Zawgyi ျဖင့္ဖတ္ရန္

ေနျပည္ေတာ္က နာမည္ႀကီး ဗစ္တိုးရီးယားအမႈမွာ တရားလိုျပသက္ေသထဲမွာ ပါေနတဲ့ ၎ရဲ႕ သားႏွစ္ဦးဟာ က်န္းမာေရးအရ စိတ္ထိခိုက္ေနရတဲ့အတြက္ သက္ေသစာရင္းထဲကေန ပယ္ဖ်က္ေပးဖို႔ ခ႐ိုင္ဥပေဒ႐ုံးမွာ အသနားခံစာတင္ထားတယ္လို႔ Wisdom Hill မူႀကိဳေက်ာင္းႀကီးၾကပ္ေရးမႉ ေဒၚဥမၼာလႈိင္က ပုဗၺသီရိၿမိဳ႕နယ္တရား႐ုံးမွာ ဒီကေန႔ ထြက္ဆိုသြားပါတယ္။

ဗစ္တိုးရီးယားအမႈမွာ တရားလိုျပသက္ေသ ၂၇ဦးကို စစ္ေဆးဖို႔ရွိေနၿပီး အဲ့ဒီအထဲမွာ ေဒၚဥမၼာလႈိင္ရဲ႕ သားႏွစ္ဦးလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၁၄ရက္က ဗစ္တိုးရီးယားအမႈ တရားခြင္အၿပီး သံသယတရားခံေအာင္ႀကီးရဲ႕ ေရွ႕ေနတစ္ဦးျဖစ္တဲ့ ေဒၚစုဒါလီေအာင္ရဲ႕ ဘီဘီစီျမန္မာပိုင္းနဲ႔ အင္တာဗ်ဴးေျဖၾကားခ်က္ဟာ ၎ရဲ႕ အ႐ြယ္မေရာက္ေသးတဲ့ သားႏွစ္ဦးရဲ႕ ဂုဏ္သိကၡာရဲ႕ ထိခိုက္ေစတယ္ဆိုၿပီး လက္ရွိမွာ ေဒၚဥမၼာလႈိင္ဘက္ကေန ေရွ႕ေန ေဒၚစုဒါလီေအာင္ကို ကေလးသူငယ္အခြင့္အေရမ်ားဆိုင္ရာ ဥပေဒနဲ႔ တရားစြဲဆိုထားပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး တရားလို ေဒၚဥမၼာလႈိင္ကို ပုဗၺသီရိၿမိဳ႕နယ္တရား႐ုံးမွာ ဒီကေန႔ စစ္ေဆးခဲ့ၿပီး ဘီဘီစီနဲ႔ အင္တာဗ်ဴးမွာ ေရွ႕ေနေဒၚစုဒါလီေအာင္ရဲ႕ ေျပာၾကားခ်က္ဟာ သူမရဲ႕ သားႏွစ္ဦးအတြက္ စိတ္ပိုင္းဆို္ရာ မ်ားစြာ ထိခိုက္ရသလို ဘီဘီစီက ေဖာ္ျပခဲ့တဲ့ အဲ့ဒီအင္တာဗ်ဴးသတင္းေအာက္က မွတ္ခ်က္ေတြမွာလည္း မိသားစုဓာတ္ပုံေတြ၊ သားႏွစ္ဦးရဲ႕ ဓာတ္ပုံေတြနဲ႔ မဖြယ္မရာ ေရးသားခံေနရတဲ့အတြက္ အခုလို တရားစြဲဆိုရတာျဖစ္တယ္လို႔ ေဒၚဥမၼာလႈိင္က တရား႐ုံးမွာ ထြက္ဆိုသြားပါတယ္။

လက္ရွိ အေျခအေနမွာ သူမရဲ႕ သားႏွစ္ဦးဟာ ေက်ာင္းသြားဖို႔ေတာင္ မနည္းေခၚေနရၿပီး လူစည္ကားရာ ေဈးထဲေတာင္ မသြားရဲ၊ မလာရဲ ျဖစ္ေနတယ္လို႔လည္း သားႏွစ္ဦးရဲ႕ ဂုဏ္သိကၡာအတြက္ တရားစြဲထားတဲ့ ေဒၚဥမၼာလႈိင္က ေျပာပါတယ္။

ထူးျခားခ်က္အေနနဲ႔ကေတာ့ ဒီအမႈမွာ တရားခံအျဖစ္ စြပ္စြဲခံထားရတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္ ကိုယ္တိုင္ တရားလို ေဒၚဥမၼာလႈိင္ကို တရားခြင္ထဲမွာ ျပန္လွန္ေမးခြန္း ေမးခဲ့တာ ေတြ႕ရပါတယ္။

ဒီအမႈနဲ႔ ပတ္သက္ၿပီး တရားစြဲခံရတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို စြဲခ်က္တင္သင့္၊ မသင့္ လာမယ့္ႏွစ္ ဇန္နဝါရီ ၁၃ရက္ေန႔မွာ အမိန႔္ခ်မယ္လို႔ ပုဗၺသီရိၿမိဳ႕နယ္တရားသူႀကီးက ဒီကေန႔မနက္မွာ တရားခြင္ကို အသိေပးထားပါတယ္။

ယခု သတင္းေဖာ္ျပခ်ိန္မွာ တရားခြင္ကို တစ္နာရီ ေခတၱရပ္နားထားၿပီး မြန္းလြဲ ၁နာရီခြဲအခ်ိန္မွာ တရားခြင္ကို ျပန္လည္ စတင္မွာပါမယ္။

ေဒၚဥမၼာလႈိင္အေနနဲ႔ ေရွ႕ေနေဒၚစုဒါလီေအာင္ကို တရားစြဲဆိုထားသလို ေနာက္ဆက္တြဲအျဖစ္ ဗစ္တိုးရီးယားရဲ႕ အေဖ၊ ဦးေလး၊ အေဒၚ၊ တရားလိုေရွ႕ေန ေဒၚ႐ြက္ႏုေအာင္၊ သံသယတရားခံေအာင္ႀကီးရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္၊ တရားလိုဘက္ကေန အမႈကို ကူညီေဆာင္႐ြက္ေပးေနသူ သကၠမိုးညိဳ အေကာင့္ပိုင္ရွင္ ေဒါက္တာဝင္းကိုကိုသိန္းတို႔ကိုလည္း အလားတူ ပုဒ္မနဲ႔ ပတၱာရဲစခန္းမွာ အမႈဖြင့္ထားပါေသးတယ္။

Credit : mizimma

Unicode ဖြင့်ဖတ်ရန်

သားနှစ်ဦး စိတ်ထိခိုက်နေသဖြင့် သက်သေအဖြစ်မှ ပယ်ပေးရန် ဒေါ်ဥမ္မာလှိုင် အသနားခံစာတင်ထား

နေပြည်တော်က နာမည်ကြီး ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေထဲမှာ ပါနေတဲ့ ၎င်းရဲ့ သားနှစ်ဦးဟာ ကျန်းမာရေးအရ စိတ်ထိခိုက်နေရတဲ့အတွက် သက်သေစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ ခရိုင်ဥပဒေရုံးမှာ အသနားခံစာတင်ထားတယ်လို့ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူ ဒေါ်ဥမ္မာလှိုင်က ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ ထွက်ဆိုသွားပါတယ်။

ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေ ၂၇ဦးကို စစ်ဆေးဖို့ရှိနေပြီး အဲ့ဒီအထဲမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ရက်က ဗစ်တိုးရီးယားအမှု တရားခွင်အပြီး သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ရဲ့ ဘီဘီစီမြန်မာပိုင်းနဲ့ အင်တာဗျူးဖြေကြားချက်ဟာ ၎င်းရဲ့ အရွယ်မရောက်သေးတဲ့ သားနှစ်ဦးရဲ့ ဂုဏ်သိက္ခာရဲ့ ထိခိုက်စေတယ်ဆိုပြီး လက်ရှိမှာ ဒေါ်ဥမ္မာလှိုင်ဘက်ကနေ ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ်အခွင့်အရေများဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားလို ဒေါ်ဥမ္မာလှိုင်ကို ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပြီး ဘီဘီစီနဲ့ အင်တာဗျူးမှာ ရှေ့နေဒေါ်စုဒါလီအောင်ရဲ့ ပြောကြားချက်ဟာ သူမရဲ့ သားနှစ်ဦးအတွက် စိတ်ပိုင်းဆိုရာ များစွာ ထိခိုက်ရသလို ဘီဘီစီက ဖော်ပြခဲ့တဲ့ အဲ့ဒီအင်တာဗျူးသတင်းအောက်က မှတ်ချက်တွေမှာလည်း မိသားစုဓာတ်ပုံတွေ၊ သားနှစ်ဦးရဲ့ ဓာတ်ပုံတွေနဲ့ မဖွယ်မရာ ရေးသားခံနေရတဲ့အတွက် အခုလို တရားစွဲဆိုရတာဖြစ်တယ်လို့ ဒေါ်ဥမ္မာလှိုင်က တရားရုံးမှာ ထွက်ဆိုသွားပါတယ်။

လက်ရှိ အခြေအနေမှာ သူမရဲ့ သားနှစ်ဦးဟာ ကျောင်းသွားဖို့တောင် မနည်းခေါ်နေရပြီး လူစည်ကားရာ ဈေးထဲတောင် မသွားရဲ၊ မလာရဲ ဖြစ်နေတယ်လို့လည်း သားနှစ်ဦးရဲ့ ဂုဏ်သိက္ခာအတွက် တရားစွဲထားတဲ့ ဒေါ်ဥမ္မာလှိုင်က ပြောပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ဒီအမှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင် ကိုယ်တိုင် တရားလို ဒေါ်ဥမ္မာလှိုင်ကို တရားခွင်ထဲမှာ ပြန်လှန်မေးခွန်း မေးခဲ့တာ တွေ့ရပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို စွဲချက်တင်သင့်၊ မသင့် လာမယ့်နှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ အမိန့်ချမယ်လို့ ပုဗ္ဗသီရိမြို့နယ်တရားသူကြီးက ဒီကနေ့မနက်မှာ တရားခွင်ကို အသိပေးထားပါတယ်။

ယခု သတင်းဖော်ပြချိန်မှာ တရားခွင်ကို တစ်နာရီ ခေတ္တရပ်နားထားပြီး မွန်းလွဲ ၁နာရီခွဲအချိန်မှာ တရားခွင်ကို ပြန်လည် စတင်မှာပါမယ်။

ဒေါ်ဥမ္မာလှိုင်အနေနဲ့ ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားသလို နောက်ဆက်တွဲအဖြစ် ဗစ်တိုးရီးယားရဲ့ အဖေ၊ ဦးလေး၊ အဒေါ်၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုဘက်ကနေ အမှုကို ကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကိုလည်း အလားတူ ပုဒ်မနဲ့ ပတ္တာရဲစခန်းမှာ အမှုဖွင့်ထားပါသေးတယ်။

Credit : mizimma

LEAVE A REPLY