Zawgyi ျဖင့္ဖတ္ရန္

 

၂၀၁၉ ခုႏွစ္ ေမလအတြင္း ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းမွာ ျဖစ္ပြားခဲ့တဲ့ သက္ငယ္လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈနဲ႔ပတ္သတ္ၿပီး ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ စစ္ေဆးလ်က္ရွိပါတယ္။ ကနဦး အရ တရားခံဟာ ကားေမာင္းသမား ေအာင္ႀကီးအျဖစ္ ေဖာ္ထုတ္ထားတဲ့ အမႈလည္း ျဖစ္ပါတယ္။ အမႈအသြားအလာအရ ကြဲလြဲခ်က္မ်ားရွိခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ျပန္လည္ စစ္ေဆးလ်က္ရွိပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၇ ရက္ေန႔မွာေတာ့ Wisdom Hill မူႀကိဳေက်ာင္းမွ ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ဟာ ဗစ္တိုးရီးယား ဖခင္အပါအဝင္ အမႈနဲ႔ ဆက္စပ္သူ ၆ ဦးကို ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ပုဒ္မ ၁၀၁(က)(၂)နဲ႔ ပတၱာရဲစခန္းမွာ ျပန္လည္အမႈဖြင့္ထားခဲ့ပါတယ္။ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ “ကိုကို၊ ညီညီ” ဟူေသာ ဓာတ္ပုံနဲ႔ စြပ္စြဲေျပာဆိုမႈဟာ ေဒၚဥမၼာလႈိင္ရဲ႕ သား ႏွစ္ဦးကို ထိခိုက္ေစၿပီး ဂုဏ္သိကၡာက်ဆင္းျခင္း၊ စိတ္ပိုင္း ထိခိုက္ခံစားျခင္း၊ ပတ္ဝန္းက်င္တြင္ အရွက္ရေစျခင္းမ်ား ျဖစ္ေစတာေၾကာင့္လို႔ သူမ က ဆိုပါတယ္။ ယင္းအျပင္ တရားခံအျဖစ္ စြပ္စြဲခံထားရသည့္ ေအာင္ႀကီးေရွ႕ေန ေဒၚစုဒါလီေအာင္ကိုလည္း ၾသဂုတ္လ ၃၁ ရက္ေန႔က အမႈဖြင့္ထားခဲ့ပါေသးတယ္။

 

ေနျပည္ေတာ္ရွိ ပုပၸသီရိၿမိဳ႕နယ္တရား႐ုံးမွာ တရားခံေအာင္ႀကီး၏ ေရွ႕ေန ေဒၚစုဒါလီေအာင္ အေပၚစြဲဆိုခဲ့တဲ့ အမႈနဲ႔ပတ္သတ္ၿပီး ႐ုံးခ်ိန္းျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ႐ုံးခ်ိန္းမွာ ေဒၚဥမၼာလႈိင္က သူမရဲ႕ သားေတြနဲ႔ပတ္သတ္ၿပီး အမွန္တရားအတြက္ တရား႐ုံးမွာ အကုန္ခ်ျပသြားမွာလို႔ ဆိုပါတယ္။ တရား႐ုံးရဲ႕အေျဖကိုသာေစာင့္ၾကည့္ဖို႔ ေျပာခဲ့ပါေသးတယ္။ အဆိုပါအမႈနဲ႔ပတ္သတ္ၿပီး တရားခံ ေအာင္ႀကီးဟာ က်ဴးလြန္ခဲ့သလား မက်ဴးလြန္ခဲ့ဘူးလားဆိုတာ တရား႐ုံးက အေျဖထုတ္လိမ့္မယ္လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

လာမယ့္ ေအာက္တိုဘာလ ၂၁ ရက္ေန႔ မွာေတာ့ တရားလိုျဖစ္တဲ့ ေဒၚဥမၼာလႈိင္ကို ပထမဆုံးအေနနဲ႔ စတင္စစ္ေဆးသြားမွာ ျဖစ္တယ္။ အဆိုပါအမႈဟာ အမ်ားျပည္သူ စိတ္ဝင္စားတဲ့အမႈျဖစ္သလို၊ စတင္စစ္ေဆးခ်ိန္ကတည္းက ကြဲလြဲမႈေတြေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားကလည္း ေက်နပ္မႈမရွိဘူးလို႔ သိရပါတယ္။ သမၼတ႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူကလည္း အဆိုပါအမႈမွာ ကြဲလြဲမႈေတြရွိရင္ တာဝန္ခံရမယ္လို႔လည္း သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

share from : /burmese.asia

Unicode ဖြင့်ဖတ်ရန်

အမှားအမှန်ကို တရားရုံးမှာစောင့်ကြည့်ကြပါလို့ ပြောလိုက်တဲ့ Wisdom Hill ကြီးကြပ်ရေးမှုးဒေါ်ဥမ္မာလှိုင်

၂၀၁၉ ခုနှစ် မေလအတွင်း နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ပတ်သတ်ပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးလျက်ရှိပါတယ်။ ကနဦး အရ တရားခံဟာ ကားမောင်းသမား အောင်ကြီးအဖြစ် ဖော်ထုတ်ထားတဲ့ အမှုလည်း ဖြစ်ပါတယ်။ အမှုအသွားအလာအရ ကွဲလွဲချက်များရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြန်လည် စစ်ဆေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ Wisdom Hill မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ဟာ ဗစ်တိုးရီးယား ဖခင်အပါအဝင် အမှုနဲ့ ဆက်စပ်သူ ၆ ဦးကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပုဒ်မ ၁၀၁(က)(၂)နဲ့ ပတ္တာရဲစခန်းမှာ ပြန်လည်အမှုဖွင့်ထားခဲ့ပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ “ကိုကို၊ ညီညီ” ဟူသော ဓာတ်ပုံနဲ့ စွပ်စွဲပြောဆိုမှုဟာ ဒေါ်ဥမ္မာလှိုင်ရဲ့ သား နှစ်ဦးကို ထိခိုက်စေပြီး ဂုဏ်သိက္ခာကျဆင်းခြင်း၊ စိတ်ပိုင်း ထိခိုက်ခံစားခြင်း၊ ပတ်ဝန်းကျင်တွင် အရှက်ရစေခြင်းများ ဖြစ်စေတာကြောင့်လို့ သူမ က ဆိုပါတယ်။ ယင်းအပြင် တရားခံအဖြစ် စွပ်စွဲခံထားရသည့် အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကိုလည်း သြဂုတ်လ ၃၁ ရက်နေ့က အမှုဖွင့်ထားခဲ့ပါသေးတယ်။

နေပြည်တော်ရှိ ပုပ္ပသီရိမြို့နယ်တရားရုံးမှာ တရားခံအောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင် အပေါ်စွဲဆိုခဲ့တဲ့ အမှုနဲ့ပတ်သတ်ပြီး ရုံးချိန်းပြုလုပ်ခဲ့ပါတယ်။ အဆိုပါရုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်က သူမရဲ့ သားတွေနဲ့ပတ်သတ်ပြီး အမှန်တရားအတွက် တရားရုံးမှာ အကုန်ချပြသွားမှာလို့ ဆိုပါတယ်။ တရားရုံးရဲ့အဖြေကိုသာစောင့်ကြည့်ဖို့ ပြောခဲ့ပါသေးတယ်။ အဆိုပါအမှုနဲ့ပတ်သတ်ပြီး တရားခံ အောင်ကြီးဟာ ကျူးလွန်ခဲ့သလား မကျူးလွန်ခဲ့ဘူးလားဆိုတာ တရားရုံးက အဖြေထုတ်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ မှာတော့ တရားလိုဖြစ်တဲ့ ဒေါ်ဥမ္မာလှိုင်ကို ပထမဆုံးအနေနဲ့ စတင်စစ်ဆေးသွားမှာ ဖြစ်တယ်။ အဆိုပါအမှုဟာ အများပြည်သူ စိတ်ဝင်စားတဲ့အမှုဖြစ်သလို၊ စတင်စစ်ဆေးချိန်ကတည်းက ကွဲလွဲမှုတွေကြောင့် လူတော်တော်များများကလည်း ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူကလည်း အဆိုပါအမှုမှာ ကွဲလွဲမှုတွေရှိရင် တာဝန်ခံရမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

share from : /burmese.asia

LEAVE A REPLY