Zawgyi ျဖင့္ဖတ္ရန္

အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးဟာ ဖုန္းအားသြင္းစဥ္ ဖုန္းသုံးခဲ့ၿပီးေနာက္ သူ႔ရဲ႕ အိပ္ယာထဲမွာ ဓါတ္လိုက္ ေသဆုံးမႈ ျဖစ္ပြားခဲ့ပါတယ္။

စက္တင္ဘာလ ၂၆ ရက္ေန႔က ထိုင္းႏိုင္ငံ ခ်ိဳင္ရာဖမ္စီရင္စုတြင္ အသက္ ၁၈ ႏွစ္အ႐ြယ္ ‘ဆူသီး’ ဆိုသူ လူငယ္ေလး ေသဆုံးေနေၾကာင္း ဦးေလးျဖစ္သူက ဖုန္းဆက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။ “ဆူသီး” ဟာ အိပ္ယာေပၚမွာ ပက္လက္အေနအထားနဲ႔ လက္တစ္ဖက္က မီးပလက္ခုံတစ္ခုေပၚတြင္ တင္ေနၿပီး ခႏၶာကိုယ္တြင္ လွ်ပ္စစ္စီးေနေသးတာကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ႏႈတ္ခမ္းတစ္ခုလုံး ျဖဴေရာ္ေနၿပီး သူ႔ရဲ႕ဖုန္းဟာ အားသြင္းထားရင္း တန္းလန္းနဲ႔ သူ႔ရဲ႕ ကိုယ္လုံးေအာက္မွာ ပိေနတာကို ေတြ႕ရပါတယ္။ ဦးေလးျဖစ္သူရဲ႕ ေျပာျပခ်က္အရ ညတုန္းက ေအာ္သံတစ္ခ်က္ ၾကားလိုက္ရေၾကာင္း၊ ဒါေပမယ့္ သူ႔အခန္းကိုေတာ့ သြားမၾကည့္မိခဲ့ဖူးလို႔ ဆိုပါတယ္။ သူ႔တူေလးဟာ ဂိမ္းကစားေနရင္း အခုလို မၾကာမၾကာ ထေအာ္တတ္တာေၾကာင့္ အရင္လိုပဲ ဂိမ္းေဆာ့ရင္း ထေအာ္တာလို႔ ထင္ခဲ့တာျဖစ္ပါတယ္။

 

ေနာက္တစ္ေန႔မနက္ သူ႔အခန္းကို သြားၾကည့္တဲ့အခါမွာေတာ့ အခုလိုအေနအထားနဲ႔ မလႈပ္မရွက္ေတြ႕ခဲ့ရတယ္လို႔ ထြက္ဆိုခဲ့ပါတယ္။ “ဆူသီး” ဟာ ဖုန္းသုံးေနစဥ္ ဓါတ္လိုက္ခဲ့တာ မဟုတ္ပဲ အားသြင္းထားတဲ့ ဖုန္းကို အိပ္ေနရင္း ဖိမိခဲ့ရာမွ ဓါတ္လိုက္ေသဆုံးဟန္တူေၾကာင္း ရဲေတြက မွတ္ခ်က္ျပဳထားပါတယ္။

ဒါေၾကာင့္မို႔ အိပ္ယာအနီးနားမွာ ဖုန္းအားသြင္းထားျခင္းကလည္း အသက္အႏၲရာယ္ရွိတဲ့အတြက္ သတိျပဳဆင္ျခင္သင့္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အားသွင်းထားတဲ့ဖုန်းကို ဖိမိပြီး ဆယ်ကျော်သက်တစ်ဦး ဓါတ်လိုက်သေဆုံး

အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဖုန်းအားသွင်းစဉ် ဖုန်းသုံးခဲ့ပြီးနောက် သူ့ရဲ့ အိပ်ယာထဲမှာ ဓါတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချိုင်ရာဖမ်စီရင်စုတွင် အသက် ၁၈ နှစ်အရွယ် ‘ဆူသီး’ ဆိုသူ လူငယ်လေး သေဆုံးနေကြောင်း ဦးလေးဖြစ်သူက ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ “ဆူသီး” ဟာ အိပ်ယာပေါ်မှာ ပက်လက်အနေအထားနဲ့ လက်တစ်ဖက်က မီးပလက်ခုံတစ်ခုပေါ်တွင် တင်နေပြီး ခန္ဓာကိုယ်တွင် လျှပ်စစ်စီးနေသေးတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

နှုတ်ခမ်းတစ်ခုလုံး ဖြူရော်နေပြီး သူ့ရဲ့ဖုန်းဟာ အားသွင်းထားရင်း တန်းလန်းနဲ့ သူ့ရဲ့ ကိုယ်လုံးအောက်မှာ ပိနေတာကို တွေ့ရပါတယ်။ ဦးလေးဖြစ်သူရဲ့ ပြောပြချက်အရ ညတုန်းက အော်သံတစ်ချက် ကြားလိုက်ရကြောင်း၊ ဒါပေမယ့် သူ့အခန်းကိုတော့ သွားမကြည့်မိခဲ့ဖူးလို့ ဆိုပါတယ်။ သူ့တူလေးဟာ ဂိမ်းကစားနေရင်း အခုလို မကြာမကြာ ထအော်တတ်တာကြောင့် အရင်လိုပဲ ဂိမ်းဆော့ရင်း ထအော်တာလို့ ထင်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်နေ့မနက် သူ့အခန်းကို သွားကြည့်တဲ့အခါမှာတော့ အခုလိုအနေအထားနဲ့ မလှုပ်မရှက်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ “ဆူသီး” ဟာ ဖုန်းသုံးနေစဉ် ဓါတ်လိုက်ခဲ့တာ မဟုတ်ပဲ အားသွင်းထားတဲ့ ဖုန်းကို အိပ်နေရင်း ဖိမိခဲ့ရာမှ ဓါတ်လိုက်သေဆုံးဟန်တူကြောင်း ရဲတွေက မှတ်ချက်ပြုထားပါတယ်။

ဒါကြောင့်မို့ အိပ်ယာအနီးနားမှာ ဖုန်းအားသွင်းထားခြင်းကလည်း အသက်အန္တရာယ်ရှိတဲ့အတွက် သတိပြုဆင်ခြင်သင့်ပါတယ်။

Credit : popolay

LEAVE A REPLY