Zawgyi ျဖင့္ဖတ္ရန္

ႏိုင္ငံေက်ာ္မင္းသမီးေလး ဝတ္မႈံေ႐ႊရည္ကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္တိုင္းကို စိတ္ေရာကိုယ္ပါနစ္ၿပီး အေကာင္းဆုံး သ႐ုပ္ေဆာင္တတ္သူေလး ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ရဲ႕ ေျပာင္ေျမာက္လွတဲ့ အႏုပညာအရည္အေသြးေၾကာင့္ ႏိုင္ငံျခားက ဒါ႐ိုက္တာေတြ၊ သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း သူမကို အားေပးလက္ခံၾကပါတယ္။

အကယ္ဒမီဆု(၂)ဆုကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလး ဝတ္မႈံေ႐ႊရည္က ယခုမွာလဲ Asian Academy Creative Awards ဆုကို ထပ္မံ ရရွိခဲ့ေၾကာင္း ဝမ္းေျမာက္စြာနဲ႔ သိရပါတယ္။

ဝတ္မႈံေ႐ႊရည္က စကၤာပူႏိုင္ငံမွာ ျပဳလုပ္တဲ့ Asian Academy Creative Awards 2019 ပြဲႀကီးမွာ “လိပ္ျပာစံအိမ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ (Best Actress in Leading Role = အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု) နဲ႔ ကေလးသ႐ုပ္ေဆာင္ ျပည့္ျပည့္ကလည္း “လိပ္ျပာစံအိမ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ (Best Actress in Supporting Role= အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု ) တို႔ကို ရရွိေၾကာင္း တရားဝင္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

 

 

ဝတ္မႈံေ႐ႊရည္က ၿပီးခဲ့တဲ့ ေမလတုန္းကလည္း ကိုရီးယားႏိုင္ငံမွ ခ်ီးျမႇင့္တဲ့ Asia Special Award ဆုကို ပူပူေႏြးေႏြး ရရွိထားခဲ့သူေလး ျဖစ္ပါတယ္။

ပရိသတ္ေတြက ဝတ္မႈံေ႐ႊရည္ကို “လိပ္ျပာစံအိမ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ (၂၀၁၉) ခုႏွစ္ ျမန္မာ့အကယ္ဒမီ ထူးခြၽန္ဆုကို ထပ္မံရရွိဦးမယ္လို႔ ထင္ေၾကးေပးေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဝတ္မႈံေ႐ႊရည္အတြက္ ဂုဏ္ယူဝမ္းေျမာက္ေနၾကမယ္ ထင္ပါတယ္ေနာ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားနဲ့ စင်္ကာပူနိုင်ငံမှ ချီးမြှင့်တဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း သူမကို အားပေးလက်ခံကြပါတယ်။

အကယ်ဒမီဆု(၂)ဆုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က ယခုမှာလဲ Asian Academy Creative Awards ဆုကို ထပ်မံ ရရှိခဲ့ကြောင်း ဝမ်းမြောက်စွာနဲ့ သိရပါတယ်။

ဝတ်မှုံရွှေရည်က စင်္ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ Asian Academy Creative Awards 2019 ပွဲကြီးမှာ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (Best Actress in Leading Role = အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု) နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်ကလည်း “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (Best Actress in Supporting Role= အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ) တို့ကို ရရှိကြောင်း တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ မေလတုန်းကလည်း ကိုရီးယားနိုင်ငံမှ ချီးမြှင့်တဲ့ Asia Special Award ဆုကို ပူပူနွေးနွေး ရရှိထားခဲ့သူလေး ဖြစ်ပါတယ်။

ပရိသတ်တွေက ဝတ်မှုံရွှေရည်ကို “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (၂၀၁၉) ခုနှစ် မြန်မာ့အကယ်ဒမီ ထူးချွန်ဆုကို ထပ်မံရရှိဦးမယ်လို့ ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်အတွက် ဂုဏ်ယူဝမ်းမြောက်နေကြမယ် ထင်ပါတယ်နော်။

share from : burmese.asia

 

LEAVE A REPLY