Zawgyi ျဖင့္ဖတ္ရန္

ေရွ႕ေနေတြရဲ႕ ေျပာဆိုမႈက ကေလးေတြကို ထိခိုက္ေစျခင္းမရွိဘဲမိခင္ျဖစ္သူရဲ႕ ေဒၚဥမၼာလႈိင္ရဲ႕ ေျပာဆိုမႈေတြကသာ ကေလးေတြအေပၚ ထိခိုက္နစ္နာေစတယ္လို႔ တရားဆြဲခံရသူရဲ႕ ေရွ႕ေနက သုံးသပ္ေျပာပါတယ္။

ဗစ္တိုးရီးယားအမႈကို လိုက္ပါေဆာင္႐ြက္ေနတဲ့ ေရွ႕ေနေတြအေနနဲ႔ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာဆိုခဲ့တဲ့ ကိစၥေတြဟာ သားျဖစ္သူေတြအေပၚ ပုဂၢိဳလ္ေရး ထိခိုက္မႈေတြ ျဖစ္ေပၚေစတယ္ဆိုတဲ့အခ်က္နဲ႔ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉးျဖစ္သူ ေဒၚဥမၼာလႈိင္က တရားဆြဲဆိုထားတဲ့ အမႈအတြက္ ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ ပုဗၺသီရီ ၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

မေန႔က ႐ုံးခ်ိန္းမွာေတာ့ တရားလိုျဖစ္သူ ေဒၚဥမၼာလႈိင္ကို စစ္ေမးခဲ့တာျဖစ္ၿပီး တရားဆြဲဆို ခံရတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္က အဓိက စစ္ေမးခဲ့ပါတယ္။

႐ုံးခ်ိန္းစစ္ေဆးမႈအၿပီးမွာေတာ့ တရား႐ုံးစစ္ေဆးမႈအေပၚ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံခ်ိန္ မွာ ေဒၚစုဒါလီေအာင္ရဲ႕ေရွ႕ေန ဦးခင္ေမာင္ေဇာ္က မိမိတို႔ေရွ႕ေနေတြအေနနဲ႔ ေဒၚဥမၼာလႈိင္ သားျဖစ္သူေတြရဲ႕ နာမည္ေတြကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိသလို တရား႐ုံး စစ္ေဆးခ်က္အတိုင္းသာ ေျပာဆိုခဲ့ျခင္းျဖစ္တဲ့အတြက္ မိမိတို႔ရဲ႕ ေျပာဆိုမႈေတြေၾကာင့္ ကေလးေတြအေပၚ ထိခိုက္မႈ မျဖစ္ေစဘဲ အခုလို အမႈဖြင့္ တရားဆြဲဆိုခဲ့တဲ့ မိခင္ျဖစ္သူ ေဒၚဥမၼာလႈိင္ရဲ႕ ေျပာဆိုမႈေတြေၾကာင့္သာ ကေလးငယ္ေတြအေပၚ ထိခိုက္ေစတာျဖစ္တယ္လို႔ ဆိုပါတယ္။

“အမႈအတြင္းမွာ ေျပာဆိုခဲ့တဲ့ စကားလုံးအသုံးအႏႈန္း နာမည္တခုကိုေျပာတယ္။ အဲဒီ နာမည္နဲ႔ ဒီနာမည္ပိုင္ရွင္ကေတာ့ ဘယ္သူေတြပါဆိုၿပီး ကေလးေတြနဲ႔ ကပ္ျပတာမဟုတ္ဘူး။ အဲဒီေတာ့ ဒီအမႈမွာ နစ္နာရင္ ဒီအမႈႀကီး ေပၚလာတဲ့အတြက္ေၾကာင့္ ေဒၚဥမၼာလႈိင္က ႐ုံးေရွ႕မွာ ေျပာသြားၿပီးေတာ့ အဲဒီ႐ုံးေရွ႕ ထြက္ခ်က္ေတြကို က်ေနာ္တို႔ အျပင္မွာ က်ေနာ္တို႔ မေျပာလည္း သြားနားေထာင္ၾကတဲ့ မီဒီယာေတြအကုန္လုံး ၾကားသြားတဲ့အတြက္ ဒီကေလးေတြက ျဖစ္ရင္။ က်ေနာ္တို႔ဆို အလြန္ဆုံး က်ေနာ္ဘာေျပာလဲဆိုေတာ့ ေ႐ႊဖ်င္းႀကီး၊ ေ႐ႊဖ်င္းေလးလို႔ က်ေနာ္ ေျပာ တယ္။ ဒါပဲ။ အမႈမွာေပၚေပါက္တဲ့ နာမည္ကလြဲရင္ က်န္တဲ့နာမည္တပ္တာ။ က်ေနာ္က ဒါလည္းပဲ ကေလးေတြအစရွိသျဖင့္ အကုန္ငဲ့ညႇာတဲ့အတြက္ ဗစ္တိုးရီးယားေလးကို အကာအကြယ္ေပး ထားတယ္လို႔ က်ေနာ္ေျပာတယ္။ အခုက်ေတာ့ အဲဒါကို ဒါကေတာ့ျဖင့္ ဘယ္သူပါ။ ဘယ္ေက်ာင္းမွာ တက္ပါတယ္ဆိုတာက က်ေနာ္တို႔ မေျပာဘူး။ ေဒၚဥမၼာလႈိင္ေျပာၿပီးေတာ့ သူ႔အေမက သူ႔ဖာသာ ေျပာၿပီးေတာ့ နစ္နာတယ္ဆိုလည္း အဲဒါက နစ္နာမွာေပါ့”လို႔ တရားဆြဲဆိုခံရတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က သုံးသက္ေျပာဆို ပါတယ္။

ဒီကေန႔ စစ္ေဆးခဲ့တဲ့ တရားခြင္ စစ္ေဆးမႈအေပၚမွာေတာ့ တရားလိုျဖစ္သူ ေဒၚဥမၼာလႈိင္ကို အဓိက စစ္ေမးခဲ့တဲ့ တရားဆြဲခံထားရသူ ေရွ႕ေနေဒၚစုဒါလီေအာင္ကေတာ့ ျပ႒ာန္းထားတဲ့ ဥပေဒနဲ႔အညီ စစ္ေဆးခဲ့ရတဲ့အတြက္ အားရေက်နပ္မႈရွိတဲ့အျပင္ အမႈအေပၚမွာလည္း ယုံၾကည္မႈ ရွိတယ္လို႔ ဆိုပါတယ္။

“ေက်နပ္တယ္ရွင့္။ က်မတို႔က ျပ႒ာန္းဥပေဒနဲ႔အညီ စစ္သြားတာျဖစ္တဲ့အတြက္ က်မအမႈကို က်မ အရမ္းယုံတယ္။ အားရတယ္။ ေက်နပ္တယ္ရွင့္”လို႔ ေဒၚစုဒါလီေအာင္က သူမရင္ဆိုင္ေနရတဲ့ အမႈအေျခအေန အေပၚ မွတ္ခ်က္ျပဳေျပာဆိုခဲ့တာပါ။

တရားလိုေရွ႕ေနျဖစ္သူ ဦးေအာင္ရဲစိုးကေတာ့ “တရားလိုကို စၿပီးစစ္တယ္။ တရားလိုကလည္း သူ႔မွာ တာဝန္ရွိတဲ့အတိုင္း သူ႔စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ထြက္ဆိုတယ္။ တင္ျပတယ္။ ၿပီးတဲ့အခ်ိန္မွာ စြပ္စြဲခံရတဲ့ သူေတြဘက္ကလည္း သူ႔ရဲ႕ အျပစ္ကင္းစင္မႈကို သက္ေသျပႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ဥပေဒအရ သူေမးသင့္ ေမးထိုက္တယ္လို႔ သူ႔ဖက္က ယူဆရတဲ့အရာေတြကို ေမးတယ္။ သူ႔အတြက္ အျပစ္ကင္းစင္မႈ ျပသႏိုင္မယ္ထင္တဲ့ ယူဆရတဲ့ သက္ေသခံစာ႐ြက္စာတမ္းေတြ တင္တယ္။ ဒါပါပဲ”လို႔ တရား႐ုံး စစ္ေဆးမႈအေျခအေနကို ရွင္းျပခဲ့ပါတယ္။

အမႈနဲ႔ပတ္သက္ၿပီး အဓိက တရားဆြဲဆိုခဲ့သူ ေဒၚဥမၼာလႈိင္ကိုေတာ့ အမႈစစ္ေဆးမႈနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာေတြက ေမးျမန္းခဲ့ေပမယ့္ တစုံတရာ ေျဖဆိုခဲ့ျခင္းမရွိခဲ့ပါဘူး။

Credit :DVB

Unicode ဖြင့်ဖတ်ရန်

ဒေါ်ဥမ္မာလှိုင်၏ ပြောဆိုမှုကသာ ကလေးများအပေါ် ထိခိုက်နစ်နာစေဟု ရှေ့နေပြော

ရှေ့နေတွေရဲ့ ပြောဆိုမှုက ကလေးတွေကို ထိခိုက်စေခြင်းမရှိဘဲမိခင်ဖြစ်သူရဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ ပြောဆိုမှုတွေကသာ ကလေးတွေအပေါ် ထိခိုက်နစ်နာစေတယ်လို့ တရားဆွဲခံရသူရဲ့ ရှေ့နေက သုံးသပ်ပြောပါတယ်။

ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေအနေနဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့ ကိစ္စတွေဟာ သားဖြစ်သူတွေအပေါ် ပုဂ္ဂိုလ်ရေး ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်ဆိုတဲ့အချက်နဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်က တရားဆွဲဆိုထားတဲ့ အမှုအတွက် အောက်တိုဘာ ၂၁ ရက်နေ့မှာ ပုဗ္ဗသီရီ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မနေ့က ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်ကို စစ်မေးခဲ့တာဖြစ်ပြီး တရားဆွဲဆို ခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က အဓိက စစ်မေးခဲ့ပါတယ်။

ရုံးချိန်းစစ်ဆေးမှုအပြီးမှာတော့ တရားရုံးစစ်ဆေးမှုအပေါ် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် မှာ ဒေါ်စုဒါလီအောင်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က မိမိတို့ရှေ့နေတွေအနေနဲ့ ဒေါ်ဥမ္မာလှိုင် သားဖြစ်သူတွေရဲ့ နာမည်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိသလို တရားရုံး စစ်ဆေးချက်အတိုင်းသာ ပြောဆိုခဲ့ခြင်းဖြစ်တဲ့အတွက် မိမိတို့ရဲ့ ပြောဆိုမှုတွေကြောင့် ကလေးတွေအပေါ် ထိခိုက်မှု မဖြစ်စေဘဲ အခုလို အမှုဖွင့် တရားဆွဲဆိုခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်ရဲ့ ပြောဆိုမှုတွေကြောင့်သာ ကလေးငယ်တွေအပေါ် ထိခိုက်စေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အမှုအတွင်းမှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်း နာမည်တခုကိုပြောတယ်။ အဲဒီ နာမည်နဲ့ ဒီနာမည်ပိုင်ရှင်ကတော့ ဘယ်သူတွေပါဆိုပြီး ကလေးတွေနဲ့ ကပ်ပြတာမဟုတ်ဘူး။ အဲဒီတော့ ဒီအမှုမှာ နစ်နာရင် ဒီအမှုကြီး ပေါ်လာတဲ့အတွက်ကြောင့် ဒေါ်ဥမ္မာလှိုင်က ရုံးရှေ့မှာ ပြောသွားပြီးတော့ အဲဒီရုံးရှေ့ ထွက်ချက်တွေကို ကျနော်တို့ အပြင်မှာ ကျနော်တို့ မပြောလည်း သွားနားထောင်ကြတဲ့ မီဒီယာတွေအကုန်လုံး ကြားသွားတဲ့အတွက် ဒီကလေးတွေက ဖြစ်ရင်။ ကျနော်တို့ဆို အလွန်ဆုံး ကျနော်ဘာပြောလဲဆိုတော့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးလို့ ကျနော် ပြော တယ်။ ဒါပဲ။ အမှုမှာပေါ်ပေါက်တဲ့ နာမည်ကလွဲရင် ကျန်တဲ့နာမည်တပ်တာ။ ကျနော်က ဒါလည်းပဲ ကလေးတွေအစရှိသဖြင့် အကုန်ငဲ့ညှာတဲ့အတွက် ဗစ်တိုးရီးယားလေးကို အကာအကွယ်ပေး ထားတယ်လို့ ကျနော်ပြောတယ်။ အခုကျတော့ အဲဒါကို ဒါကတော့ဖြင့် ဘယ်သူပါ။ ဘယ်ကျောင်းမှာ တက်ပါတယ်ဆိုတာက ကျနော်တို့ မပြောဘူး။ ဒေါ်ဥမ္မာလှိုင်ပြောပြီးတော့ သူ့အမေက သူ့ဖာသာ ပြောပြီးတော့ နစ်နာတယ်ဆိုလည်း အဲဒါက နစ်နာမှာပေါ့”လို့ တရားဆွဲဆိုခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က သုံးသက်ပြောဆို ပါတယ်။

ဒီကနေ့ စစ်ဆေးခဲ့တဲ့ တရားခွင် စစ်ဆေးမှုအပေါ်မှာတော့ တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်ကို အဓိက စစ်မေးခဲ့တဲ့ တရားဆွဲခံထားရသူ ရှေ့နေဒေါ်စုဒါလီအောင်ကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေးခဲ့ရတဲ့အတွက် အားရကျေနပ်မှုရှိတဲ့အပြင် အမှုအပေါ်မှာလည်း ယုံကြည်မှု ရှိတယ်လို့ ဆိုပါတယ်။

“ကျေနပ်တယ်ရှင့်။ ကျမတို့က ပြဋ္ဌာန်းဥပဒေနဲ့အညီ စစ်သွားတာဖြစ်တဲ့အတွက် ကျမအမှုကို ကျမ အရမ်းယုံတယ်။ အားရတယ်။ ကျေနပ်တယ်ရှင့်”လို့ ဒေါ်စုဒါလီအောင်က သူမရင်ဆိုင်နေရတဲ့ အမှုအခြေအနေ အပေါ် မှတ်ချက်ပြုပြောဆိုခဲ့တာပါ။

တရားလိုရှေ့နေဖြစ်သူ ဦးအောင်ရဲစိုးကတော့ “တရားလိုကို စပြီးစစ်တယ်။ တရားလိုကလည်း သူ့မှာ တာဝန်ရှိတဲ့အတိုင်း သူ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ ထွက်ဆိုတယ်။ တင်ပြတယ်။ ပြီးတဲ့အချိန်မှာ စွပ်စွဲခံရတဲ့ သူတွေဘက်ကလည်း သူ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေအရ သူမေးသင့် မေးထိုက်တယ်လို့ သူ့ဖက်က ယူဆရတဲ့အရာတွေကို မေးတယ်။ သူ့အတွက် အပြစ်ကင်းစင်မှု ပြသနိုင်မယ်ထင်တဲ့ ယူဆရတဲ့ သက်သေခံစာရွက်စာတမ်းတွေ တင်တယ်။ ဒါပါပဲ”လို့ တရားရုံး စစ်ဆေးမှုအခြေအနေကို ရှင်းပြခဲ့ပါတယ်။

အမှုနဲ့ပတ်သက်ပြီး အဓိက တရားဆွဲဆိုခဲ့သူ ဒေါ်ဥမ္မာလှိုင်ကိုတော့ အမှုစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းခဲ့ပေမယ့် တစုံတရာ ဖြေဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

Credit :DVB

LEAVE A REPLY