မိဘတွေ သတိထားကြပါ။ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မကြုံရအောင် ကိုယ့်ကလေးကို နည်းလမ်းမျိုးစုံနဲ့ ကာကွယ်ပေးကြပါ။” ဆိုပြီးရေးသားထားပါတယ်။

ရဲများ ထွက်ဆိုချက်အရ Jeong Yumi နာမည်နဲ့ မိန်းကလေး ဦးဆောင်ပြီး ၅ ယောက်အဖွဲ့ဟာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ညအချိန် လမ်းမထက်မှာ အနိုင်ကျင့်နေခဲ့ကြောင်း သိရပါတယ်။ လမ်းလျှောက်ထွက်လာတဲ့ အဒေါ်ကြီးတစ်ဦးက သွေးသံရဲရဲနဲ့ မြေပြင်ပေါ် လဲကျနေတဲ့ မိန်းကလေးကို မြင်ပြီး ရဲကို ဖုန်းဆက်ခဲ့ပါတယ်။

CCTV မှတ်တမ်းအရ အလယ်တန်းကျောင်းသူတွေ အုပ်စုဖွဲ့ အနိုင်ကျင့်နေတာကို အတိုင်းသား မြင်တွေ့ရပါတယ်။

Jeong Yumi နဲ့ အပေါင်းအပါတွေကို ဘူဆန်မြို့နယ်၊ ကလေးတရားစီရင်ရေးဆိုင်ရာ တရားရုံးသို့ ပို့လိုက်ပြီး အစစ်ဆေးခံစေခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမှုကျူးလွန်သူ Jeong Yu Mi ရဲ့ ဖခင်က “ကျွန်တော် သတင်းကို မြင်မြင်ချင်း အံ့အားသင့်သွားတယ်။ CCTV က ဗွီဒီယိုကိုလဲ ကြည့်လိုက်ရတဲ့ လူက ခြေတောင် မခိုင်တော့ဘူး။ ကျွန်တော့် သမီးက သူများကို ဒီလို အနိုင်ကျင့် နေလိမ့်မယ်လို့လဲ မထင်ခဲ့ဘူး။ နစ်နာသူ ကလေးနဲ့ သူ့မိဘတွေကို ကျွန်တော် လူချင်းတွေ့ပြီး တောင်းပန်ပြီးပါပြီ။ လျော်ကြေးငွေကိုလည်း ထိုက်သင့်သလောက် ပေးသွားမှာပါ၊ အခုလို ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး။ အားလုံးကို တောင်းပန်ပါတယ်” ဆိုပြီး ပြောပြလာပါတယ်။

ဒီအမှု ဖြစ်ပွားပြီးနောက် တောင်ကိုးရီးယား ပြည်သူတွေဟာ အိမ်ပြာတော်ကို “ကလေးသူငယ် အခွင့်အရေး ဥပဒေ” ကို ပြောင်းလဲ ပြဋ္ဌာန်းဖို့ တောင်းဆိုစာတွေ ပေးပို့ခဲ့ကြပါတယ်။ တောင်ကိုးရီးယားနိုင်ငံ ပြဋ္ဌာန်းဥပဒေအရ အသက်မပြည့်သေးတဲ့ ကလေးတွေ ပြစ်မှု ကျူးလွန်ထားရင်တောင် အရွယ်ရောက်ပြီးသားလူတွေလို တရားဥပဒေအတိုင်း ဆောင်ရွက်ခွင့်မရှိပါဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး ကလေးတွေဟာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ တစ်ယောက်နဲ့တစ်ယောက် နိုင်ထက်စီးနင်းတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY