Zawgyi ျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံ ဟိုင္နန္ျပည္နယ္၏ ထိပ္တန္းအစိုးရအရာရွိႀကီးတစ္ဦး၏ ေနအိမ္ကို ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရွာေဖြခဲ့ရာ စတာလင္ေပါင္ ၅၂၀ ဘီလီယံတန္ဖိုးရွိ ေ႐ႊေခ်ာင္း ၁၃.၅ တန္ ႏွင့္ တ႐ုတ္ယြမ္ေငြ ၂၈၆ ဘီလီယံကို သူ႔ရဲ႕ ဘဏ္အေကာင့္ထဲတြင္ စစ္ေဆးေတြ႕ရွိခဲ့သည္။

အသက္ ၅၈ ႏွစ္အ႐ြယ္ “Zhang Qi” ဟာ တ႐ုတ္ကြန္ျမဴနစ္ အစိုးရ၏ အာဏာရွိေသာ ထိပ္တန္းအရာရွိပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး လုပ္ပိုင္ခြင့္မ်ားခ်ေပးရန္ ရယူထားေသာ လာဘ္ေငြမ်ားအျပင္ တန္ဖိုးႀကီး အိမ္ယာမ်ားလည္း ပိုင္ဆိုင္ထားေၾကာင္း သတင္းထြက္ေပၚခဲ့တဲ့အတြက္ သံသယနဲ႔ ေစာင့္ၾကည့္ခံခဲ့ရသူျဖစ္ပါတယ္။

“Zhang Qi” ရဲ႕ လာဘ္စားထားတယ္လို႔ ယူဆထားတဲ့ ႂကြယ္ဝခ်မ္းသာမႈဟာ တ႐ုတ္ဘီလီယံနာသူေဌးႀကီး “ဂ်က္မား” ထက္ပင္ ပိုမ်ားေနေၾကာင္း Forbes က ေဖာ္ျပပါတယ္။ “Zhang Qi” ဟာ ‘ဟိုင္းကို’ၿမိဳ႕ မွာရွိတဲ့ ကြန္ျမဴနစ္ပါတီရဲ႕ အတြင္းေရးမႉးလည္းျဖစ္ ဟိုင္နန္ျပည္နယ္ရဲ႕ ေကာ္မတီအဖြဲ႕ဝင္လည္း ျဖစ္ပါတယ္။

သူဟာ ၿမိဳ႕ေတာ္ဝန္နဲ႔ တန္းတူ လုပ္ပိုင္ခြင့္အာဏာရွိသူျဖစ္တယ္လို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ႐ုံးမွာ ဖြဲ႕စည္းထားတဲ့ ရာထူးအဆင့္ေတြအရ သိရပါတယ္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရး စုံးစမ္းစစ္ေဆးေရးအရာရွိေတြ သူ႔ရဲ႕ေနအိမ္ကို ယခုလအေစာပိုင္းမွာ ေရွာင္တခင္ဝင္ေရာက္ရွာေဖြခဲ့ၿပီး ေ႐ႊေခ်ာင္းေတြနဲ႔အတူ ေငြေၾကးေျမာက္မ်ားစြာ ေတြ႕ရွိၿပီးတဲ့ေနာက္ သူကို ရာထူးႏွစ္ေနရာလုံးကေန ျဖဳတ္ခ်လိုက္ပါတယ္။

 

လက္ရွိမွာေတာ့ “Zhang Qi” ဟာ စစ္ေဆးေမးျမန္မႈေတြ ခံယူေနရေၾကာင္း Daily Mail သတင္းမွာ ေဖာ္ျပပါရွိသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

တရုတ် ထိပ်တန်းအရာရှိကြီးအား လာဘ်စားထာသော ရွှေချောင်းများနဲ့ဖမ်းမိ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၏ ထိပ်တန်းအစိုးရအရာရှိကြီးတစ်ဦး၏ နေအိမ်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ စတာလင်ပေါင် ၅၂၀ ဘီလီယံတန်ဖိုးရှိ ရွှေချောင်း ၁၃.၅ တန် နှင့် တရုတ်ယွမ်ငွေ ၂၈၆ ဘီလီယံကို သူ့ရဲ့ ဘဏ်အကောင့်ထဲတွင် စစ်ဆေးတွေ့ရှိခဲ့သည်။

အသက် ၅၈ နှစ်အရွယ် “Zhang Qi” ဟာ တရုတ်ကွန်မြူနစ် အစိုးရ၏ အာဏာရှိသော ထိပ်တန်းအရာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လုပ်ပိုင်ခွင့်များချပေးရန် ရယူထားသော လာဘ်ငွေများအပြင် တန်ဖိုးကြီး အိမ်ယာများလည်း ပိုင်ဆိုင်ထားကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့အတွက် သံသယနဲ့ စောင့်ကြည့်ခံခဲ့ရသူဖြစ်ပါတယ်။

“Zhang Qi” ရဲ့ လာဘ်စားထားတယ်လို့ ယူဆထားတဲ့ ကြွယ်ဝချမ်းသာမှုဟာ တရုတ်ဘီလီယံနာသူဌေးကြီး “ဂျက်မား” ထက်ပင် ပိုများနေကြောင်း Forbes က ဖော်ပြပါတယ်။ “Zhang Qi” ဟာ ‘ဟိုင်းကို’မြို့ မှာရှိတဲ့ ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ် ဟိုင်နန်ပြည်နယ်ရဲ့ ကော်မတီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

သူဟာ မြို့တော်ဝန်နဲ့ တန်းတူ လုပ်ပိုင်ခွင့်အာဏာရှိသူဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရုံးမှာ ဖွဲ့စည်းထားတဲ့ ရာထူးအဆင့်တွေအရ သိရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံးစမ်းစစ်ဆေးရေးအရာရှိတွေ သူ့ရဲ့နေအိမ်ကို ယခုလအစောပိုင်းမှာ ရှောင်တခင်ဝင်ရောက်ရှာဖွေခဲ့ပြီး ရွှေချောင်းတွေနဲ့အတူ ငွေကြေးမြောက်များစွာ တွေ့ရှိပြီးတဲ့နောက် သူကို ရာထူးနှစ်နေရာလုံးကနေ ဖြုတ်ချလိုက်ပါတယ်။

လက်ရှိမှာတော့ “Zhang Qi” ဟာ စစ်ဆေးမေးမြန်မှုတွေ ခံယူနေရကြောင်း Daily Mail သတင်းမှာ ဖော်ပြပါရှိသည်။

Credit : popolay

LEAVE A REPLY