Zawgyi ဖြင့်ဖတ်ရန်

 








Unicode ဖြင့်ဖတ်ရန်

သနပ်ခါး အဖွေးသားလေးလိမ်းပြီး ချစ်စရာကောင်းနေကြတဲ့ ချောရတနာတို့ သားအမိနှစ်ယောက်

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော ချောရတနာကတော့ အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနဲ့ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ကြည်နူးစရာမိသားစုလေးကို ဖြတ်သန်းနေသူလေးပါ..။

ချောရတနာရဲ့ ချစ်စရာကောင်းလွန်းကြတဲ့ သားလေးနဲ့ သမီးလေး CO CO တို့ကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော်လေးတွေလည်း ဖြစ်ပါတယ်နော်..။

ချောရတနာကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေနဲ့ သားသားမီးမီးလေးတွေရဲ့ ချစ်စရာပုံရိပ်လေေးတွကိုလည်း အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သမီးလေး CO CO နဲ့အတူ ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံလေးတွေ မျှဝေပြန်လိုက်ပါတယ်..။

ရေမိုးချိုးပြီး သားအမိနှစ်ယောက် သနပ်ခါးတွေလိမ်းထားတဲ့ ချစ်စရာပုံလေးတွေကို မျှဝေထားတာဖြစ်ပြီး သနပ်ခါးလေးနဲ့ ချစ်သရာကောင်းလွန်းနေတဲ့ CO CO လေးရဲ့ ပုံလေးတွေကလည်း တကယ်ကို အသည်းယားစရာလေးပါနော်..။

ချစ်စရာကောင်းနေကြတဲ့ သားအမိနှစ်ယောက်ပုံလေးတွေကိုလည်း “ခါးခါး နဲ့ သားမိ..” ဆိုပြီး ချစ်ပရိသတ်တွေကို အလွမ်းပြေလေး မျှဝေထားတာပဲ ဖြစ်ပါတယ်..။

သနပ်ခါးလေးတွေ အဖွေးသားနဲ့ ချစ်စရာကောင်းလွန်းနေကြတဲ့ ချောရတနာတို့ သားအမိနှစ်ယောက်ကို အသည်းလေးတွေ ပေးသွားကြဖို့လည်း မမေ့ပါနဲ့ဦးနော်..။

share from: burmese.asia

LEAVE A REPLY